Knowledge

ကျက်သရေမဂ်လာပြည့်ဝဖို့အိမ်မှာဘုရားပူဇော် ခြင်းဖြင့်ရရှိမည့်အကျိုးများ

၁ ။ ဘုရားကျောင်းဆောင်ရှိသည့်အတွက် ဘုရားကို မြင်နေရခြင်း ၊ ဘုရားဝေယျာဝစ္စပြုနေရခြင်း ၊ ဘုရားကို ကိုင်းညွတ်သည့်စိတ်ဖြင့် မမေ့ခြင်း နှင့် ဘုရားတရားနှင့် ကင်းကွာမနေရခြင်းပင်ဖြစ်သည် ။

၂ ။ မြတ်စွာဘုရားကို ဖူးတွေ့နေရခြင်းဖြင့် ဗုဒ္ဓဘာသာအပေါ် ပို၍ ယုံကြည်မှု လေးနက်လာသည် ။

၃ ။ အိမ်တွင် ရုပ်ပွားတော် ဆင်းတုတော်နှင့် ဘုရားကျောင်းဆောင် ရှိနေလျှင် စနစ်တကျ ဆည်းကပ် ကိုးကွယ်မှု ပြုခြင်းဖြင့် သတိမြဲခြင်း ပညာဉာဏ် ထက်မြက်ခြင်းများ ရှိလာသည် ။

၄ ။ ကုသိုလ်တရားများ တိုးပွားလာသည် ။
နေ့စဉ်ဆွမ်းကပ်နိုင်ခြင်း သောက်တော်ရေကပ်နိုင်
ခြင်း ဆီးမီးပူဇော်နိင်ခြင်း နံသာအမွှေးလှူနိုင်ခြင်း
စသောကုသိုလ်တရားတိုးပွားနိုင်ပါသည်

၅ ။ စိတ်ညစ်ညူးမှု ရှိလာလျှင် ဘုရားကျောင်းဆောင် ဘုရားစင်ရှိရာ ဘုရားရှင်ရှေ့တော်သို့ သွားပြီး ဘုရားပန်းလဲခြင်း ၊ မြတ်စွာဘုရားကို အသေအချာကြည့် အာရုံပြုလိုက်ခြင်း ဖြင့် စိတ်ညစ်ညူးမှုများ ပပျောက်လာသည် ။ အမှားအယွင်းများ မပြုလုပ်မိတော့ဘဲ ရပ်တန်းမှရပ်ပြီး စိတ်ကြည်နူးမှု ချက်ချင်း ရရှိလာသည် ။

၆ ။ အိမ်တွင်ဘုရားကျောင်းဆောင်ရှိသဖြင့် နာနာဘာဝ, ဝိနာဘာဝများ၏ အနှောင့်အယှက်များမှ ကင်းပြီး မကြောက်မရွံ့နေနိုင်ပါသည် ။

၇ ။ ဆင်းရဲဒုက္ခ ကို သည်းခံလာနိုင်သည် ။
အခက်အခဲတွေကြုံရတိုင်း ဘုရားသော်မှလောကဓံ
ကြုံကြရတာပဲလို့ ဆင်ခြင်၍ သည်းခံနိုင်လာခြင်း

၈ ။ ဘုရားစင် ဘုရားကျောင်းဆောင် ကို ပိုးမျှင် ဖုန်များ ကင်းစင်အောင် လှည်းကျင်း သုတ်သင်ပြီး ကျကျနန ထားလျှင် အိမ့်ကျက်သရေ, လူ့ကျက်သရေ တက်ပြီး ဂုဏ်သိက္ခာများ တက်ပါသည် ။

၉ ။ဘုရားကျောင်းဆောင်ရှိသည့်အတွက် မြတ်စွာဘုရားနှင့် အတူးနေရသကဲ့သို့ ဖြစ်ပြီး နှစ်သက်ပီတိ
ဖြစ်၍ ကျက်သရေမဂ်လာနှင့်ပြည့်စုံခြင်း
crd
Unicode

#ကျက်သရေမဂ်လာပြည့်ဝဖို့အိမ်မှာဘုရားပူဇော်
ခြင်းဖြင့်ရရှိမည့်အကျိုးများ