Vampires တွေက လူသိအများဆုံး မကောင်းဆိုးဝါးတွေထဲမှာပါဝင်နေပါတယ်။ သွေးစုပ်တယ်၊ နေရောင်ခံလို့မရဘူး၊ တစ်ခါတစ်ရံ လင်းနို့အဖြစ်ကိုပါ အသွင်ပြောင်းနိုင်တယ်ဆိုပဲ။ ဒါပေမယ့် ‘’Vampire’’ ဆိုတဲ့ အသုံးအနှုန်းကို စသုံးတာ သိပ်မကြာသေးဘူးတဲ့။ ဒါဆို သူတို့ကို အရင်ကဘယ်လိုတွေခေါ်ကြလဲ? မတူညီတဲ့ Vampire မူလဇာတ်မြစ်တွေကို ဖတ်ကြည့်လိုက်ရအောင်။EmpusaEmpusa ကတော့ Hecate ရဲ့သမီးပါ။ ( ဟုတ်ပါတယ်။ Demeterက သူ့သမီး Persephone ကို ရှာပုံတော်ဖွင့်ရာမှာ မီးတုတ် တစ်ချောင်းနဲ့ကူညီပေးခဲ့တဲ့ Hecate ပါ) သူ့ကိုတော့ ကြေးနဲ့လုပ်ထားတဲ့ခြေ ထောက်တွေရှိတဲ့ မကောင်းဆိုးဝါးတစ်ကောင်လို့ပြောကြပါတယ်။ မိန်းမချောလေးတစ်ယောက်ပုံစံပြောင်း၊ ယောက်ျားတွေကိုဆွဲဆောင်ပြီး သူတို့ရဲ့သွေးကိုစုပ်ယူခဲ့တာပေါ့။ Hecate ကိုယ်တိုင်ကတောင် ယပူဇော်ပွဲတွေမှာ သွေးသောက်တတ်တယ်လို့လဲ ဆိုကြပြန်တယ်။ သင်က Percy Jackson ဖတ်ဖူးတယ်ဆိုရင်တော့ Cheerleader အသွင်ယူထားတဲ့ Empusa မမကို မှတ်မိလောက်ရောပေါ့။ အဲ့ Empusa ကပဲ အချိန်ကာလရွေ့လျားတဲ့အခါ Vampire လို့အမည်တွင်သွားသတဲ့။ဂရိ Vampires တွေရဲ့အစ
Selene ဆိုတဲ့မိန်းမပျြိုလေးက Apollo ဘုရားကျောင်းကြီးမှာ အလုပ်အကျွေးပြုနေခဲ့တယ်။ တစ်နေ့မှာ Ambrogio လို့ခေါ်တဲ့ကောင်လေးတစ်ယောက်နဲ့ ဆုံမိပြီး ကောင်လေးက မြင်မြင်ချင်းချစ်မိသွားတယ်။ဒီလိုနဲ့ပဲ ချစ်သူတွေဖြစ်သွားကြတာပေါ့။ Apollo ကသိသွားတော့ ဒေါသထွက်ပြီး Ambrogio ကို ကျိန်ဆိုလိုက်တယ်။ ‘’ မင်းရဲ့အရည်အွပားပေါ် နေရောင်ကျတိုင်း ပူလောင်ပါစေ ‘’ ဆိုပြီးတော့ပေါ့။ကောင်လေးကလဲကြောက်လန့်ပြီးနီးရာဂူထဲကိုဝင်ပြီးHades ဆီကို အကူအညီတောင်းတယ်။
Hades ကလဲ သူ့အကူအညီလိုချင်ရင် Artemis ဆီက ငွေနဲ့လုပ်ထားတဲ့ လေးကို ခိုးပေးရမယ်တဲ့။ Ambrogio က သွားခိုးတော့ မိသွားရော။ Artemis က ကျိန်စာထပ်တိုက်တယ်။ ‘’ မင်းရဲ့ အရည်အပြားပေါ် ငွေသားထိမိတဲ့အခါတိုင်း လောင်ကျွမ်းပါစေ’’ တဲ့။ အဲ့တော့ ခိုးသွားတဲ့ ငွေလေးတော်ကို လက် ကမကိုင်နိုင်တော့ပဲ ပစ်ချလိုက်ရတယ်။ ကံကောင်းချင်တော့ Artemis က သနာွးပီး ကောင်လေးကို ဘယ်တော့မှအသက်မသေအောင်ရယ်၊ သာမာန်လူတွေထက်ထူးကဲတဲ့ အစွမ်းတွေရယ်ပေးလိုက်တာပေါ့။ အစွယ်တွေ လက်သည်းတွေတောင်ပါလိုက်သေးတယ်။
အချိန်တွေကြာလာတော့ Ambrogio က အသက်မကြီးပေမယ့် Selene ကတော့ တဖြည်းဖြည်း အိုမင်းလာတယ်။ Ambrogio လဲ Artemis ဆီက နောက်ဆုံးဆုအနေနဲ့ Selene ကိုပါ ပြောင်းပေးဖို့ခွင့်တောင်းတာပေါ့။ Artemis က Ambrogio ရဲ့သွေးကို Selene ကိုတိုက်ခိုင်းလိုက်တယ်။ သွေးသောက်လိုက်မိတယ်ဆိုတာနဲ့ Selene လဲ အစွယ်တွေ လက်သည်းတွေနဲ့ သူ့ချစ်သူလို သတ္တဝါဖြစ်သွားရတာပေါ့။ တစ်ခြားမတူတဲ့ version မှာတော့ Selene က လနတျ သမီးလေးဖြစ်သွားရတယ်တဲ့။
Vampire တွေရဲ့ သမိုင်းကြောင်းက သင်ထင်တာထက်ပိုရှုပ်ထွေးပါတယ်။ သွေးသောက်တတ်တဲ့ ဘယ်မကောင်းဆိုးဝါးမျိုးမဆိုက Vampire ဖြစ်နိုင်နေလို့ပါပဲ။ တချို့ကလဲ ကာလီမယ်တော်က ပထမဆုံးသွေးစုပ်ကောင်လို့သတ်မှတ်ကြတယ်။ တချြို့ကလဲ Anubis တို့လို Egypt နတ်ဘုရားတွေက အခုခေတ် Vampire လောကရဲ့ မြစ်ဖျားခံရာတဲ့။
ကျန်တဲ့သူတွေကလဲ ကမ္ဘာ့ပထမဆုံးမကောင်းဆိုးဝါးဖြစ်တဲ့ Lilith က Vampire တဲ့။ ဘယ်လိုပဲဖြစ်ဖြစ်ပါ။ ဒဏ္ဍာရီအသီးသီးကြောင့် ဇာတ်လမ်းအသီးသီးကတော့ ကွှဲပားမှာပဲလေ။ ကျွန်တော်တို့လုပ်ရမှာက အေးအေးဆေးဆေးထိုင်ပြီး နောက်ထွက်မယ့် Horror ကားအသစ်ထဲမှာ Vampire တွေပါလာမလား စောင့်ကြည့်နေဖို့ပဲမဟုတ်လား?Crd
Unicodeနတ်ဘုရားလေလား? သွေးစုတ်ဖုတ်ကောင်လေလား?
Vampires တွေက လူသိအများဆုံး မကောင်းဆိုးဝါးတွေထဲမှာပါဝင်နေပါတယ်။ သွေးစုပ်တယ်၊ နေရောင်ခံလို့မရဘူး၊ တစ်ခါတစ်ရံ လင်းနို့အဖြစ်ကိုပါ အသွင်ပြောင်းနိုင်တယ်ဆိုပဲ။ ဒါပေမယ့် ‘’Vampire’’ ဆိုတဲ့ အသုံးအနှုန်းကို စသုံးတာ သိပ်မကြာသေးဘူးတဲ့။ ဒါဆို သူတို့ကို အရင်ကဘယ်လိုတွေခေါ်ကြလဲ? မတူညီတဲ့ Vampire မူလဇာတ်မြစ်တွေကို ဖတ်ကြည့်လိုက်ရအောင်။EmpusaEmpusa ကတော့ Hecate ရဲ့သမီးပါ။ ( ဟုတ်ပါတယ်။ Demeterက သူ့သမီး Persephone ကို ရှာပုံတော်ဖွင့်ရာမှာ မီးတုတ် တစ်ချောင်းနဲ့ကူညီပေးခဲ့တဲ့ Hecate ပါ) သူ့ကိုတော့ ကြေးနဲ့လုပ်ထားတဲ့ခြေ ထောက်တွေရှိတဲ့ မကောင်းဆိုးဝါးတစ်ကောင်လို့ပြောကြပါတယ်။ မိန်းမချောလေးတစ်ယောက်ပုံစံပြောင်း၊ ယောက်ျားတွေကိုဆွဲဆောင်ပြီး သူတို့ရဲ့သွေးကိုစုပ်ယူခဲ့တာပေါ့။ Hecate ကိုယ်တိုင်ကတောင် ယပူဇော်ပွဲတွေမှာ သွေးသောက်တတ်တယ်လို့လဲ ဆိုကြပြန်တယ်။ သင်က Percy Jackson ဖတ်ဖူးတယ်ဆိုရင်တော့ Cheerleader အသွင်ယူထားတဲ့ Empusa မမကို မှတ်မိလောက်ရောပေါ့။ အဲ့ Empusa ကပဲ အချိန်ကာလရွေ့လျားတဲ့အခါ Vampire လို့အမည်တွင်သွားသတဲ့။
ဂရိ Vampires တွေရဲ့အစSelene ဆိုတဲ့မိန်းမပျြိုလေးက Apollo ဘုရားကျောင်းကြီးမှာ အလုပ်အကျွေးပြုနေခဲ့တယ်။ တစ်နေ့မှာ Ambrogio လို့ခေါ်တဲ့ကောင်လေးတစ်ယောက်နဲ့ ဆုံမိပြီး ကောင်လေးက မြင်မြင်ချင်းချစ်မိသွားတယ်။ဒီလိုနဲ့ပဲ ချစ်သူတွေဖြစ်သွားကြတာပေါ့။ Apollo ကသိသွားတော့ ဒေါသထွက်ပြီး Ambrogio ကို ကျိန်ဆိုလိုက်တယ်။ ‘’ မင်းရဲ့အရည်အွပားပေါ် နေရောင်ကျတိုင်း ပူလောင်ပါစေ ‘’ ဆိုပြီးတော့ပေါ့။ကောင်လေးကလဲကြောက်လန့်ပြီးနီးရာဂူထဲကိုဝင်ပြီးHades ဆီကို အကူအညီတောင်းတယ်။Hades ကလဲ သူ့အကူအညီလိုချင်ရင် Artemis ဆီက ငွေနဲ့လုပ်ထားတဲ့ လေးကို ခိုးပေးရမယ်တဲ့။ Ambrogio က သွားခိုးတော့ မိသွားရော။ Artemis က ကျိန်စာထပ်တိုက်တယ်။ ‘’ မင်းရဲ့ အရည်အပြားပေါ် ငွေသားထိမိတဲ့အခါတိုင်း လောင်ကျွမ်းပါစေ’’ တဲ့။ အဲ့တော့ ခိုးသွားတဲ့ ငွေလေးတော်ကို လက် ကမကိုင်နိုင်တော့ပဲ ပစ်ချလိုက်ရတယ်။ ကံကောင်းချင်တော့ Artemis က သနာွးပီး ကောင်လေးကို ဘယ်တော့မှအသက်မသေအောင်ရယ်၊ သာမာန်လူတွေထက်ထူးကဲတဲ့ အစွမ်းတွေရယ်ပေးလိုက်တာပေါ့။ အစွယ်တွေ လက်သည်းတွေတောင်ပါလိုက်သေးတယ်။အချိန်တွေကြာလာတော့ Ambrogio က အသက်မကြီးပေမယ့် Selene ကတော့ တဖြည်းဖြည်း အိုမင်းလာတယ်။ Ambrogio လဲ Artemis ဆီက နောက်ဆုံးဆုအနေနဲ့ Selene ကိုပါ ပြောင်းပေးဖို့ခွင့်တောင်းတာပေါ့။ Artemis က Ambrogio ရဲ့သွေးကို Selene ကိုတိုက်ခိုင်းလိုက်တယ်။ သွေးသောက်လိုက်မိတယ်ဆိုတာနဲ့ Selene လဲ အစွယ်တွေ လက်သည်းတွေနဲ့ သူ့ချစ်သူလို သတ္တဝါဖြစ်သွားရတာပေါ့။ တစ်ခြားမတူတဲ့ version မှာတော့ Selene က လနတျ သမီးလေးဖြစ်သွားရတယ်တဲ့။Vampire တွေရဲ့ သမိုင်းကြောင်းက သင်ထင်တာထက်ပိုရှုပ်ထွေးပါတယ်။ သွေးသောက်တတ်တဲ့ ဘယ်မကောင်းဆိုးဝါးမျိုးမဆိုက Vampire ဖြစ်နိုင်နေလို့ပါပဲ။ တချို့ကလဲ ကာလီမယ်တော်က ပထမဆုံးသွေးစုပ်ကောင်လို့သတ်မှတ်ကြတယ်။ တချြို့ကလဲ Anubis တို့လို Egypt နတ်ဘုရားတွေက အခုခေတ် Vampire လောကရဲ့ မြစ်ဖျားခံရာတဲ့။ကျန်တဲ့သူတွေကလဲ ကမ္ဘာ့ပထမဆုံးမကောင်းဆိုးဝါးဖြစ်တဲ့ Lilith က Vampire တဲ့။ ဘယ်လိုပဲဖြစ်ဖြစ်ပါ။ ဒဏ္ဍာရီအသီးသီးကြောင့် ဇာတ်လမ်းအသီးသီးကတော့ ကွှဲပားမှာပဲလေ။ ကျွန်တော်တို့လုပ်ရမှာက အေးအေးဆေးဆေးထိုင်ပြီး နောက်ထွက်မယ့် Horror ကားအသစ်ထဲမှာ Vampire တွေပါလာမလား စောင့်ကြည့်နေဖို့ပဲမဟုတ်လား?Crd