Love

အချစ်စစ်နဲ့ တွေ့ရှိသွားသူတိုင်း ရရှိလာမယ့် ခံစားမှု (၅) မျိုး

လူတစ်ယောက်အကြောင်းက အကြောင်းမရှိဘဲ ခေါင်းထဲရောက်ရောက်လာရင် ၊ ဆုံမိရင် ရင်ခုန်နေတာမျိုးဆိုရင် ဒါဟာအချစ်ပါ။

အချစ်စစ်ဆိုတာ ဖန်တီးယူလို့ရတဲ့အရာ မဟုတ်သလို အတင်းလုပ်ယူလို့ရတဲ့အရာမျိုးလည်း
မဟုတ်ပါဘူး။

.သင့်ကိုယ့်သင်ထက် ချစ်ရမယ့် သူမျိုးကို တွေ့နေပြီးဆိုရင် သင်ဟာ အချစ်ကို တွေ့နေပါပြီ။ သင်အချစ်ကို တွေ့ပြီဆိုရင်တော့ ဒီလိုမျိုးပြောင်းလဲလာမှာပါ။

(၁) ခံစားချက်တွေနားလည်လာမယ်

စုံတွဲတိုင်းမှာတေ့ာ နားလည်မှုရှိမှ ပျော်ရွှင်ရတဲ့ချစ်သူဘ၀ကို ပိုင်ဆိုင်ရမှာပါ။ တစ်ယောက်ဘက်က ချည်းနားလည်ပေးနေလို့ မရပါဘူး။

တစ်ယောက်က နားလည်ပေးတဲ့အချိန် တစ်ယောက်က အလိုက်သိနေပေးရမှာပါ။

တကယ်ကို အချစ်စစ်နဲ့တွေ့ရှိသွားတဲ့ စုံတွဲတွေကတော့ ချစ်သူက စိတ်တွေညစ် ၊ စိတ်ပင်ပန်းနေတဲ့ အချိန်တွေဆို ဘေးကနေ အားပေးပြီး နားလည်ပေးလာတတ်ကြတယ်။

ချစ်သူရဲ့အလုပ်ကိစ္စ ၊ ဝါသနာတွေကို နားလည်ပေးလာကြတယ်။ အစစအရာရာ တိုင်းကို ဖြည့်တွေးပေးလာပြီး နားလည်ပေးလာကြတယ်။ အကြောင်းကတော့ အချစ်စစ်နဲ့ ချစ်မိသွားကြလို့ပါ။

(၂) အလျော့ပေးတတ်လာမယ်

စုံတွဲတိုင်း လျှောက်ရတဲ့လမ်းပေါ်မှာ ဆူး၊ခလုတ် တွေရှိတတ်ကြတယ်။ စိတ်ဆိုးတဲ့အချိန်နဲ့ ရန်ဖြစ်တဲ့ အချိန်လိုမျိုးပေါ့။

သင်နဲ့ သင့်ချစ်သူ ရန်ဖြစ် ၊ စကားများတဲ့ အချိန်တွေမှာဆို နှစ်ယောက်စလုံး တင်းမာနေတာမျိုး မရှိဘဲ တစ်ယောက်မဟုတ်ရင် တစ်ယောက်က အလျော့ပေးတတ်လာကြတယ်။

ဒီလို အလျော့ပေးလာတာကလည်း တစ်ယောက်နဲ့တစ်ယောက် အခြေအနေတွေကို မတင်းမာနေတော့ပါဘူး။

(၃) ယုံကြည်လာမယ်

ချစ်သူတိုင်း တွဲခါစ အချိန်မှာတော့ ယုံကြည်မှုနည်းတာမျိုး ၊ နားမလည်ပေးနိုင်တာမျိုး ရှိကောင်းရှိကြမယ်။

တစ်ယောက်နဲ့ တစ်ယောက် လက်တွဲမြဲလာတဲ့ အချိန်မှာတော့ တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်လာကြမယ်။

ဘယ်သူတွေကပဲ ရန်တိုက်ပေးနေပါစေ ၊ စနိုက်ကြော်နေပါစေ စိတ်၀မ်းမကွဲသွားဘဲ ပိုပြီး ယုံကြည်လာကြတယ်။

အကြောင်းက သင့်တို့ နှစ်ယောက်ကြားမှာ ယုံကြည်မှုကို တည်ဆောက်ထားတဲ့အတွက် သင့်တို့အချစ်ကို ဘယ်သူကမှ ဖျက်ဆီးပစ်နိုင်မှာ မဟုတ်လို့ပါ။

(၄) သည်းခံလာမယ်

သင့်ဘက်ကလည်း သင့်ချစ်သူအပေါ်ကို စိတ်ရှည် ၊ သည်းခံ ၊ ခွင့်လွှတ်လာတယ်ဆိုရင် သင့်ချစ်သူဘက်ကလည်း သင့်အတိုင်းပဲ ထပ်တူဖြစ်လာမှာပါ။

ချစ်သူက သင့်ကို စိတ်ဆိုးအောင် ၊ သင့်မကြိုက်တာတွေ လုပ်မိရင်တောင် သည်းခံပေးလာတယ်။

သင့်တို့နှစ်ယောက်စလုံး တစ်ယောက်အမှားကို တစ်ယောက် အပြစ်မမြင်တော့ဘဲသည်းခံတတ်လာတယ်။

အကြောင်းကတော့ ကိစ္စသေးသေးလေးတွေအတွက် သင့်တို့အချစ်ရေးကို မပျက်ဆီးစေချင်ကြလို့ပါ။

(၅) ကိုယ့်ကိုယ်ကို ထက်ပိုချစ်လာမယ်

တကယ်လို့ သင့် နဲ့ သင့်ချစ်သူတို့နှစ်ယောက်က ကိုယ့်ကိုယ်ကို ထက် ပိုချစ်လာကြတယ်ဆိုရင် အချစ်စစ်လို့ပါ။

အချစ်မှာ သစ္စာရှိကြရတယ် ၊ တစ်ယောက်နဲ့ တစ်ယောက် သစ္စာမဖောက်ကြဘဲ အနစ်နာခံတတ်လာတယ်။

တစ်ယောက် လိုအပ်နေချိန်မှာ တစ်ယောက်က ဖြည့်ဆည်းပေးတတ်ကြတယ်။

ကိုယ်အတွက်ဆိုတာ မရှိလောက်အောင် တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ဖြည့်ဆည်း ၊ အနစ်နာခံတတ်လာတယ်။

Hannwe Soe (Auntymay)

Unicode