Knowledge

ဘဝမှာ သူများအသုံးချခံ လူမဖြစ်စေဖို့အတွက်

ဘဝမှာ သူများအသုံးချခံ
လူမဖြစ်စေဖို့အတွက် အဓိကကျတဲ့ အချက်(၅)ချက်ကို
ရှောင်ပါ….

(1)သူတစ်ပါးအပေါ် သနားတတ်လွန်း
တဲ့စိတ်ကိုလျော့ပါ…

ငါသာလျှင် သူ့နေရာမှာဆိုတဲ့စိတ်နဲ့
လူတိုင်းအပေါ် သနားတတ်တဲ့
လူတွေကပဲ အမြဲတမ်း
အဲ့ဒီစိတ်ကြောင့် သူတစ်ပါးရဲ့ အသုံးချခံအဖြစ်နဲ့ ဘဝမှာ ရှင်သန်နေရတတ်ပါတယ်။

ဒါကြောင့် လူတိုင်းအပေါ်
မျှတစွာ တွေးပေးပြီး သနားကျင်နာတတ်ခြင်းက လူတစ်ချို့အတွက်
လိုအပ်ချက်တစ်ခု ဆိုပေမယ့် လူတစ်ချို့အတွက် သင့်ရဲ့သနားတတ်တဲ့စိတ်ကို ဟန်ဆောင်မျက် နှာဖုံးနဲ့ချနင်းသွားမယ့် လူတွေရှိနေတတ်ကြပါတယ်။

(2)ကိုယ်ချင်းစာစိတ်ကို လူတိုင်းကိုမပေးပါနဲ့ ပြန်သုံးသပ်ပါ…

လူတစ်ဖတ်သားအပေါ် အမြဲတမ်း
ကိုယ်ချင်းစာစိတ်နဲ့ တွေးပေးတတ်တဲ့
သူတွေဟာ တစ်ခုခုဆိုရင် သူများရဲ့အသုံးချခံ အဖြည့်ခံ လူသားတွေပါပဲ…

အဲ့ဒီစိတ်ကို
အခွင့်ကောင်းယူပြီး ကိုယ့်သိက္ခာ ကို
ချင်းနင်းကြမယ့် သူတွေအတွက်
အဓိက အားသာချက်တစ်ခုပါ။

ဒါကြောင့် လူတိုင်းအပေါ် ကိုယ်ချင်းစာနာတတ်တဲ့ စိတ်နဲ့မြင်ပေးတာကောင်းပေမယ့် ပေးသင့်တဲ့လူလား
မပေးသင့်တဲ့လူလားဆိုတာ
ပြန်လည်သုံးသပ်ဖို့လိုပါတယ်။

(3)အားနာတတ်တဲ့ အကျင့်ကို
ဖျောက်ပါ…

လူတိုင်းအပေါ် အားနာတတ်တဲ့ စိတ်ကြောင့် ကိုယ့်ဘက်က ဘယ်လိုအခြေနေမျိုးပဲရောက်ရောက် ကူညီတတ်ကြတဲ့
လူတွေရှိတတ်ကြပါတယ်…

ဒီလိုကူညီလိုက်လို့ သူအဆင်ပြေသွားပေမယ့်ကိုယ်အရေးကြုံလါတဲ့အခါကိုယ့်ဘက်ကအဆင်မပြေပဲ
ကျန်နေခဲ့တဲ့ အချိန်တွေ များနေမှာပါ
ဒီလိုအခြေနေမျိုးက တစ်ကြိမ်တစ်ခါဆိုတာထက်
အကြိမ်ကြိမ် အခါခါ ဖြစ်နေတတ်တာမျိုးပါ ဒါက ကိုယ့်ရဲ့အားနာတတ်တဲ့စိတ်ကြောင့် သူတစ်ပါးရဲ့ချနင်းခြင်းကို
မသိလိုက်ပဲ ကိုယ့်စိတ်ရင်းကိုက
ကူညီချင်တတ်တဲ့ သူတွေရဲ့အားနည်းချက်တစ်ခုပါပဲ ။

ဒီအားနည်းချက်ကိုပဲ အခွင့်ကောင်းယူပြီးကိုယ့်သိက္ခာ ချနင်းသွားမယ့် လူတွေအများကြီးရှိနေတတ်တာမမေ့ပါနဲ့။

(4)အယုံ မလွယ်ပါနဲ့

အပြုံးတွေရဲ့ နောက်ကွယ်က
ဝှက်ထားတဲ့ ဓားသွားတွေကို
ကျွန်မတို့မမြင်နိူင်ပါဘူး
ဒီလိုပဲ ဘဝမှာ ကိုယ်ယုံကြည်ရတဲ့လူတွေကပဲ ကိုယ့်နောက်ကျောကို
ဓားနဲ့ထိုးသွားတာချည်းပဲမဟုတ်လား???
ကိုယ့်ဒူးတောင် ကိုယ်မယုံကြည်ရတဲ့ခေတ်ကြီးထဲမှာ အယုံလွယ်ပြီး သနားတတ်တဲ့ သင့်ကို ချနင်းမယ့်
ဟန်ဆောင်မျက်နှာဖုံးတွေ နဲ့လူတွေ
နေရာတိုင်းမှာ ရှိနေတယ်ဆိုတာ မမေ့ပါနဲ့ ။

(5)ရိုးသားပါ မတုံးအပါနဲ့

ရိုးသားသည့်ဂုဏ် စား၍မကုန်ဆိုတဲ့
ဆိုရိုးစကားက မှန်တယ်ဆိုပေမယ့်
ရိုးသားခြင်းဆိုတဲ့ နောက်က
တုံးအခြင်းကို တွဲမထားပါနဲ့…

လူတိုင်းက ကိုယ့်လိုစိတ်မျိုး
ရှိချင်မှ ရှိနိူင်တဲ့အတွက်
လူတိုင်းအပေါ် အရိုးခံနဲ့ပေါင်းသင်းဆက်ဆံခြင်းမျိုးက လူတစ်ချို့အတွက်
ကောင်းပေမယ့် လူတစ်ချို့အတွက်
သင့်ရဲ့ရိုးသားခြင်းကို အခွင့်ကောင်းယူပြီးကိုယ့်သိက္ခာ ကျဆင်းအောင်
ချောက်တွန်းဖို့ စောင့်နေတဲ့ လူတွေရှိနေတတ်ပါတယ်။

ဒါကြောင့် ရိုးသားခြင်းက
ဂုဏ်ယူစရာဆိုပေမယ့် “တုံးအ”ပြီး
လူတစ်ကားချနင်းမယ် ခပ်နုံနုံ လူအတစ်ယောက်တော့မဖြစ်ပါစေနဲ့။

ဘဝမှာ ကိုယ်ကောင်းနေသ၍
ကိုယ့်ခေါင်းဘယ်မှ မရွေ့ဘူးဆိုပေးမယ့်
ကိုယ့်အနား ရောက်လာသူတိုင်းက
ကိုယ့်အပေါ် ကောင်းဖို့ဆိုတာထက်
သူတို့အပေါ် ကောင်းနေလို့သာ
ကိုယ့်အနားမှာ ရှိနေခြင်းလည်း
ဖြစ်နိူင်ပါတယ်။

ဒါကြောင့်ဘဝမှာ အသုံးချခံ ချနင်းခံရမယ့် လူမဖြစ်စေဖို့အတွက်အဓိကကျတဲ့ အချက်(5)ချက်ကို တင်ပြပေးလိုက်ပါတယ်ရှင့်။

လေးစားစွာဖြင့်

credit#

Unicode