Knowledge

စိတ်ဓာတ်နဲ့ စေတနာ မမွဲပါစေနဲ့

တစ်ချို့က လူမွဲတာလည်း မပြောနဲ့
စိတ်ဓာတ်နဲ့ စေတနာပါ မွဲနေတာကို
တွေ့ရတတ်ပါတယ်။ မရှိလို့ အခကြေးငွေယူပြီး သူများခိုင်းတာကို လုပ်ရတယ်။ ဒါပေမယ့် အလုပ်ကို တန်ဘိုးမထား၊ အချိန်မှန်၊ အချီန်မီ မလာ၊ ပြီးစလွယ် ဖြစ်သလိုလုပ် ပြီးရင်လစ်ရင် လစ်သလို လုပ်သွားတာလည်း ရှိသေးတယ်ဆိုပဲ။ အဲလိုဆိုတော့ ဒီလိုလူတွေရဲ့ဘဝ အထက်တန်း ရဖို့ဆိုတာ အတော်မလွယ်တဲ့ ကိစ္စပါ။

အမှန်တော့ အတိတ်ကံ အကျိုးပေး မကောင်းလို့ မွဲနေပေမယ့် ဒီဘဝမှာ စိတ်ကောင်း စေတနာကောင်းလေးသာ ထားပြီး လုပ်မယ်ဆိုရင် ပန်းရံလုပ်ရင်း၊ လက်သမားလုပ်ရင်း ဆေးသုတ်ရင်း၊ စျေးရောင်းရင်း၊ ကိုယ့်အသက္မွေးဝမ်းရေးကိစ္စကို လုပ်ရင်းနဲ့လည်း ကုသိုလ်ဖြစ် နေတာပါ။

ကိုယ့်လက်ရာလေးကို ကောင်းစေချင်တာ၊ အလုပ်ကို သေသေသပ်သပ် သန့်သန့်ရှင်းရှင်း လုပ်တာ၊ ကိုယ်ရောင်းတဲ့ ပစ္စည်းဝတ္ထုကို ကောင်းမွန်သန့်ရှင်းစေတာ၊ အရသာရှိပြီး ရောဂါကင်းစေချင်တာ စတာတွေဟာ စိတ်ကောင်းစေတနာကောင်းလေးတွေရဲ့ သဘောပါပဲ။ ဒီသဘောလေးတွေနဲ့သာ လုပ်နိုင်ကြမယ်ဆိုရင် နေရာတိုင်းမှာ၊ အချိန်တိုင်းမှာ၊ လူတိုင်းမှာ ကုသိုလ်ရှိနေတာပါ။ စီးပွားရှာရင်း ကုသိုလ် ဖြစ်နေတာပါ။

ဒါကြောင့် “မရှိလို့ခိုး၊ ခိုးလို့မရှိ” မဖြစ်ရလေအောင် လူမွဲပေမယ့် ကုသိုလ်မမွဲဖို့ ရိုးသားပြီး အပြစ်ကင်းတဲ့ အလုပ်တွေမှာ စိတ်ဓာတ်နဲ့ စေတနာကောင်းပါ တွဲပြီး လုပ်ကြရမှာ ဖြစ်ပါတယ်။ စိတ်ဓာတ်နဲ့ စေတနာကောင်း တွဲနေတဲ့သူဟာ လူမွဲပေမယ့် ကုသိုလ်မမွဲတဲ့ သူပါ။

🌹
မေတ္တာဖြင့်
မနာပဒါယီ အရှင်ဝိစိတ္တ

ပြန်လည်မျှဝေပါသည် ။
Copy
MinHtike
MayHtar

Unicode