Knowledge

“လက်ခုပ်ထဲကရေ

သူတပါးအားပေးမှ
ခွန်အားဖြစ်မှာတဲ့လားမိတ်ဆွေ။
ဒါဆိုသင့်က
သူတပါးလက်ခုပ်ထဲကရေပေါ့။

သူတပါးစေညွှန်းမှ
လိုက်နာတတ်တာလားမိတ်ဆွေ။
ဒါဆိုသင်က
ကိုယ်ပိုင်လမ်းစဉ်တွေမဲ့နေသူပေါ့။

သူတပါးဆုံးဖြတ်ပေးမှ
သင့်တော်တယ်လို့ထင်တာလားမိတ်ဆွေ။
ဒါဆိုသင်က
မလုပ်ရဲမကိုင်ရဲသူပေါ့။

သူတပါးကိုရင်ဖွင့်လိုက်မှ
ပေါ့ပါးသွားမှာတဲ့လားမိတ်ဆွေ။
ဒါဆိုသင်က မဖြေရှင်းတတ်သူပေါ့။
အဖြေမရှာတတ်သူပေါ့။

သူတပါးကိုအားကိုးလိုက်မှ
ရဲရင့်မှာတဲ့လားမိတ်ဆွေ။
ဒါဆိုသင်ကိုယ်၌က
အားကိုးထိုက်သူမဟုတ်ဘူးပေါ့။

သူတပါးသနားအောင်ပြောလိုက်မှ
မေတ္တာထားခံရမယ်ထင်နေလားမိတ်ဆွေ။
ဒါဆိုသင်က သနားစရာထဲမှာနစ်မွန်းနေသူပေါ့။

မိမိကိုယ်ကိုသနားလား
သနားစရာကောင်းမှန်းသိရင်
သနားစရာကောင်းတဲ့ဘဝထဲက
မိမိကိုယ်ကိုကယ်တင်လိုက်ပေါ့မိတ်ဆွေ။

သံသာရှင်းထက်
အတွေးအမြင်ရသစာစုများ

ခရက်ဒစ်

Unicode

“လက်ခုပ်ထဲကရေ”

သူတပါးအားပေးမှ
ခွန်အားဖြစ်မှာတဲ့လားမိတ်ဆွေ။
ဒါဆိုသင့်က
သူတပါးလက်ခုပ်ထဲကရေပေါ့။

သူတပါးစေညွှန်းမှ
လိုက်နာတတ်တာလားမိတ်ဆွေ။
ဒါဆိုသင်က
ကိုယ်ပိုင်လမ်းစဉ်တွေမဲ့နေသူပေါ့။

သူတပါးဆုံးဖြတ်ပေးမှ
သင့်တော်တယ်လို့ထင်တာလားမိတ်ဆွေ။

ဒါဆိုသင်က
မလုပ်ရဲမကိုင်ရဲသူပေါ့။

သူတပါးကိုရင်ဖွင့်လိုက်မှ
ပေါ့ပါးသွားမှာတဲ့လားမိတ်ဆွေ။
ဒါဆိုသင်က မဖြေရှင်းတတ်သူပေါ့။
အဖြေမရှာတတ်သူပေါ့။

သူတပါးကိုအားကိုးလိုက်မှ
ရဲရင့်မှာတဲ့လားမိတ်ဆွေ။
ဒါဆိုသင်ကိုယ်၌က
အားကိုးထိုက်သူမဟုတ်ဘူးပေါ့။

သူတပါးသနားအောင်ပြောလိုက်မှ
မေတ္တာထားခံရမယ်ထင်နေလားမိတ်ဆွေ။
ဒါဆိုသင်က သနားစရာထဲမှာနစ်မွန်းနေသူပေါ့။

မိမိကိုယ်ကိုသနားလား
သနားစရာကောင်းမှန်းသိရင်
သနားစရာကောင်းတဲ့ဘဝထဲက
မိမိကိုယ်ကိုကယ်တင်လိုက်ပေါ့မိတ်ဆွေ။

သံသာရှင်းထက်
အတွေးအမြင်ရသစာစုများ