Knowledge

ရှုံးတဲ့အလုပ်ကိုရှောင်

တစ်ခါတုန်းကမြို့တစ်မြို့မှာအရူးကြီး တစ်ဦးရှိတယ်. . . .
ဒီအရူးကြီးဟာမြို့ထဲကိုဝင်ခွင့်ပိတ်ပင်ခံထားရတယ်. . . . မြို့ပြင်ကဇရပ်လေးမှာနေပြီး. . . မြို့ထဲကနေလာရောက်ပေးကျွေးတဲ့. . .
အစားအသောက်လေးတွေနဲ့ပဲ
အသက်ဆက်နေရရှာတယ်လေ. . .

တစ်နေ့မှာ လူငယ်လေးတစ်ဦး
အရူးအဖိုးအိုဆီရောက်လာတယ်. . .
လူငယ်လေးက အဖိုးအိုအတွက်စားစရာလေးတွေယူလာပြီး. . .
ရောက်တတ်ရာရာလေးတွေမေးမြန်း
ပြောဆိုတယ်. .

“အဖိုးတစ်ယောက်တည်း
မကြောက်ဘူးလားဗျ. .”

“အဖိုးလိပ်ပြာသန့်နေပါလျက်ဘာကို
ကြောက်ရမလဲလူလေး. . .
နောင်တရစရာအရှက်ရစရာတစ်ခုမှ
လုပ်မထားသူဟာ. . .
ဘာကိုကြောက်စရာလိုလို့လဲလူလေးရယ်. . .
အဖိုးမကြောက်ပါဘူး. . .”

“ဒါဆိုအဖိုးက. .
ကိုယ်လုပ်ခဲ့သမျှအားလုံးအတွက်. . .
ဝေဖန်စိစစ်စစ်ဆေးခံနိုင်လို့လား. . .”

“မေးခွန်းအရမ်းကောင်းတယ်လူလေး. .
မှန်တာပေါ့. . .မိမိလုပ်ခဲ့သမျှ အားလုံးကို
စစ်ဆေးခံနိုင်. . ဝေဖန်ခံနိုင်ဖို့ဆိုတာ. .
ကြီးမားတဲ့စိန်ခေါ်မှုပဲလူလေး. . .
များသောအားဖြင့် လူတွေဟာ. ..
ဟန်ဆောင်တတ်ကြတယ်. . .
စစ်ဆေးမခံနိုင်ဘူး. . .
ဒါဟာ ကိစ္စတော့မရှိပါဘူး. .
ကိုယ့်မှာလူတွေကိုသိနားလည်တဲ့ပညာရှိရင်
ရှောင်နိုင်တာပေါ့. . .”

“ဒါနဲ့အခုအဖိုးဘာလုပ်လဲ. . .”

“အဖိုးကရှုံးတဲ့အလုပ်ကိုရှောင်ပြီး . .
မြတ်တဲ့အလုပ်ကိုလုပ်တယ်. . .”

“ဟားဟား. . .
အဖိုးကစီးပွားရေးလုပ်တာလား. . .
ဘယ်လိုရှုံးတာကိုမလုပ်တာလဲ. . .”

“စီးပွားရေးမဟုတ်ပါဘူးလူလေးရယ်. . .
#ကိုယ်ပြောတာကိုနာယူသူရှိပါလျှက်. . မပြောဘူးဆိုရင် ရှုံးတယ်. . .
#ကိုယ်ပြောတာကိုမနာယူချင်တဲ့သူကို
အတင်းလိုက်ပြောတာဟာ. . .ရှုံးတယ်. . .

အဲတော့ အဖိုးရဲ့ လူ့ဘဝနောက်ဆုံး
အချိန်တွေမှာ. . .
ဒီအလုပ်နှစ်ခုကိုမလုပ်ဘူးလူလေး. . . .”

“ကျေးဇူးပါအဖိုး. . ..
အဖိုးစကားကို ကျနော်နာယူချင်ပါတယ် . . .
ကျနော်တို့လူငယ်တွေကို. . .
တိုတိုနဲ့လိုရင်း ဘယ်လိုစကားမျိုး
လက်ဆင့်ကမ်းချင်ပါသလဲဗျ. . .”

“အေးဆေးပါ. .တည်ငြိမ်ပါ. .
ရဲရင့်ပါလူလေး. . .”

“ရဲရင့်တယ်ဆိုတာ. .
ဘယ်လိုမျိုးလဲအဖိုး. . .”

“ချုပ်ထိန်းနိုင်ခြင်းရှိသူဟာ ရဲရင့်သူပဲ
ဲလူလေး. . .
လူတစ်ဦးဟာ သူများကိုမထိပါး. . .
မရိပါးဖို့ကြိုးစားအားထုတ်ရတာတောင်
သိပ်ချုပ်တည်းနိုင်ကြဘူး. . . .
ဒါပေမယ့် တော်ယုံအသိတရား
ရှိသူတွေဟာ ထိန်းချုပ်နိုင်ကြတယ်. .လူလေး

သို့ပေမယ့်. . သူများကကိုယ့်ကို. .
အဓိပ်ပါယျမဲ့စျောကားလာတဲ့အခါ. . .
ဒေါသမထွက်တုံ့ပြန်နိုင်ဖို့က ပိုခက်ခဲသွားပြီ. .
ဒါကြောင့် . . .
စစ်မှန်တဲ့ ရဲရင့်သူဟာ. .
ထိန်းချုပ်မှု ကောင်းမွန်သူပါပဲလူလေး. . . .”

“အဖိုး. .အဲတာဟာ ကိုယ်ကျင့်သီလ
မဟုတ်ဘူးလား. . .ဒါဆိုရင်
ကိုယ်ကျင့်သီလကရောဘာလဲ.အဖိုး. . .”

“ရိုးသားမှုနဲ့လေးစားမှုရှိတဲ့နှလုံးသားတစ်ခု
ကိုပိုင်ဆိုင်ပြီး. . . .
မိမိတို့ရဲ့ အပြောအဆိုအပြုအမူတွေမှာ. . .အမှားနည်းအောင်ကျင့်ကြံသလို. . .
အခြားသူတွေနဲ့ယဉ်ကျေးစွာ
ဆက်ဆံနိုင်ခြင်းဟာ. . .
မိမိရဲ့ကိုယ်ကျင့်သီလပါပဲ. . .
ဒါတွေကိုမြင့်တင်တာဟာ. . .
မိမိရဲ့ကိုယ်ကျင့်သီလကို မြှင့်တင်တာပါပဲလူလေး. . .”

“အဖိုး. . .
ကျနော်စိတ်ထဲမှာမေးချင်လာတာတစ်ခု
ရှိပါတယ်. . . .
အဖိုးကို အရူးလို့ပြောပြီး. . .ဘာကြောင့်
မြို့ပြင်ထုတ်ထားရတာလဲ. . .”

“ဒါကတော့လူလေးရယ်. . .အဖိုးက
အစဉ်အလာ အယူအဆတွေကို
ဆန့်ကျင်မိတယ်လေ. . .
ဒါကြောင့်မြို့ပြင်ထုတ်ခံရတာပေါ့. .
အရူးဆိုတာကတော့. . .
နောင်မျိုးဆက်သစ် လူငယ်လေးတွေ. .
အဖိုးစကားကို နားမထောင်ရဲအောင်. . နားထောင်ချင်စိတ်မရှိအောင်. . .
နာမယ်ဖျက်ထားတာမျိုးပါ. . . ”

“ဟာ. . .
တော်တော်ဆိုးတဲ့လုပ်ရပ်ပဲဗျာ. . . .
အဲလူတွေကိုအဖိုးဘယ်လို
သဘောထားလဲ. . .”

“ခွင့်လွှတ်ခြင်းနဲ့ပဲချေဖျက်လိုက်ပါတယ်လူလေး
. . .ခွင့်လွှတ်ခြင်းဟာပဲ. .
ကိုယ့်ရဲ့သဘောထားကို.
ကြီးလာစေပါတယ်. . . . အဖိုးအနေနဲ့. . #နေရောင်ကိုမတွေ့လိုက်ရလို့ငိုကြွေးနေရင်. .
လရောင်နဲ့လွဲနေဦးမှာပဲလေ. . . .”

“မေးခွန်းတွေ မေးခွင့်ပြုလို့ကျေးဇူးပါအဖိုး. . .ကျနော်ပြန်လိုက်ဦးမယ်ဗျာ. . .”

“အေးကွယ်လူလေး. . .
ဖြည်းဖြည်းသွားကွယ်. . .”

အရူးအဖိုးအိုဆီက ပြန်လာတဲ့လူငယ်လေးဟာ
တစ်ဦးတည်း တီးတိုးရေ ရွတ်ရင်း. . .
မြို့ထဲကိုပြန်လာခဲ့တယ်. . . . .။

– မှတ်စုကြမ်း
Credit: Min Htike

ခရက်ဒစ်

Unicode

ရှုံးတဲ့အလုပ်ကိုရှောင်

တစ်ခါတုန်းကမြို့တစ်မြို့မှာအရူးကြီး တစ်ဦးရှိတယ်. . . .
ဒီအရူးကြီးဟာမြို့ထဲကိုဝင်ခွင့်ပိတ်ပင်ခံထားရတယ်. . . . မြို့ပြင်ကဇရပ်လေးမှာနေပြီး. . . မြို့ထဲကနေလာရောက်ပေးကျွေးတဲ့. . .
အစားအသောက်လေးတွေနဲ့ပဲ
အသက်ဆက်နေရရှာတယ်လေ. . .

တစ်နေ့မှာ လူငယ်လေးတစ်ဦး
အရူးအဖိုးအိုဆီရောက်လာတယ်. . .
လူငယ်လေးက အဖိုးအိုအတွက်စားစရာလေးတွေယူလာပြီး. . .
ရောက်တတ်ရာရာလေးတွေမေးမြန်း
ပြောဆိုတယ်.

.

“အဖိုးတစ်ယောက်တည်း
မကြောက်ဘူးလားဗျ. .”

“အဖိုးလိပ်ပြာသန့်နေပါလျက်ဘာကို
ကြောက်ရမလဲလူလေး. . .
နောင်တရစရာအရှက်ရစရာတစ်ခုမှ
လုပ်မထားသူဟာ. . .
ဘာကိုကြောက်စရာလိုလို့လဲလူလေးရယ်. . .
အဖိုးမကြောက်ပါဘူး. . .”

“ဒါဆိုအဖိုးက. .
ကိုယ်လုပ်ခဲ့သမျှအားလုံးအတွက်. . .
ဝေဖန်စိစစ်စစ်ဆေးခံနိုင်လို့လား. . .”

“မေးခွန်းအရမ်းကောင်းတယ်လူလေး. .
မှန်တာပေါ့. . .မိမိလုပ်ခဲ့သမျှ အားလုံးကို
စစ်ဆေးခံနိုင်. . ဝေဖန်ခံနိုင်ဖို့ဆိုတာ. .
ကြီးမားတဲ့စိန်ခေါ်မှုပဲလူလေး. . .
များသောအားဖြင့် လူတွေဟာ. ..
ဟန်ဆောင်တတ်ကြတယ်. . .
စစ်ဆေးမခံနိုင်ဘူး. . .
ဒါဟာ ကိစ္စတော့မရှိပါဘူး. .
ကိုယ့်မှာလူတွေကိုသိနားလည်တဲ့ပညာရှိရင်
ရှောင်နိုင်တာပေါ့. . .”

“ဒါနဲ့အခုအဖိုးဘာလုပ်လဲ. . .”

“အဖိုးကရှုံးတဲ့အလုပ်ကိုရှောင်ပြီး . .
မြတ်တဲ့အလုပ်ကိုလုပ်တယ်. . .”

“ဟားဟား. . .
အဖိုးကစီးပွားရေးလုပ်တာလား. . .
ဘယ်လိုရှုံးတာကိုမလုပ်တာလဲ. . .”

“စီးပွားရေးမဟုတ်ပါဘူးလူလေးရယ်. . .
#ကိုယ်ပြောတာကိုနာယူသူရှိပါလျှက်. . မပြောဘူးဆိုရင် ရှုံးတယ်. . .
#ကိုယ်ပြောတာကိုမနာယူချင်တဲ့သူကို
အတင်းလိုက်ပြောတာဟာ. . .ရှုံးတယ်. . .

အဲတော့ အဖိုးရဲ့ လူ့ဘဝနောက်ဆုံး
အချိန်တွေမှာ. . .
ဒီအလုပ်နှစ်ခုကိုမလုပ်ဘူးလူလေး. . . .”

“ကျေးဇူးပါအဖိုး. . ..
အဖိုးစကားကို ကျနော်နာယူချင်ပါတယ် . . .
ကျနော်တို့လူငယ်တွေကို. . .
တိုတိုနဲ့လိုရင်း ဘယ်လိုစကားမျိုး
လက်ဆင့်ကမ်းချင်ပါသလဲဗျ. . .”

“အေးဆေးပါ. .တည်ငြိမ်ပါ. .
ရဲရင့်ပါလူလေး. . .”

“ရဲရင့်တယ်ဆိုတာ. .
ဘယ်လိုမျိုးလဲအဖိုး. . .”

“ချုပ်ထိန်းနိုင်ခြင်းရှိသူဟာ ရဲရင့်သူပဲ
ဲလူလေး. . .
လူတစ်ဦးဟာ သူများကိုမထိပါး. . .
မရိပါးဖို့ကြိုးစားအားထုတ်ရတာတောင်
သိပ်ချုပ်တည်းနိုင်ကြဘူး. . . .
ဒါပေမယ့် တော်ယုံအသိတရား
ရှိသူတွေဟာ ထိန်းချုပ်နိုင်ကြတယ်. .လူလေး

သို့ပေမယ့်. . သူများကကိုယ့်ကို. .
အဓိပ်ပါယျမဲ့စျောကားလာတဲ့အခါ. . .
ဒေါသမထွက်တုံ့ပြန်နိုင်ဖို့က ပိုခက်ခဲသွားပြီ. .
ဒါကြောင့် . . .
စစ်မှန်တဲ့ ရဲရင့်သူဟာ. .
ထိန်းချုပ်မှု ကောင်းမွန်သူပါပဲလူလေး. . . .”

“အဖိုး. .အဲတာဟာ ကိုယ်ကျင့်သီလ
မဟုတ်ဘူးလား. . .ဒါဆိုရင်
ကိုယ်ကျင့်သီလကရောဘာလဲ.အဖိုး. . .”

“ရိုးသားမှုနဲ့လေးစားမှုရှိတဲ့နှလုံးသားတစ်ခု
ကိုပိုင်ဆိုင်ပြီး. . . .
မိမိတို့ရဲ့ အပြောအဆိုအပြုအမူတွေမှာ. . .အမှားနည်းအောင်ကျင့်ကြံသလို. . .
အခြားသူတွေနဲ့ယဉ်ကျေးစွာ
ဆက်ဆံနိုင်ခြင်းဟာ. . .
မိမိရဲ့ကိုယ်ကျင့်သီလပါပဲ. . .
ဒါတွေကိုမြင့်တင်တာဟာ. . .
မိမိရဲ့ကိုယ်ကျင့်သီလကို မြှင့်တင်တာပါပဲလူလေး. . .”

“အဖိုး. . .
ကျနော်စိတ်ထဲမှာမေးချင်လာတာတစ်ခု
ရှိပါတယ်. . . .
အဖိုးကို အရူးလို့ပြောပြီး. . .ဘာကြောင့်
မြို့ပြင်ထုတ်ထားရတာလဲ. . .”

“ဒါကတော့လူလေးရယ်. . .အဖိုးက
အစဉ်အလာ အယူအဆတွေကို
ဆန့်ကျင်မိတယ်လေ. . .
ဒါကြောင့်မြို့ပြင်ထုတ်ခံရတာပေါ့. .
အရူးဆိုတာကတော့. . .
နောင်မျိုးဆက်သစ် လူငယ်လေးတွေ. .
အဖိုးစကားကို နားမထောင်ရဲအောင်. . နားထောင်ချင်စိတ်မရှိအောင်. . .
နာမယ်ဖျက်ထားတာမျိုးပါ. . . ”

“ဟာ. . .
တော်တော်ဆိုးတဲ့လုပ်ရပ်ပဲဗျာ. . . .
အဲလူတွေကိုအဖိုးဘယ်လို
သဘောထားလဲ. . .”

“ခွင့်လွှတ်ခြင်းနဲ့ပဲချေဖျက်လိုက်ပါတယ်လူလေး
. . .ခွင့်လွှတ်ခြင်းဟာပဲ. .
ကိုယ့်ရဲ့သဘောထားကို.
ကြီးလာစေပါတယ်. . . . အဖိုးအနေနဲ့. . #နေရောင်ကိုမတွေ့လိုက်ရလို့ငိုကြွေးနေရင်. .
လရောင်နဲ့လွဲနေဦးမှာပဲလေ. . . .”

“မေးခွန်းတွေ မေးခွင့်ပြုလို့ကျေးဇူးပါအဖိုး. . .ကျနော်ပြန်လိုက်ဦးမယ်ဗျာ. . .”

“အေးကွယ်လူလေး. . .
ဖြည်းဖြည်းသွားကွယ်. . .”

အရူးအဖိုးအိုဆီက ပြန်လာတဲ့လူငယ်လေးဟာ
တစ်ဦးတည်း တီးတိုးရေ ရွတ်ရင်း. . .
မြို့ထဲကိုပြန်လာခဲ့တယ်. . . . .။

– မှတ်စုကြမ်း
Credit: Min Htike

ခရက်ဒစ်