Health

ဆေးခါးကြီးပင်ကို ကိုဗစ်ကုသဆေးအဖြစ်သုံးဖို့ အတည်ပြုလိုက်တဲ့ ထိုင်းနိုင်ငံ

မင်္ဂလာပါ စာဖတ်ပရိတ်သတ်ကြီးရေ ဆေးခါးကြီးပင် Andrographis Paniculat ( green chiretta) ကထုတ်တဲ့ တိုင်းရင်းဆေးကို ကိုဗစ်ကုသဆေးအဖြစ် အသုံးပြုဖို့ ထိုင်းကျန်းမာရေးဝန်ကြီးဌာနက ဒီဇင်ဘာလ(၃၀) ရက်နေ့မှာ အတည်ပြုလိုက်ပါတယ်။

ဒီဆေးဟာ လူအများစုက Green Chiretta လို့သိထားတဲ့ ဆေးဘက်ဝင် ငရုတ်ခါး(ခေါ်) ဆေးခါးကြီးအပင်ကနေ ထုတ်လုပ်ထားတာဖြစ်ပြီး ကိုဗစ်ရောဂါကူးစက်ခံရတာတွေကို သက်သာစေတဲ့အတွက် ကုသဆေးအဖြစ် အတည်ပြုလိုက်တာဖြစ်ပါတယ်။ ဒီလိုအသုံးပြုခွင့် ပေးလိုက်တာဟာ

ကိုဗစ်ရောဂါပြင်းထန်မှုကို သက်သာစေဖို့နဲ့ ကုသစရိတ်သက်သာစေဖို့အတွက် ရည်ရွယ်ပြီး ကနဦးကုသမှုကို အစိုးရဆေးရုံငါးခုမှာ စတင်အသုံးပြုမယ်သွားမယ်လို့ဆိုပါတယ်။ အဲဒီတိုင်းရင်းဆေးကိုအသက် (၁၈) နှစ်နဲ့ (၆၀) ကြားကလုပ်အားပေးတွေအတွက် စမ်းသပ်အသုံးပြုစေခဲ့ရာမှာ

ထိရောက်မှုရှိတဲ့အတွက် အသုံးပြုခွင့်ပေးလိုက်တာ ဖြစ်ပါတယ်။ စမ်းသပ်မှုတွေအရ ရောဂါပိုးတွေ့ပြီး (၇၂) နာရီအတွင်း အဲဒီဆေးကိုသုံးရင် ဘေးထွက်ဆိုးကျိုးမရှိဘဲ သုံးရက်အတွင်းသိသိသာသာ သက်သာစေတယ်လို့လည်း သိရပါတယ်။ ဒီဆေးထုတ်တဲ့အပင်ကို ထိုင်းနိုင်ငံမှာ Fah Talai Jone လို့ခေါ်ကြပြီး

ကိုဗစ်ရောဂါကို ထိန်းချုပ်နိုင်ပြီး ရောဂါပြင်းပြင်းထန်ထန် ခံစားရတာကို သက်သာစေနိုင်တယ်လို့ဆိုပါတယ်။ အခုအချိန်မှာတော့ အဲဒီဆေးကို ထိုင်းနိုင်ငံ FDA မှာကိုဗစ်ကာကွယ်ဆေးအတွက် မှတ်ပုံတင်နိုင်ဖို့ အသင့်အနေအထားရှိနေပြီလို့ထုတ်ပြန်ခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာ ဒီဇင်ဘာလ (၃၁)ရက်နေ့က

ကိုဗစ်ထပ်တိုးလူနာ (၂၅၀)ရှိခဲ့ပြီး ကူးစက်ခံရသူပေါင်း (၇၀၀၀) ကျော်ရှိလာတာကြောင့် ကူးစက်မှုတွေ ထပ်တိုးလာမှာကို တားဆီးဖို့အတွက် လူတွေကို အိမ်ထဲမှာပဲနေကြဖို့၊ လူစုလူဝေးမလုပ်ကြဖို့ ထုတ်ပြန်ထားပါတယ်။Ref : Bloomberg
Unicode