Knowledge

လူ့ဘဝမှာ မကောင်းမှုတွေလုပ်ခဲ့သမျှဟာဘဝသံသရာအတွက် ဝဋ်ကြွေးတွေချည်းပါပဲ

ကံကြမ္မာဝဋ်ကြွေးဆိုတာအနှိုင်းမဲ့မြတ်ဗုဒ္ဓတောင်မှ ပြေးမလွတ်ခဲ့ပါဘူး။

ဘယ်သူပဲဖြစ်ဖြစ်၊ ဘယ်လိုပုဂ္ဂိုလ်ပဲဖြစ်ဖြစ်

မိမိပြုလုပ်ခဲ့တဲ့ လွဲမှားတဲ့အရာမှန်သမျှဟာ

ဘယ်လိုဆင်ခြေမျိုးတွေပဲပေးပေး

မိမိသန္ တန်မှာ မပျောက ်မပျက်ရှိနေမှာဖြစ်ပြီး

ဒီဝဋ်ကြွေးတွေက လွတ်အောင်ပြေးဖို့ဆိုတာဘယ်သံသရာမှာမှမရှိပါဘူး။

ဒီတော့ကာကံကြမ္မာဝဋ်ကြွေးတွေ သံသရာမှာမတင်ရှိဖို့၊

မပေးဆပ်ကြရဖို့အတွက် မကောင်းတဲ့စိတ်တွေ၊

မကောင်းတဲ့ အပြုအမူတွေ၊ မကောင်းတဲ့ လုပ်ရပ်တွေကိုလက်တွေ့မပြောနဲ့၊

စိတ်အကြံလေးနဲ့တောင် မတွေးကြပါနဲ့၊

မကြံကြပါနဲ့၊ မပြောကြပါနဲ့၊ မလုပ်ကြပါနဲ့။

တစ်ဘဝစာ တစ်ခဏတာ အရေးကြည့်ပြီးလည်းမကောင်းမှုမပြုကြပါနဲ့။ မကောင်းတာမကြံကြပါနဲ့။

မကောင်းတဲ့အတွေးအခေါ် အယူအဆနဲ့ လုပ်ရပ်တွေဟာ

ဘဝဝဋ်ကြွေးတွေချည်းပဲဖြစ်တယ်ဆိုတာ သတိထားရှောင်ကြဉ်ကြိုးကုတ်အားထုတ်တော်မူနိုင်ကြပါစေ။

ပါမောက္ခချုပ် ဆရာတော်

ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ

(ဘုရားသော်မှပေးဆပ်ရသည့် ကံကြမ္မာဝဋ်ကြွေးများတရာတော်မှ)

Unicode

လူ့ဘဝမှာ မကောင်းမှုတွေလုပ်ခဲ့သမျှဟာဘဝသံသရာအတွက် ဝဋ်ကြွေးတွေချည်းပါပဲ။