Health

အဆုတ်အတွက် အထူးသင့်လျှော်သည့် မယားကြီးရွက်

မယားကြီးရွက် – မုရားကြီးရွက် – မိုးလွှာရွက်

အပင်မှာ ၄ ပေ မှ ၈ ပေ အထိ မြင့်သည် –
အရွက် မှာ ၄လက် မ မှ ၈ လက် မ အရှည်ရှိသည်။

အဖြူ အနီ ၂ မျိုးရှိသည် ။
ပဉ္စငါးပါး အသုံးဝင်သည် ။

ဖန်. ခါး. အေး၏ လေကို ပွားစေသည်. အသံကောင်း၏ အစာကြေ၏
နှလုံးအားကောင်း၏ သလိပ် သည်းခြေကိုနိုင်၏ ။

ပန်းနာ အဆုတ် ချောင်းဆိုး. အဖျား အော့အန်. သွေးဝမ်းသွား. နူနာ. တို့ကို ပျောက်
စေသည်။

မယားကြီးအပင်သည် ကျန်းမာရေးအတွက် ပဉ္စ ငါးပါး အသုံးပြုနိုင်သည် –
ဆေးအဘိဓာန်များတွင် အပူနာများကို နိုင်ကြောင်း ဖော်ပြထားသည်။

၁ – သည်းခြေဖျားနဲ့ သွေးအန်ရောဂါ အတွက် – အရွက်ကို ထောင်းကာ သကြားနဲ့
ရေသောက်ပါ။

၂ – ပန်းနာရင်ကျပ်ရောဂါအတွက် – မုယားကြီးရွက် သတ္ထုရည်အား ဆီးဖြူသီးအရည်
ရောသောက်ပါ။

၃ – ယားနာအမျိုးမျိုးအတွက် – မုယားကြီးအရွက်နုနုနင့် နနွင်းခါးကို နွားသေးရည် ရော
ကာလိမ်းပါ။

၄ – မီးယပ်အဖြူဆင်းရောဂါအတွက် – မုယားကြီးရွက်သတ္ထုရည်နှင့် ပျားရည် ဆတူ
ရောသောက်ပါ။

၅ – မီးယပ်အဖြူဆင်းရောဂါအတွက် – မုယားကြီးအမြစ် အရည် တစ်န့ ၃ ဇွန်းသောက်။

၆ – ချောင်းဆိုးနှင့် ခယရုဂ်ရောဂါအတွက် – မုယားကြီးရွက်ကို ပြုတ်ပြီး အအေးခံ၍
လက်ဖြင့်နှယ်၍ အရည်ညှစ်ယူပါ ၄င်းအရည်ထဲတွင် သကြားခဲထည့်၍ ကျိုသောက်ပါ။

၇ – ပန်းနာ ရင်ကျပ်ရောဂါ – မုယားကြီးရွက် သတ္ထုရည်ထဲ သိန္ဓောဆားထည့် ၁ ခွက်စာ ထမင်းစားဇွန်း ၁ ဇွန်းသောက် ။

၈ – ကင်းဆိပ်ဖြေဆေး – ကိုက်သည့်အနာပေါ် ထောင်းပြီး အုံပေးပါ။

၉ – ပါးစပ်အနာရောဂါ – မုယားကြီးရွက် သတ္ထုရည်နှင့် သိန္ဓောကို ရောလိမ်း။

၁၀ – ဆီးအောင့် ရောဂါအတွက် – အရွက်ကို ၃ ခွက် ၁ခွက် ကျိုသောက်ပါ။

၁၁ – နှာခေါင်းသွေးယို – မုယားကြီးရွက်အခြောက်ကို ညက်အောင်ထောင်းပြီး လျှာ၏
အထက် အာခေါင်ကို သုတ်လိမ်းပေးပါ။

၁၂ – မျက်ရည်ယို – အရွက်ကိုထောင်ပြီး မျက်စိပေါ်အုံ အိပ်ပေးပါ။

၁၃ – သွားကိုက် သွားနာ – အရွက်ပြုတ်ရည် ငုံပေးပါ။

၁၄ – ချောင်ဆိုးသွေးပါခြင်း. သွေးဝမ်းသွားခြင်း သွေးအန်ခြင်း မီးယပ်ဖြူဆင်းခြင်း
မီးယပ်သွေးလွန်ုခြင်း – တို့အတွက် ..

အမြစ်ကို သွေး၍ လည်းကောင်း / အရွက်ကိုပြုတ်၍ ဆေးအသုံးပြုပုံ

အရွက်ပြုတ်ရည်ကျကျ တခါသောက် အကြမ်း ပုဂံ ၁ လုံးစာ ကို မနက်နေ့လည် ည
တစ်နေ့ ၃ ကြိမ် သောက်ပါက ၄င်းရောဂါတို့ကို ပျောက်ကင်းနိုင်သည်။

၁၅ – သွေးတိုး. အဆုတ် အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါများ လေပြွန်ရောင် အသံအိုးနာခြင်း. သလိပ်ပုတ်ခြင်း. ဝါခြင်း. အဆုတ်ရေဝင်နာ. အဆုတ်လေဝင်နာ
တို့အတွက်…

မယားကြီးရွက်ကို ၃ ခွက် ၁ ခွက် တင်ကျိုပြီး နေ့စဉ်သောက်ပါက ပျောက်ကင်းစေ
သည်။ အဆုတ်တစ်ခြမ်း ပျက်စီးသူပင် ပြန်လည်ကောင်းမွန်ကြောင်း ခဲ့သည်။

မုယားကြီးရွက်သည် အဆုပ်ကင်ဆာသမားများအတွက် အထူးသင့်လျော်သည်။

မျှဝေပေး # မခင်နီဝင်း
Unicode