Knowledge

အနီးဆုံးသူ၏တန္ဖိုး

တစ္ခါက နယ္စားမင္းတစ္ဦးဆီမွာ ေမာင္နီဆိုတဲ့ လုလင္တစ္ေယာက္ဟာ ႏွစ္ေပါင္းမ်ားစြာ

အမႈထမ္း ခစားေနခဲ့ပါတယ္။ ႏွစ္ရွည္လမ်ားစြာ အမႈထမ္း ခစားေနေပမဲ့ ေမာင္နီဟာ

မထင္မရွား ရာထူးကေလးမွာပဲ တာ၀န္ ထမ္းေဆာင္ ေနရတာေၾကာင့္ စိတ္ပ်က္ေနခဲ့မိတာေပါ့..

ဒါေၾကာင့္ ေမာင္နီဟာသူ႔သခင္ နယ္စားမင္းႀကီးအား ေလွ်ာက္တင္လိုက္ပါတယ္ “ အရွင္နယ္စားမင္းႀကီး

ကြၽန္ေတာ္မ်ိဳးေတာ့ ေတာငန္းျဖဴႀကီးေတြလို ဟိုးအေဝးဆီ ျပန္ေတာ့မယ္ ခင္ဗ်ာ” နယ္စားမင္းကလည္း

“ေဟ့…ဘာျဖစ္လို႔လည္းကြ၊ ရွင္းရွင္းလင္းလင္း ဆိုစမ္းပါအုန္း” လို႔ေမးပါေတာ့တယ္ “ နယ္စားမင္းႀကီး

ခင္ဗ်ာ.. ၿခံထဲက ၾကက္ဖကို ျမင္တယ္မဟုတ္လား” လို႔ ေမာင္နီကဆိုပါတယ္.. “ သူ႔ေခါင္းမွာ ေဆာင္းထားတဲ့

အေမာက္ဟာ ယဥ္ေက်းမႈကို ျပတဲ့ အမွတ္သေကၤတ တစ္ခု ျဖစ္ပါတယ္။ သူ႔ေျခေထာက္က

မာေၾကာတဲ့ ေျခသည္းနဲ႔ ခြၽန္ထက္တဲ့ အတက္ေတြဟာ သူရဲ႕ ခြန္အားေတြကို ျပသေနပါတယ္။

ဘယ္ရန္သူမဆို ခြတ္ဖို႔ ၀န္မေလးျခင္းက သူ႔ရဲ႕ ရဲဝံ့မႈကို ျပေနပါတယ္။ အစာရွာေတြ႕တဲ့ အခါတိုင္း

အျခားတစ္ပါး ၾကက္ေတြကို တကြပ္ကြပ္နဲ႔ ေခၚေကြၽးတတ္ျခင္းဟာလည္း သူရဲ႕ ရက္ေရာ

သေဘာေကာင္းမႈကို ထင္ဟပ္ ျပသေနပါတယ္။ ညဥ့္ဦးယံ ကေန မိုးေသာက္ယံထိ အခ်ိန္မွန္မွန္

တြန္က်ဴးတတ္ျခင္းကေတာ့ အမွန္ကိုသာ ဆိုတတ္တဲ့ သူ႔သေဘာကို ထင္ရွားေအာင္ ျပသလို ရွိေနပါတယ္။

အဲဒီလို ဂုဏ္အရည္အေသြးေကာင္း ငါးရပ္နဲ႔ျပည္စုံပါလ်က္ ၾကက္ဖေတြဟာ အရွင္ နယ္စားမင္းႀကီးရဲ႕ ပြဲေတာ္

တည္ဖို႔အတြက္ ေနစဥ္နဲ႔အမွ် သတ္ျဖတ္ခံေနရတယ္။ ဘာေၾကာင့္ သူတို႔ကို တန္ဖိုးမထား အလြယ္တကူ

သတ္စားေနရသလဲ။ အေၾကာင္းအရင္းက လူနဲ႔လက္လွမ္းတမီမွာ ရွိေနတဲ့ အတြက္ေၾကာင့္ပဲ။ သူဟာ လူနဲ႔

နီးစပ္လြန္းတယ္ သူ႔ကို အၿမဲျမင္ေနရတယ္ ေတြ႕ေနရတယ္။ အဲဒီေတာ့ ႐ိုးသြားတယ္။ သူ႔တန္ဖိုးေတြ

ဘယ္လိုရွိတယ္ဆိုတာ မစဥ္းစားမိၾကေတာ့ဘူး။ ဟိုးအေဝးႀကီးက မိုင္ေထာင္ခ်ီေဝးတဲ့ အရပ္က

တစ္ခါတေလမွ နယ္ေျပာင္းပယ္ေျပာင္း ေရာက္လာတတ္တဲ့ ေတာငန္းျဖဴ ႀကီးေတြက်ေတာ့ ၾကက္ဖရဲ႕

ဂုဏ္အဂၤါနဲ႔ ျပည္စုံၾကတာမဟုတ္ေပမယ့္ ရွားပါတယ္၊ ေတြ႕ရခဲတယ္ ဆိုတာ တစ္ခုတည္းနဲ႔ နယ္စားႀကီးက

အင္မတန္ တန္ဖိုးထားတယ္။ ဥယ်ာဥ္ထဲ ေရကန္ထဲမွာ ငါးေတြစား လိပ္ေတြစား၊ ေကာက္ပင္ေတြ ကိုက္ျဖတ္နဲ႔

အမ်ိဳးမ်ိဳးဖ်က္ဆီးေပမယ့္ သူတို႔ကို လုံး၀ ပစ္ခတ္သတ္ျဖတ္ျခင္းမရွိ၊ ဒီအတိုင္း အလွၾကည့္ထားတယ္..

ဒါေၾကာင့္မို႔ ကြၽန္ေတ္ာမ်ိဳးလည္း ေတာငန္းျဖဴႀကီးမ်ားလို ေဝးရာဆီပဲ ပ်ံသန္းသြားေတာ့မယ္လို႔

ေလွ်ာက္တင္ေၾကာင္းပါနယ္စားမင္း ခင္ဗ်ာ” လို႔ ေလ်ာက္တင္လိုက္ပါတယ္… မွန္ပါတယ္…

ဒါေၾကာင့္ ပုံျပင္ထဲကလိုပဲ ကြၽန္ေတာ္တို႔တေတြဟာ တစ္ခါတေလမွာ ဆရာနဲ႔တပည့္၊ မိဘနဲ႔သားသမီး၊

အလုပ္ရွင္နဲ႔ အလုပ္သမား၊ စသည့္တို႔ၾကားမွာ “နီးလြန္းသည့္အခါ မျမင္ ေတြ႕ဖန္မ်ားေသာ အခါ

တန္ဖိုး မရွိ” ဆို႐ိုးစကားကဲ့သို႔ နီးနီးနားနားမွာရွိတဲ့ သူရဲ႕တန္ဖိုးကို ေမ့ေလ်ာ့ေနတတ္ၾကပါတယ္…

အနီးဆုံးသူရဲ႕တန္ဖိုးကိုျမင္တတ္ၾကပါေစ……

Creidt

Unicode

အနီးဆုံးသူ၏တန်ဖိုး

တစ်ခါက နယ်စားမင်းတစ်ဦးဆီမှာ မောင်နီဆိုတဲ့ လုလင်တစ်ယောက်ဟာ နှစ်ပေါင်းများစွာ

အမှုထမ်း ခစားနေခဲ့ပါတယ်။ နှစ်ရှည်လများစွာ အမှုထမ်း ခစားနေပေမဲ့ မောင်နီဟာ

မထင်မရှား ရာထူးကလေးမှာပဲ တာဝန် ထမ်းဆောင် နေရတာကြောင့် စိတ်ပျက်နေခဲ့မိတာပေါ့..

ဒါကြောင့် မောင်နီဟာသူ့သခင် နယ်စားမင်းကြီးအား လျှောက်တင်လိုက်ပါတယ် “ အရှင်နယ်စားမင်းကြီး

ကျွန်တော်မျိုးတော့ တောငန်းဖြူကြီးတွေလို ဟိုးအဝေးဆီ ပြန်တော့မယ် ခင်ဗျာ” နယ်စားမင်းကလည်း

“ဟေ့…ဘာဖြစ်လို့လည်းကွ၊ ရှင်းရှင်းလင်းလင်း ဆိုစမ်းပါအုန်း” လို့မေးပါတော့တယ် “ နယ်စားမင်းကြီး

ခင်ဗျာ.. ခြံထဲက ကြက်ဖကို မြင်တယ်မဟုတ်လား” လို့ မောင်နီကဆိုပါတယ်.. “ သူ့ခေါင်းမှာ ဆောင်းထားတဲ့

အမောက်ဟာ ယဉ်ကျေးမှုကို ပြတဲ့ အမှတ်သင်္ကေတ တစ်ခု ဖြစ်ပါတယ်။ သူ့ခြေထောက်က

မာကြောတဲ့ ခြေသည်းနဲ့ ချွန်ထက်တဲ့ အတက်တွေဟာ သူရဲ့ ခွန်အားတွေကို ပြသနေပါတယ်။

ဘယ်ရန်သူမဆို ခွတ်ဖို့ ဝန်မလေးခြင်းက သူ့ရဲ့ ရဲဝံ့မှုကို ပြနေပါတယ်။ အစာရှာတွေ့တဲ့ အခါတိုင်း

အခြားတစ်ပါး ကြက်တွေကို တကွပ်ကွပ်နဲ့ ခေါ်ကျွေးတတ်ခြင်းဟာလည်း သူရဲ့ ရက်ရော

သဘောကောင်းမှုကို ထင်ဟပ် ပြသနေပါတယ်။ ညဉ့်ဦးယံ ကနေ မိုးသောက်ယံထိ အချိန်မှန်မှန်

တွန်ကျူးတတ်ခြင်းကတော့ အမှန်ကိုသာ ဆိုတတ်တဲ့ သူ့သဘောကို ထင်ရှားအောင် ပြသလို ရှိနေပါတယ်။

အဲဒီလို ဂုဏ်အရည်အသွေးကောင်း ငါးရပ်နဲ့ပြည်စုံပါလျက် ကြက်ဖတွေဟာ အရှင် နယ်စားမင်းကြီးရဲ့ ပွဲတော်

တည်ဖို့အတွက် နေစဉ်နဲ့အမျှ သတ်ဖြတ်ခံနေရတယ်။ ဘာကြောင့် သူတို့ကို တန်ဖိုးမထား အလွယ်တကူ

သတ်စားနေရသလဲ။ အကြောင်းအရင်းက လူနဲ့လက်လှမ်းတမီမှာ ရှိနေတဲ့ အတွက်ကြောင့်ပဲ။ သူဟာ လူနဲ့

နီးစပ်လွန်းတယ် သူ့ကို အမြဲမြင်နေရတယ် တွေ့နေရတယ်။ အဲဒီတော့ ရိုးသွားတယ်။ သူ့တန်ဖိုးတွေ

ဘယ်လိုရှိတယ်ဆိုတာ မစဉ်းစားမိကြတော့ဘူး။ ဟိုးအဝေးကြီးက မိုင်ထောင်ချီဝေးတဲ့ အရပ်က

တစ်ခါတလေမှ နယ်ပြောင်းပယ်ပြောင်း ရောက်လာတတ်တဲ့ တောငန်းဖြူ ကြီးတွေကျတော့ ကြက်ဖရဲ့

ဂုဏ်အင်္ဂါနဲ့ ပြည်စုံကြတာမဟုတ်ပေမယ့် ရှားပါတယ်၊ တွေ့ရခဲတယ် ဆိုတာ တစ်ခုတည်းနဲ့ နယ်စားကြီးက

အင်မတန် တန်ဖိုးထားတယ်။ ဥယျာဉ်ထဲ ရေကန်ထဲမှာ ငါးတွေစား လိပ်တွေစား၊ ကောက်ပင်တွေ ကိုက်ဖြတ်နဲ့

အမျိုးမျိုးဖျက်ဆီးပေမယ့် သူတို့ကို လုံး၀ ပစ်ခတ်သတ်ဖြတ်ခြင်းမရှိ၊ ဒီအတိုင်း အလှကြည့်ထားတယ်..

ဒါကြောင့်မို့ ကျွန်တေ်ာမျိုးလည်း တောငန်းဖြူကြီးများလို ဝေးရာဆီပဲ ပျံသန်းသွားတော့မယ်လို့

လျှောက်တင်ကြောင်းပါနယ်စားမင်း ခင်ဗျာ” လို့ လျောက်တင်လိုက်ပါတယ်… မှန်ပါတယ်…

ဒါကြောင့် ပုံပြင်ထဲကလိုပဲ ကျွန်တော်တို့တတွေဟာ တစ်ခါတလေမှာ ဆရာနဲ့တပည့်၊ မိဘနဲ့သားသမီး၊

အလုပ်ရှင်နဲ့ အလုပ်သမား၊ စသည့်တို့ကြားမှာ “နီးလွန်းသည့်အခါ မမြင် တွေ့ဖန်များသော အခါ

တန်ဖိုး မရှိ” ဆိုရိုးစကားကဲ့သို့ နီးနီးနားနားမှာရှိတဲ့ သူရဲ့တန်ဖိုးကို မေ့လျော့နေတတ်ကြပါတယ်…

အနီးဆုံးသူရဲ့တန်ဖိုးကိုမြင်တတ်ကြပါစေ……

Creidt