Knowledge

ကြီးပှားအောင်မြင်ချင်လျှင် ဒီအရာ (၃) ခုကို လုံးဝ မစိုးရိမ် ပါနဲ့…

“ကြီး ပွားအောင်မြင်ချင်လျှင် စိုးရိမ် မ နေသင့်တဲ့ အ‌ကြောင်း (၃) ခု”

(၁) လုပ်ခဲ့မိတဲ့ အမှားတွေ

လူတိုင်း အမှားနဲ့ မကင်းနိုင် ကြပါဘူး။ ဒါပေမယ့် အမှားအတွက် ထိခိုက် ခံစားနေမယ် ဆိုရင်တော့ ကိုယ့်ဒုက္ခကိုယ်ရှာနေ သလို ပါပဲ။ အမှားတွေ ကနေ သင်ခန်းစာ ယူရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် စွန့်စားစလုပ်ငန်းရှင် တော်တော် များများက အမှားတွေရဲ့ ခြောက်လှန့်ခြင်းကို ခံစားနေ ကြရတတ်ပါတယ် …။

အတိတ်ကို ပြောင်းလဲလို့ မရနိုင် ပါဘူး။ အမှားကနေ ပညာယူပါ။ တောင်းပန်စရာ လိုအပ်လျှင် တောင်းပန်လိုက်ပါ။ အမှားတွေကိုပဲ အာရုံစိုက် နေမယ် ဆိုရင် ရှေ့ဆက်ရမယ့် ကိစ္စတွေ အတွက် စိတ်ဓာတ်ခွန်အား ဆုံးရှုံး ရပါလိမ့်မယ်နော် …။

(၂) ပြိုင်ဘက်တွေ

ပြိုင်ဘက်တွေ အကြောင်းကို မိမိရဲ့အလုပ်နဲ့ ဘယ်လို ကွဲ ပြားခြားနားလဲ ဆိုတာ သိရရုံလောက်ပဲ ကောင်းပါတယ်။ ဒီ့ထက် ပိုပြီး နှိုင်းယှဉ်ကြည့် မယ်ဆိုရင်တော့ ဘာ အကျိုးအ မြတ်မှ ရလာမှာ မဟုတ်ပါဘူး …။

သင့်ရဲ့ကြိုးစားမူကို ပြိုင်ဘက်တွေနဲ့ နှိုင်းယှဉ်နေမယ့် အစား သင့်ကြိုးစားမူကို လက်ရှိ အနေအထားထက် ပိုကောင်းတဲ့ အနေအထားဖြစ်အောင် ဘယ်လို လုပ်ရမလဲ ဆိုတာ အာရုံစိုက် သင့်ပါတယ် …။

(၃) အနာဂါတ်

ဒီနေ့ကို မျက် လုံး တစ်ဖက်နဲ့ကြည့်ပြီး အနာဂါတ်ကို နောက်တစ်ဖက်နဲ့ လှမ်းမျော်ကြည့်နေ မယ်ဆိုရင် ဒီနေ့အတွက် မျက်လုံး တစ်ဖက် ဆုံးရှုံး လိုက်ရပါပြီ …။

ဒီနေ့ကို အ ပြည့်အဝ အာရုံမစိုက် နိုင်ဘူး ဆိုတာ အကောင်းဆုံး ဆိုတာ ဖြစ်လာမှာ မဟုတ် ပါဘူးနော် …။

နောက်တစ်ရက် အတွက် သို့မဟုတ် နောက်ထပ် လုပ်ငန်း တစ်ခု အတွက် စိုးရိမ်တာက လွယ်ပါတယ်။ ဒါပေမယ့် ဒီလို စိုးရိမ်နေမယ် ဆိုလျှင် လက်ရှိအချိန်၊ လက်ရှိ လုပ်ငန်းအတွက် အလားအလာတွေကို လုယက် ခံစားလိုက် ရသလို ပါပဲ …။

ဒီနေ့မှာပဲ သင့်ရဲ့ကြိုးစားမူကို ပိုကောင်းအောင်၊ ပိုခိုင် မာလာအောင် လုပ်ပေးနိုင်တဲ့ အခွင့်အရေးတွေ အများကြီးရှိ‌နေပါ တယ်။ သင့်အ နေနဲ့ ထိန်းချုပ်လို့ မရနိုင်တဲ့ အရာတွေကို အာရုံစိုက် မနေဘူး ဆိုလျှင်လုပ်ငန်း တစ်ခုကို အကောင်းဆုံး တည်ဆောက် လာနိုင်မှာပဲ ဖြစ်ပါတယ် …။

ထိန်းချုပ်ကိုင်တွယ်လို့ရတဲ့ အရာတွေကိုပဲ အာရုံစိုက်ပါ။ ဒီနေ့မှာ တိုးတက်မူ တစ် စုံတစ်ရာ မတွေ့ရပေမယ့် အချိန် တစ်ခုရောက်တဲ့ အခါမှာ အလွယ်တကူ ထိန်းချုပ်ကိုင်တွယ် လို့ရတဲ့ အရာတစ်ခု ဖြစ်လာမှာ သေချာပါတယ်နော် …။ ။

ခရက်ဒစ်

Unicode

ကီးပှားအောင်မြင်ချင်လျှင် ဒီအရာ (၃) ခုကို လုံးဝ မစိုးရိမ် ပါနဲ့…

“ကြီးပွားအောင်မြင်ချင်လျှင် စိုးရိမ် မနေသင့်တဲ့ အ‌ကြောင်း (၃) ခု”