Knowledge

ွကက်သွန်ဖြူ၊ ကွကျသှနျနီ အနံ စွဲနေတာကို ဘယ်လို ဖျောက်မလဲ

အရင်ဆုံး ကြက်သွန်ဖြူ၊ ကြက်သွန် နီဟာ ခံတွင်းနံ့ကို ဘယ်လိုသက်ရောက်မှုရှိလဲဆိုတာ ပြောပြမယ်နော်။

လူတိုင်းဟာ တစ်ခါတရံ ခံတွင်းအနံ့ ရှိတတ်ပါတယ်။ အကြောင်းအရင်းကတော့ စားထားတာတွေကြောင့်လည်း ဖြစ်နိုင်သလို၊ ကျန်းမာရေး အခြေအနေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အစားအစာမှာ အဆိုးဆုံးနှစ်ခုကတော့ ကြက်သွန်ဖြူ နဲ့ ကြက်သွန် နီပါပဲ။ အထူးသွဖင့် အစိမ်းစားရင်ပေါ့။

ကြက်သွန်ဖြူကော အနီကောက တူညီတဲ့ မျိုးစိတ်တွေပါ။ ပါဝင်တဲ့ ဓာတ်တွေတူပြီး ဆာလ်ဖွာဒပ်ပေါင်းတွေ ပါပါတယ်။ ဒီဒြပ်ပေါင်းတွေဟာ သူတို့ပါဝင်တဲ့ အစားအစာကို အနံအသက် ပြင်းစေပါတယ်။ ကြက်သွန်ကို လှီးဖြတ်တဲ့အခါ ထောင်းတဲ့အခါ ဓာတ်ငွေ့တွေ ထွက်လာပါတယ်။ နောက်ပြီး ဓာတ်ငွေ့ထွက်စေတဲ့ ပိုးတွေနဲ့ဆို အနံ့ပြင်းတဲ့ ခံတွင်းနံ့ ထွက်လာစေပါတယ်။

ကြက်သွန်တွေဟာ စားပြီး တော်တော်ကြာတဲ့အထိ အနံ့ထွက်နေစေပါတယ်။ အစာခြေစနစ်ထဲရောက်တဲ့အခါမှာ သူတို့က ထွက်တဲ့ ပစ္စည်းတွေဟာ သွေးကြောထဲ စုပ်ယူခံရပြီး အဆုတ်ထဲကို ရောက်ပါတယ်။ အဲကနေ အနံ့ဆိုးထွက်စေပါတယ်။ ကဲ.. ဒါဆို ဘယ်လို လုပ်ကြမလဲ။

၁။ လတ်ဆတ်တဲ့ ပန်းသီး၊ ဟင်းနုနွယ် စတာတွေ စားပါ

ကြက်သွန်ဖြူများများနဲ့ ထမင်းစားခဲ့ရင် အချိုပှဲအနေနဲ့ ပန်းသီး ဒါမှမဟုတ် မင့်- Mint ကို ဝါးပေးလို့ ရပါတယ်။ လေ့လာမှုအရ ပန်းသီး၊ ဆလပ်ရွက် နဲ့ မင့်- Mintဟာ ကြက်သွန်ဖြူ အနံပျောက်စေပါတယ်။ လက်ဖက်စိမ်း ရေနွေးကြမ်းနဲ့ လိမ္မော်ရည်ကလည်း အထောက်အကူ ပြုနိုင်ပါတယ်။

၂။ စားပြီးတိုင်း ခံတွင်းသန့်ရှင်းရေး လုပ်ပါ

အနံ့ဆိုးထွက်စေတဲ့ပိုးတွေဟာ သွားဖုံးနဲ့ သွားချေးတွေထဲမှာ နေပါတယ်။ ကြက်သွန်စားပြီး သွားတိုက် သွားကြား သန့်ရှင်းတာဟာ ပိုးတွေကိုကော စားကြွင်းစားကျန်တွေကိုပါ ဖယ်ရှားပေးပါတယ်။ လျှပ်စစ် သွားတိုက်တံဟာ ဒီနေရာမှာ အသုံးတည့်ပါတယ်။ ဒီလိုနည်းနဲ့ ခံတွင်းအနံ့ရှင်းစေမှာပါ။လျှာနဲ့ အာခေါင်ကို သန့်ရှင်းပေးတာကလည်း အကျိုးရှိပါတယ်။ လမ်းသွားတဲ့အခါ ပိုက်ဆံအိတ်နဲ့ ဆန့်တဲ့ သွားပွတ်ကြိုးလေးတွေ ဆောင်သွားပါ။

၃။ ကလိုရင်း ဒိုင်အောက်ဆိုဒ်- Chlorine Dioxide ပါတဲ့ ပလုတ်ကျင်း ဆေးရည်သုံးပါ

သိပ္ပံဆိုင်ရာ အချက်အလက်တွေအရ ကလိုရင်း ဒိုင်အောက်ဆိုဒ်- Chlorine Dioxide ဟာ ခံတွင်းနံ့ဆိုးခြင်းတွေ အတွက် ကောင်းပါတယ်။ သွားချေးတွေ၊ ပိုးမွှားတွေနဲ့ စားကြွင်းစားကျန်တွေကိုပါ ဖယ်ရှားပေးပါတယ်။ ပလုတ်ကျင်းတာကိုတော့ သွားတိုက်၊ သွားကြားထိုးပြီးမှလုပ်တာ ပိုထိရောက်ပါတယ်။ အလွန်အကျွံ မသုံးမိအောင် ပုလင်းပေါ်က ညွှန်ကြားချက်တွေကိုတော့ လိုက်နာရပါမယ်။

၎။ အမွှေးဆီ သုံးပါ

ရနံ့ဆီတွေကို အရက် ကို အခြေခံပလုတ်ကျင်းဆေးရည်တွေထဲမှာ ထည့်တတ်ပါတယ်။ ခံတွင်းနံ့မွှေးစေတဲ့အပြင် တချို့အဆီတွေဟာ ပိုးသေစေနိုင်တာကြောင့် ရနံ့ဆီပါဝင်တဲ့ ပလုတ်ကျင်းဆေးရည်ကို အိမ်မှာ အလွယ်တကူ လုပ်နိုင်ပါတယ်။

ခံတွင်းနံ့ကောင်းစေတဲ့ ရနံ့ဆီတွေကတော့-

ပါပါ့မင့်ဆီ- Peppermint

ရိုစ့်မေရီဆီ- Rosemary

ယူကလစ် ဆီ

မုရန်စေး စတာတွေပဲဖြစ်ပါတယ်။

၅။ လျှာသန့်ရှင်းရေးကိရိယာ သုံးပါ

သွားတိုက်တံ မရောက်နိုင်တဲ့လျှာနောက်ဖက်နေရာတွေမှာ ပိုးတွေ ရှိပါတယ်။ လျှာက အဖြူရောင် ဖြစ်နေတယ်ဆိုရင် ဒါဟာ ဆဲလ်အသေတွေ၊ စားကြွင်းစားကျန်တွေနဲ့ ပိုးတွေရှိနေခြင်းကို ညွှန်ပြနေပါတယ်။ လျှာသန့်စင်ကိရိယာတွေဟာ လျှာရဲ့ နောက်ဖက်တွေကို ရောက်နိုင်ပြီး အနံ့ဆိုးတွေဖယ်ရှားပေးနိုင်ပါတယ်။

ဒီ ကိရိယာကိုသံုးတဲ့အခါ လ်ွာအနောက်ကနေ အရှေ့ကို ညင်ညင်သာသာ ဆွဲတဲ့ပုံစံ သုံးရပါတယ်။ ဒီလိုလုပ်တဲ့အခါ အွဖူရောင်အဖတ်လေးတွေပါ နိုင်ပါတယ်။ ဒီအခါရေဆေးချပြီး အဖတ်တွေ ကုန်သွားတဲ့အထိ ဆက်လုပ်ပေးပါ။ ဒါကို နေ့တိုင်းလုပ်နိုင်သလို ကြက်သွန်စားပြီးတိုင်း လုပ်ပေးလို့လည်း ရပါတယ်။

၆။ ရေရောထားတဲ့ ပန်းသီးရှာလကာရည် သောက်ပေးပါ

ပန်းသီးရှာလကာရည်မှာ ကောင်းတဲ့ပိုးမွှားတွေ ပေါက်ဖို့အားပေးတဲ့ ပက်တင် ပါပါတယ်။ ကြက်သွန်မစားခင် ရေတစ်ခွက်ထဲမှာ ပန်းသီးရှာလာကာရည်ကို စားပွဲတင်ဇွန်း တစ်ဇွန်း နှစ်ဇွန်းထည့်သောက်ပေးတာဟာ ကြက်သွန်ရဲ့ ဓာတ်တွေမြန်မြန် ထွက်သွားစေပါတယ်။ အစာခြေဖျက်တာကိုလည်း အားပေးပါတယ်။ ရေများများရောထားတဲ့ အရည်ကို စားပြီးချိန်သောက်ပေးလို့ ရပါတယ်။ ဒါမှမဟုတ် ပါးစပ်ထဲမှာ ၁၀ စက္ကန့် ၁၅ စက္ကန့်လောက် ငုံထားပြီး ပလုတ်ကျင်းလို့လည်း ရပါတယ်။

၇။ လက်ဖက်စိမ်းရည် သောက်ပေးပါ

စားပြီးတဲ့အခါ လက်ဖက်စိမ်းပူပူ တစ်ခွက်သောက်ပေးတာဟာ သွားမတိုက်ခင်အချိန်အထိ အနံဆိုးကို ယာယီ တားပေးနိုင်ပါတယ်။ လေ့လာမှုတစ်ခုမှာ လက်ဖက်စိမ်းပါတဲ့ ပလုတ်ကျင်းဆေးရည်သုံးတဲ့ လူ ၁၅ ယောက်ဟာ ပိုးသေဆေးပါတဲ့ ပလုတ်ကျင်းဆေးရည်သုံးတဲ့လူတွေလိုပဲ သွားချေးတွေ မရှိတာ တွေ့ရပါတယ်။ တခြားလေ့လာမှုတခုမှာ သွားတိုက်ဆေးနဲ့ လက်ဖက်စိမ်းဟာ နံနံပင်ဆီ၊ ပီကေနဲ့ မင့်- Mint တွေထက် ပိုကောင်းတာတွေ့ရပါတယ်။

၈။ ပူဒီနာ – Spearmint ပါတဲ့ ပီကေဝါးပါ

ဒီလို ပီကေ ဝါးတာဟာ ကြက်သွန်ဖြူအနံ့ကို ယာယီဖယ်ရှားပေးပါတယ်။ ပြီးတော့ ဒီလိုလုပ်တာဟာ လေတက်တာကို ကာကွယ်ပေးပြီး ကြက်သွန်တွေရဲ့ ရနံ့ကြာရှည်မှုကို လျော့ချပေးပါလိမ့်မယ်။

မှတ်ချက်

ကြက်သွန်ဖြူအနံ့ဟာ ကြာရှည်ပေမဲ့ မပျောက်တာမျိုး မဟုတ်ပါဘူး။ ကြက်သွန်ပါတဲ့ အစားအစာ စားရဖို့ရှိရင် ကြိုတင် စီစဉ်စရာရှိ စီစဉ်ပါ။ အင်တာဗျူး ဒါမှမဟုတ် အရေးကြီး အစည်းအဝေးမတိုင်ခင်မှာ ကြက်သွန်နီစားတာ ရှောင်ပါ။ ဒီလိုမှမဟုတ်ရင်လည်း အထက်ပါအချက်တွေကို သုံးပြီး ဘာလို နည်းလမ်းက တကယ်အဆင်ပြေလဲ စမ်းကြည့်လို့ရပါတယ်။ တကယ် အလုပ်ဖြစ်မယ်ထင်တာကို အပြင်သွားတဲ့အခါ ပြုလုပ်ပါ။

ခရက်ဒစ်

Unicode

ကြက်သွန်ဖြူ၊ ကြက်သွန်နီအနံ့ စွဲနေတာကို ဘယ်လို ဖျောက်မလဲ