Health

သွေးတိုးရောဂါရှိသူများအတွက် သဘာဝဆေးနည်း(၁၀)မျိုး

၁။ ရှောက်သီးအခွံပါ ၄ စိတ် စိတ်ပြီး မတ်ခွက်တွင်ထည့် ရေနွေးစိမ်ထားပြီး အအေးခံ၍ တစ်နေကုန် သောက်ပါ။

၂။ ရှောက်သီးအရည်ညှစ် ၃ ဇွန်း+ပျားရည်စစ်စစ် ၁ဇွန်း ထမင်းစားပြီးသောက်ပါ။

၃။ ရှောက်ရွက်အနု၊ အရင့် တစ်နေ့လျှင် ၇ ရွက်မှ ၁၀ ရွက်ခန့် နေ့စဉ်အတို့အမြှုပ် ပြုလုပ်၍စားပါ။

၄။ ငါးပိရည်၊ ငံပြာရည်၊ ငါးခြောက်စသည်တို့သည် မြန်မာလူမျိုးတို့နှင့် မကင်းနိုင်သော အစာများ ဖြစ်သည်။ ထိုအစာများ စားသည့်နေ့တွင် ဒန့်သလွန်ရွက် ဟင်းချိုကို ကြက်သွန်ဖြူနိုင်နိုင်ဖြင့် ချက်ပြီး တွဲဖက်သောက်ပေးပါ။ ကြက်သွန်ဖြူသည် သွေးတိုးကို ကျစေနိုင်သည်။ (သွေးတိုးရောဂါ ဖြစ်ပွားခဲ့ရာ ကြက်သွန်ဖြူကို နေ့စဉ်စားသုံးပါက သွေးပေါင်ကိုထိန်းနိုင်သည်)

၅။ ဒန့်သလွန်သီးအရင့်များကို နေဖြင့် အခြောက်လှန်းထားပြီး သွေးအလွန်တိုးလျှင် ၂ စေ့၊ ၃ စေ့ ဝါးစားပါ။

၆။ သဘေ်ာအဖိုပင်၏ အပွင့်ကို ပြုတ်၍ စားပါက သွေးတိုးရောဂါ သက်သာစေသည်။

၇။ ကြက်သွန်နီကို ထက်ခြမ်း ခြမ်း ရေတစ်ဖန်ခွက်တွင် စိမ်၍ နံနက်အိပ်ယာထစောစော သောက်ပေးလျှင် သွေးတိုးရောဂါကို ကာကွယ်သည်။ နံနက်အိပ်ယာထချိန် ခေါင်းကိုက်ခြင်းကို သက်သာစေသည်။

၈။ ပြောင်းဖူး၏ထိပ်မှ အမွှေးကိုပြုတ်၍ အရည်ကို အကြမ်းပန်းကန်တစ်လုံးစာသောက်လျှင် သွေးတိုးရောဂါ သက်သာစေသည်။

၉။ ချင်းလက်နှစ်ဆစ်ကို ထုထောင်းအရည်ကိုယူ သံပရာသီးတစ်လုံးအရည်နှင့် ပျားရည်တစ်ဇွန်းစပ် နေ့စဉ်သောက်ပါ။ သွေးတိုးရောဂါဘေး ကင်းဝေးနိုင်သည်။

ခရက်ဒစ်

Unicode

သွေးတိုးရောဂါရှိသူများအတွက် ဆေးနည်း(၁၀)မျိုး