Love

ကိုယ့်အပေါ် မကောင်းတာတွေ လုပ်လာတဲ့အခါ ၀ဋ်လည်ပါစေဆိုတဲ့ ကျိန်စာလဲ မတိုက်ဘူး

သူမကောင်းသလို ကိုယ်လွဲပန်လုပ်လိုက်မယ်ဆိုတဲ့ အာဃာတလဲ မရှိဘူး လက်စားချေရတာ မနှစ်သက်ဘူး ဒါပေမယ့် ၀ဋ်လည်တဲ့အခါ ပြုံးပြီးကြည့်နေရတာကိုတော့ သဘောကတြယ်

ငါ့ကို ဒီလိုလုပ်ရက်ပါလားဆိုတဲ့ ၀မ်းနည်းစိတ်ကလွဲရင် အမုန်းတရားဘာမှ မရှိပါဘူး ဒဏ်ရာတွေက ရင်ဘတ်ထဲ စွဲကျန်နေရုံပါ အငြိုးတွေ အာဃာတတွေ သိပ်ပြီးမထားတတ်ဘူး ကိုယ့်အပေါ်ကောင်းရင် ကိုယ်က ဆယ်ဆပြန်ကောင်းတယ် ကိုယ့်အပေါ်မကောင်းရင် မကောင်းပါလားဆိုတဲ့ အသိတစ်ခုက လွဲလို့ သူ့လို ပြန်လုပ်ရမှဆိုတဲ့ စိတ်တော့ မရှိဘူး ဒါပေမယ့် မကောင်းတဲ့ အကျင့်တစ်ခုတော့ ရှိတယ် သူဝဋ်လည်တဲ့အခါ ပြုံးပြီးထိုင်ကြည့်ရတာ သဘောကတြယ်

လူဆိုတာက ကိုယ့်ထိမှ နာတတ်တဲ့အမျိုးလေ တွခားသူအပေါ် လုပ်ချင်တာ လုပ်နေကြတာ သူ့တို့အတွက် ကသြူတို့သိကြတယ် နဲနဲလေးထိတာနဲ့ ဆတ်ဆတ် ထိ မခံ နာတတ်ကြတာမျိုးလေ တစ်ဖန် ပြန်ပြီး စာနာစေချင်ရုံပါ အများကြီး မမျော်လင့္ပါဘူး ငါ ဒီလိုလုပ်ခဲ့တုန်းကလဲ သူလဲ ငါ့လိုပဲ နာကျင်ရမှာပါပဲလားဆိုတဲ့ အသိ ငါဒီလိုပြောခဲ့မိတုန်းကလဲ သူလဲ ငါ့လိုပဲ ခံစားရမှာပါလားဆိုတဲ့ အသိ အဲ့အသိလေး ၀င်သွားစေရုံပါ အများကြီး မမျော္လင့္ဘူး

ဝဋ်လည်နေတာကို ထိုင်ကြည့်ပြီး သဘောကတြယ်ဆိုတာ ၀ဋ်လည်ပါစေတော့ဆိုတဲ့ ဆုတောင်း တောင်းခဲ့လို့မဟုတ်ဘူး ကိုယ်ချင်းစာတတ်ပါစေတော့ ဆိုတဲ့ စိတ်လေးတစ်ခုတည်းပါကိုယ့်အပေါ် မကောင်းတဲ့လူတွေအပေါ် အငြိုးတွေ မထားတတ်ဘူး ပင်ပန်းတယ် ပြန်ပြီးလက်စားမချေတတ်ဘူး သူမကောင်းလဲ ကိုယ်လဲ လိုက်မကောင်းရင် ကိုယ်လဲ သူ့နဲ့အတူတူဖြစ်သွားမှာလေ အဲ့တာကြောင့် ပြန်ပြီး မတုပဲနေလိုက်တာပါ
တစ်နေ့ လောကကြီးက ဒဏ်ပြန်ခတ်တဲ့အခါ ပြုံးပြီးထိုင်ကြည့်ချင်သေးတယ်။ ကိုယ်ငိုခဲ့တုန်းက ရယ်ခဲ့တဲ့ မျက်နှာတွေ ကိုယ့် အနာတွေကို ဆေးထည့်သလိုလိုနဲ့ ဆားဖြူးခဲ့တုန်းက ဟားတိုက်လှောင်ခဲ့တဲ့ မျက်နှာတွေ ခုချိန်ကော ပြုံးနေနိုင်မှာလား ဒါမှမဟုတ် နောင်တတွေ ရနေမှာလားဆိုတဲ့ မေးခွန်းနဲ့ ပြုံးပြီး ထိုင်ကြည့်နေချင်သေးတယ်
ဝဋ်ဆိုတာ တစ်ဖက် က သူတစ်ပါးကို မကောင်ွးကံလိုက်တာနဲ့ တစ်ဖကျကကိုယ့်အလှည့်ပြန်ရောက်လာတတ် တာကို မမေ့ပါနဲ့ ကိုယ့်ဘက် ကမတောတွေ စစ်မှန်ခဲ့ရင် သေချာပေါက် လောကကြီးက ဒဏ်ခတ်လိမ့်မယ် မမေ့နဲ့ ။

မိန်းမသားတို့အတွက်
သျှင်ယြန္း

Unicode