Knowledge

သင်ရော သင့်မိဘတွေအပေါ် ဘယ်လိုသားသမီးအမျိုးအစားမှာပါလဲ

မိမိရဲ့ မိဘ တွေကို •အကြွေးဆပ် လာတဲ့သားသမီးနဲ့၊အကြွေးတောင်းလာတဲ့သားသမီး ဆိုပြီး အကျဉ်းအားဖြင့် (၂)မျိုး ရှိပါတယ်။

*အကြွေးဆပ် လာတဲ့ သား၊ သမီး ကတော့*

သူတတ်တဲ့ ပညာတွေနဲ့ မိဘတွေကို ပညာတတ်ရင်လည်း ပညာနဲ့၊ ပညာ မတတ်ရင်လည်း ခွန်အားနဲ့ လုပ်ကျွေး၊ ပြုစုပြီး ချမ်းသာ၊ သုခ ဆိုတဲ့ ကောင်းတာတွေကို ပေးတဲ့ သား၊ သမီး မျိုးပါ။

*အကြွေးတောင်း လာတဲ့ သား၊ သမီး ကတော့*

မိဘတွေကို စိတ်ဆင်းရဲအောင် လုပ်မယ်၊ ဂျီတိုက်မယ်။ ဥစ္စာတွေ သုံးဖြုန်းမယ်၊ မိဘ မသေခင် အမွေတောင်းမယ် ဆိုတဲ့ မကောင်းတဲ့ ဆင်းရဲ၊ ဒုက္ခတွေကို ပေးမယ့် သား၊ သမီး မျိုးပါ။

ဘုရားဟော စကားတော် အရ •••အတိဇာတ သား၊ အနုဇာတ သား၊ အဝဇာတ သား ဆိုပြီး (၃)မျိုး ရှိတယ်လို့ ဆိုတယ်။

အတိဇာတ_သား_ဆိုတာက ••မိဘထက်ကို ပိုပြီး ကိုယ်ကျင့်သိက္ခာ၊ အရည်အချင်း က အစ သာသွားတာ၊ ဥပမာ – ဘုန်းကြီး၊ ရဟန်း အဖြစ်နဲ့ ဘုရား သားတော်၊ သမီးတော် အဖြစ် ဝိနည်းနှင့် အညီ နေထိုင်၊ ကျင့်ကြံခြင်းနှင့် မိဘများကို လုပ်ကျွေး၊ ပြုစုပြီး ချမ်းသာခြင်း ကောင်းကျိုးတွေကိုသာ ပေးတဲ့ မြင့်မြတ်တဲ့ အမျိုးကောင်း သား၊ သမီး ဖြစ်ပါတယ်။

အနုဇာတ_သား_ဆိုတာက ••မိဘနဲ့ ကိုယ်ကျင့်သိက္ခာ တူညီပြီး မိဘကို လုပ်ကျွေးပြုစု၊ ကျွေးမွေး စောင့်ရှောက်တဲ့ သား၊ သမီး မျိုးပါ။

အဲ့ဒီ (၂)မျိုးက သားကောင်း၊ သမီးကောင်း တွေပေါ့။
အထက်မှာ ပြောထားသလို အကြွေးဆပ်မယ့် သား၊ သမီး မျိုးပေါ့။

အဝဇာတ_သား_ဆိုတာက ••မိဘထက် နိမ့်ပါးသွားပြီး မိဘကို ဒုက္ခပေးဖို့ သက်သက် ဖြစ်လာတဲ့ သား၊ သမီးမျိုး။ မွေးလာလို့သာ ချစ်မြတ်နိုး ရပေမယ့် ဒီလို သားဆိုး၊ သမီးဆိုး မျိုးကိုတော့ ဘယ်မိဘမှ မလိုလားတဲ့ သား၊ သမီး မျိုးပါ။

ဒီ သား၊ သမီး မျိုးကျ အထက်မှာ ပြောထားသလို အကြွေး လာတောင်းတဲ့ သား၊ သမီး မျိုးပေါ့။

ဒါပေမယ့် မိဘ ဆိုတာက ဘယ်သား၊ သမီးကို မဆို၊ ဆိုးရင်လည်း ဂရုဏာနဲ့ ကိုယ့်ရဲ့ ရင်သွေးတွေကို ချစ်တာပါပဲ။

ကောင်းတဲ့ သား၊ သမီး ကိုလည်း လိမ္မာလို့ ချစ်ရတာ ပါပဲ။ ခွဲခြားတာမျိုးတော့ မရှိဘူးပေါ့။

တကယ် လိုလားတာက အတိဇာတ သား၊ သမီး မျိုးသာ မိဘတိုင်း လိုလား ကြပါတယ်။

ဒါကြောင့် သား၊ သမီးတွေ အနေနဲ့ ကိုယ်က ဘယ်လို သား၊ သမီး အမျိုးစားထဲ ပါနေလဲး စဉ်းစားပြီး အချိန်မီ ပြုပြင်ပါ၊ ကြိုးစားပါ လို့ တိုက်တွန်းပါတယ်။

မိဘ တွေအပေါ် အတိဇာတ သား၊ သမီး မျိုးထိ မဖြစ်နိုင်ရင်တောင် အနုဇာတ သား၊ သမီး လောက်တော့ အနည်းဆုံး ဖြစ်အောင်လို့ မိဘကို ကျွေးမွေး၊ စောင့်ရှောက်နိုင်တဲ့ သားကောင်းများ၊ သမီးကောင်းများ ဖြစ်အောင် ကြိုးစား ကြပြီး မိဘတို့၏ ကောင်းကျိုး၊ ချမ်းသာ တို့အတွက် အသက်ပေးလို့ ကာကွယ်တဲ့ မိဘတို့၏ ကျေးဇူးကို အထူး ဆပ်နိုင်ကြသူများ ဖြစ်ကြပါစေ။

Credit #ဦးမြင့်ခိုင် & #SaiMyoWin
Unicode