Knowledge

သူများတွေကို လုံးဝ ထုတ်ဖော်မ ပွောသင့်တဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စ(၅)ခု

ပွင့်လင်းတဲ့ သူတိုင်းက ခင်မင်စရာကောင်းတယ်ဆိုတာ မှန်ကန်ပါတယ်။ ဒါပေမယ့် လူတစ်ယောက်ဟာ ဘယ်လောက်ပဲ ပွင့်လင်းပါစေ ကိုယ့်ဆီမှာ ကိုယ်တစ်ယောက်တည်းပဲ သိထားသင့်တဲ့ အရာတွေဆိုတာလည်း ရှိတတ်ပါတယ်နော်။ တစ်ချို့အကြောင်းအရာတွေကို လွယ်လွယ်ပြောမိတဲ့အခါ တစ်ဖက်လူအတွက် အသုံးချသွားနိုင်တဲ့ ပျော့ကွက်တွေ ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် သူများတွေကို ထုတ်မပြောသင့်တဲ့ အရာတှေက ဒါတွေပါနော်။

ကိုယ့်ရဲ့ အစီအစဉ်တွေ

ကိုယ်ရှေ့ဆက်ပြီး ဘာတွေလုပ်မယ်၊ ကိုယ့်ရဲ့ plan က ဘယ်လိုရှိတယ် စသဖြင့် ဒါတွေကို တစ်ခြားသူတွေဆီမှာ မပွောသင့်ပါဘူးနော်။ ကိုယ့်မှာ ဘယ်လောက်ပဲ ကောင်းမွန်တဲ့ အစီအစဉ်တွေရှိနေပါစေ ကိုယ်ဘာလုပ်မယ်ဆိုတာကို မပွောပဲ ကိုယ်ဘယ်လိုလုပ်ဆောင်နိုင်တယ်ဆိုတဲ့ ရလဒ်ကိုသာ ပွသင့်ပါတယ်။ နောက်ပြီး ကိုယ့်အစီအစဉ်ကောင်းတွေကို သူများကို ပြောလိုက်တဲ့အခါ ကိုယ်အကောင်အထည် မဖော်ရသေးခင် သူများ ယူသွားတာမျိုး ဖြစ်သွားတတ်လို့ ကိုယ့်ရဲ့အစီအစဉ်တွေကို အမွဲတမ်း လျို့ဝှက်ထားသင့်ပါတယ်။

တစ်ခြားသူစိမ်းတွေဆီကို ကိုယ့်အချစ်ရေးမှာ ဘာတွေဘယ်လို ဖြစ်နေတယ်၊ ဘယ်လိုပြသနာတှေ ဖြစ်နေတယ်ဆိုပြီး တစ်ခုမကျန် အကုန်ပြောတာမျိုး မလုပ်သင့်ပါဘူး။ ကိုယ်ကတော့ ရိုးရိုးသားသား အကုန် ပွောလိုက်ပေမယ့် ကွယ်ရာမှာ ကိုယ့်အကြောင်းကို လှောင်ရယ်နေတာမျိုး၊ အတင်းပြောတာမျိုး လုပ်နေတတ်ပါတယ်။ အချစ်ရေးမွှာပသနာတွေဖြစ်နေရင်တောင် သူများတွေကိုတော့ ခပြွတာမျိုး မလုပ်သင့်ပါဘူးနော်။

သင့်ရဲ့ ဝင်ငွေ

ကိုယ် တစ်လမှာ ဝင်ငွေဘယ်လောက်ရှိတယ်၊ ဘယ်လောက်ရတယ်ဆိုတာမျိုးကို အမေးခံရတာပွဲဖစ်ဖြစ်၊ ကြွားလုံးထုတ်ပြီးပြောချင်တာပဲ ဖြစ်ဖြစ် လုံးဝမပြောသင့်ပါဘူး။ အနောက်နိုင်ငံမှာဆိုရင် လူတစ်ယောက်ရဲ့ လစာကို မေးမြန်းတာက အတော်လေးရိုင်းတဲ့ အပွုအမူပဲ ဖြစ်ပါတယ်။ ကိုယ်ကလည်း ဘယ်လောက်ပဲ ရင်းနှီးပါစေ လူတစ်ယောက်ရဲ့ ဝင်ငွေကို စပ်စုတာမျိုး မလုပ်သင့်ပါဘူးနော်။ ဒါက ယဉ်ကျေးမှုတစ်ခုအနေနဲ့ ထိန်းသိမ်းသင့်တဲ့ ကျင့်ဝတ်ပဲ ဖြစ်ပါတယ်။

ကိုယ့်ရဲ့အစီအစဥ်

ဆိုလိုချင်တာက ကိုယ့်ရဲ့နောက်လုပ်ဆောင်မယ့် အစီအစဉ်မျိုးပါ ဥပမာ – ကိုယ်နောက်နှစ်မှာ လုပ်ငန်းအသစ်တစ်ခု စမယ်၊ အိမ်ဝယ်ဖို့ ပိုက်ဆံစုနေတယ်၊ နောက်လမှာ အလုပ်ထွက်မယ် စသည့်ဖြင့် ကိုယ်နောက်ထပ် နောက်ထပ် လုပ်မယ့် အစီအစဉ်၊ နောက်ထပ်လှမ်းမယ့် ခြေလှမ်းကို သူများတွေဆီမှာ ထုတ်ဖော်မပြောသင့်ပါဘူး။

မိသားစု ပွသနာ
ကိုယ့်ရဲ့ မိသားစုပြသနာမျိုးကိုလည်း သူများသူစိမ်းတွေဆီမှာ သွားပြောတာမျိုး မလုပ်သင့်ပါဘူးနော်။ ကိုယ့်ရဲ့ အိမ်တွင်းရေး ဘယ်လိုပဲရှိရှိ သူများကို ထုတ်ပြောမိတဲ့အခါ သူစိမ်းတွေဝင်လာပြီး ကိုယ့်မိသားစု ပြသနာပိုကြီးသွားတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ မိသားစုမှာ ဖြစ်ပျက်နေတဲ့ ပွသနာတွေကို တစ်ခြားသူတှေဆီ မပြောသင့်ပါဘူး။

Khin
Unicode

သူများတွေကို လုံးဝ ထုတ်ဖော်မပြောသင့်တဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စ(၅)ခု