ဘုရားရှင် လက်ထက်တော်အခါက “သုဘ” လုလင်သည် လူချင်းတူပါလျက် တစ်ဦးနှင့်တစ်ဦး အကျိုးပေး ထူးခြားပုံကို မြင်သဖြင့် မရှင်းလင်း သည့် အတွက် မေးလျှောက်အပ်သော ပြဿနာ ၁၄ ချက်ကို ဘုရားရှင်မှ ဖြေကြား သည့်အဖြေများကို မှတ်သားနာ နိုင်ရန်အတွက် တင်ပြလိုက်ပါတယ် ….
မေး။ လူချင်းတူပါလျက် အဘယ်ကြောင့် အချို့မှာ အသက်တို၍ အချို့ကအသက်ရှည်ပါသနည်း။
ဖြေ။ ဤလောက၌ အချို့သော မိန်းမ ယောကျာ်းတို့သည် သတ္တဝါတို့ အပေါ်၌ သနားကြင်နာ ကရုဏာကင်းလျက် ရက်စက်ဆိုးဝါး သူများအသက်ကို သတ်ဖြတ်လေ့ရှိကြ၏ ။ ထိုသူမျိုး သေလျှင် ငရဲသို့ ရောက်ရတတ်၏ ။ (ရှေးက ကုသိုလ်ကံ တစ်စုံတစ်ခု၏ထောက်ပံ့မှုကြောင့်) ငရဲ သို့ မကျဘဲ လူ့ပြည်သို့ ရောက်ရလျှင် ကြာရှည်နေခွင့် မရ၊အသက်တိုရလေသည် ။
ဤလောက၌ အချို့သော မိန်းမ ယောကျာ်းတို့သည် သတ္တဝါတို့ အပေါ်၌ သနားကြင်နာ ကရုဏာအားကြီးလျက် သူ့အသက်သတ်ခြင်း မှ ရှောင်ကြဉ်ကြ ၏။ ထိုသူမျိုး စုတေလျှင် နတ်ပြည်သို့ ရောက်ရတတ်၏။ နတ်ပြည်သို့
မရောက်ဘဲ လူ့ပြည်သို့ ရောက်လျှင်လည်း အသက်ရှည်စွာ တည်နေရပေ သည် ။
မေး ။ အဘယ်ကြောင့် အချို့မှာ အနာရောဂါများ၍ အချို့မှာ အနာရောဂါ ကင်းရှင်းပါသနည်း။
ဖြေ ။ ဤလောက၌ အချို့သော မိန်းမ ယောကျာ်းတို့သည် တစ်ပါးသော သတ္တဝါကို လက်ဖြင့်သောလည်းကောင်း၊ ခဲ တုတ် ဓား စသော လက်နက်ဖြင့်သော်လည်းကောင်း ညှဉ်းဆဲလေ့ရှိကြ၏။ (သေအောင်ကား မသတ်) ထိုသူများ သေလျှင် ငရဲကျတတ်၏။ ငရဲမကျဘဲ လူ့
ပြည်သို့ ရောက်လျှင် ရောဂါထူပြော အနာပေါလေသည် ။
ထိုကဲ့သို့ ညှဉ်းဆဲနှိပ်စက်လေ့ မရှိသူသည် စုတေလျှင် နတ်ပြည်သို့ ရောက်ရ တတ်၏ ။နတ်ပြည်မရောက်ဘဲ လူ့ပြည်ရောက်လျှင်ကား အနာရောဂါ ကင်းရှင်းရပေသည်။
မေး ။ အဘယ်ကြောင့် အချို့မှာ အရုပ်ဆိုး၍ အချိူ့မှာ အဆင်းလှပါသနည်း ။
ဖြေ ။ ဤလောက၌ အချို့သော မိန်းမ ယောကျာ်းတို့သည်အလွန် ဒေါသကြီးကြ ၏။ အနည်းငယ် စကားပြောစရာရှိလျှင် သူတစ်ပါးကို ထိပါးပုတ် ခတ်၍ ပြောလေ့ ရှိကြ ၏ ။ ထိုသူမျိုး သေလျှင် ဲငရဲကျတတ်၏။ ငရဲမကျဘဲ လူ့ ပြည်သို့ ရောက်လျှင် မျက်နှာပုပ်သိုးအရုပ်ဆိုးတတ်လေ သည် ။
ထိုကဲ့သို့ ဒေါသမထွက်ပဲ စိတ်စက်ကြည်လင် အစဉ်အေးမြသူသည် စုတေလျှင် နတ်ပြည်သို့ ရောက်တတ်၏ ။ နတ်ပြည်မရောက်ဘဲလူ့ ပြည်သို့ ရောက်ရလျှင် လည်း ကြည်လင်လှပသော အဆင်းကို ရပေသည် ။
မေး ။ အဘယ်ကြောင့် အချို့မှာ ခြွေရံစိုးမိုး တန်ခိုးအာဏာ နည်းပါး၍ အချို့မှာ တန်ခိုးအာဏာ ကြီးမားပါသနည်း ။
ဖြေ ။ ဤလောက၌ အချို့သော မိန်းမ ယောကျာ်းတို့သည် က္ကဿာအားကြီးကြ၏ ။ ထိုလူမျိုး သေလျှင် ငရဲသို့ ကျတတ်၏ ။ ငရဲမကျဘဲ လူ့ပြည်သို့ ရောက်ရလျှင် ခြွေရံစိုးမိုး တန်းခိုးနည်းပါးလေသည် ။
ထိုကဲ့သို က္ကဿာမရှိသူသည် စုတေလျှင် နတ်ပြည်သို့ ရောက်တတ်၏ ။ နတ်ပြည်သို့ မရောက်ဘဲ လူ့ပြည်သို့ ရောက်ပြန်လျှင်လည်း နာမည်ကျော်ကြား ခြွေရံများ၍ တန်ခိုးအာဏာ သြဇာကြီးမားလေသည် ။
မေး ။ အဘယ်ကြောင့်အချို့မှာ ဥစ္စာမဲ့မွဲ ဆင်းရဲ၍ အချို့မှာ ဥစ္စာပြည့်စုံ ကုံလုံကြွယ်၀ပါသနည်း ။
ဖြေ ။ ဤလောက၌ အချို့သော မိန်းမ ယောကျာ်းတို့သည် စွန့်ကြဲပေးကမ်း လှူဒါန်းလေ့မရှိကြ ။ မစ္ဆေရတရား အလွန်အားကြီးကြ၏ ။ ထိုလူမျိုး သေလျှင် ငရဲ၌ ဖြစ်တတ်၏ ။ ငရဲမကျဘဲ လူ့ပြည်သို့ ရောက်လျှင် ဥစ္စာမဲ့မွဲ
ဆင်းရဲရလေသည် ။
ထိုသို့ မစ္ဆေရမရှိဘဲ စွန့် ကြဲပေးကမ်း လှူဒါန်းလေ့ရှိသူသည် စုတေလျှင် နတ်ပြည်သို့ ရောက်တတ်၏ ။ နတ်ပြည်မရောက်ဘဲ လူ့ပြည် ရောက်ပြန်လျှင်လည်း ဥစ္စာပြည့်စုံ ကုံလုံကြွယ်ဝပေသည်။ (မိမိ၌ရှိသော ပစ္စည်း၊
မိမိနှင့်ဆိုင်သော ပစ္စည်းများကို သူတစ်ပါးနှင့် မဆက်ဆံစေလိုမှု၊ မပေးကမ်း
မလှူဒါန်းလိုမှုများကို လည်းကောင်း၊ မိမိ၏ စည်းစိမ် ဂုဏ်သိန်မျိုးကို သူတစ်ပါးရမှာ
စိုးခြင်းကိုလည်းကောင်း “မစ္ဆေရ” ဟုခေါ်သည်။)
မေး ။ အဘယ်ကြောင့် အချို့မှာ အမျိုးယုတ်၍ အချို့မှာ အမျိုးမြတ်ပါသနည်း ။
ဖြေ ။ ဤလောက၌ အချို့သော မိန်းမ ယောကျာ်းတို့သည် အလွန်မာနကြီးကြ၏။(သူတစ်ပါးကို အထင်သေး၏၊ ကိုယ့်ကိုယ်ကိုယ် အထင်ကြီး၏။) ရိုသေလေးစားထိုက်သူကိုမျှ ရိုသေလေးစားရမှန်း မသိတတ်။ ထိုလူမျိုးသေလျှင် ငရဲသို့ကျတတ်၏ ။ ငရဲမကျဘဲ လူ့ပြည်သို့ ရောက်ရလျှင်လည်း အောက်ကျ နောက်ကျနှင့် ယုတ်ညံ့သော
အမျိုး၌ ဖြစ်ရတတ်သည် ။
ထိုကဲ့သို့ မာန်မာန မကြီးပဲ ရိုသေလေးစားထိုက်သူကို ရိုသေလေးစားလေ့ ရှိသူသည် နတ်ပြည်သို့ ရောက်ရတတ်၏ ။ နတ်ပြည်သို့ မရောက်လဲ လူ့ပြည်သို့ ရောက်လျှင်လည်း မြင့်မြတ်သော အမျိုး၌ ဖြစ်ရရိုး
ရှိသည် ။
မေး ။ အဘယ်ကြောင့် အချို့မှာ အသိ အလိမ္မာ ဥာဏ်ပညာ နည်းပါး၍ အချို့မှာ ဥာဏ်ပညာ ကြီးမားပါသနည်း ။
ဖြေ ။ ဤလောက၌ အချို့သော မိန်းမ ယောကျာ်းတို့သည် ပညာရှိအထံ ချဉ်းကပ်၍ ကုသိုလ် အကုသိုလ်ကိုလည်းကောင်း၊ အပြစ်ရှိ မရှိ၊ မိမိ မှီဝဲထိုက် မမှီဝဲထိုက်သောအရာ၊ နောင်သံသရာ၀ယ် ရှည်ကြာလေးမြင့် ဖွံဖွံဖြိုးဖြိုး အကျိုးပေးမည့်တရားအချက် တို့ကိုလည်းကောင်း မေးမြန်းလေ့ မရှိကြ ။ ထိုလူမျိုးသည် ထင်မိထင်ရာ ပြု၍ ဒုစရိုက်များဖြင့် သေလျှင် ငရဲသို့ သွားရတတ်၏ ။ ငရဲသို့မကျဘဲ လူ့ပြည်သို့ရောက်ရလျှင် အသိ လိမ္မာ ဥာဏ်ပညာကင်း လူဖျင်းလူအ လူမိုက်ဖြစ်ရလေသည် ။
ထိုကဲ့သို့သော တရားအချက်ကို နှစ်သက်ကြည်ဖြူ နာယူမေးမြန်းလေ့ ရှိသူတို့ကား စုတေလျှင် နတ်ပြည်သို့ ရောက်ရတတ်၏ ။ နတ်ပြည်သို့ မရောက်ဘဲ လူ့ပြည်ရောက်လျှင်လည်း အသိအလိမ္မာ ဥာဏ်ပညာ ထက်မြက်သူ ဖြစ်ရတတ်ပေသည်။
အထက်ပါအချက်များကို ကြည့်လျှင် ကံဆိုသည် မှာ ဘယ်သူမပြု မိမိမှုပင် ဖြစ်သည် ။အတိတ်ဘ၀ ကံဆိုသည်မှာ ဖြစ်ပြီး သားဖြစ်သောကြောင့် ပြုပြင်၍ မရနိုင်တော့ပေ။ ယခုဘ၀တွင်
ပြုလုပ်ခဲ့သော ကံသည်လည်း နောင်ဘ၀တွင် အတိတ်ဘ၀ကံဆိုပြီးဖြစ်လာမှာပင်ဖြစ်သည်။ ဆိုတော့ …. ကံကောင်းချင်ရင်တော့ အခုကတည်းက ကောင်းမှုများကို လုပ်ဆောင်၍ ကြိုးစားအားထုတ်ကျပါ
။ ဒါဆိုနောင်ဘဝတွေလည်း ကံကောင်းမှာသေချာပါတယ် ။ ဒါကြောင့် ရခဲလှသောလူ့ဘ၀တွင်
သတိတရားနှင့် ကြိုးစားအားထုတ် ကံကောင်းနိုင်ကျပါစေ။ ။
ဓမ္မပျိုးခင်း
Unicode
ကံ ကံ၏အကျိုး
*****************