Knowledge

နံနက် အိပ်ရာထ မျက်နှာသစ်နေစဉ် ကုသိုလ် ၅ မျိုး ကို ရအောင်ယူနည်း

၁။ ဒါန ကုသိုလ်

မနက်အိပ်ယာထ မျက်နှာသစ်တော့မယ် ဆိုရင် ရေဖလား ထဲကို ရေထည့် လိုက်ပါ။ မျက်စိ နဲ့ မြင်သာမယ့် ရင်ခေါင်းလောက်မှာ ရေဖလားကို ကိုင်ထားပါ။ ရေဖလားကို အပေါ်သို့ မမြှောက်လိုက် ပါနဲ့ မေတ္တာပို့တဲ့အခါ အဆင်မပြေမှာ စိုးလို့ပါ။လက်ကကိုင် ထားတဲ့ ရေဖလားနဲ့ မြတ်စွာဘုရားအား မျက်နှာ သစ်တော်ရေ ကပ်လှူပါ ၏ဘုရား ဘုရားတပည့်တော်ကို သနားချီးမြှောက်သော အားဖြင့် မျက်နှာ သစ်တော်မူ ပါဘုရား လို့ဆိုပြီး ကပ်လိုက်ပါ။ ဒါဆို ဒါနကုသိုလ် ဖြစ်သွားပါပြီ။

၂။ ဗုဒ္ဓနုသာတိ ကုသိုလ်

မြတ်စွာဘုရား မျက်နှာသစ်တော်ရေ အသုံးပြုနေပုံ ကို စိတ်နှလုံးမှာ အာရုံပြုပြီး အရဟံကို အနက်(၃)ခုနဲ့ ပွါးလိုက်ပါ။

အရဟံ ကိလေသာ မြူမှုန်ပင် ကင်းစင်တော်မူသော မြတ်စွာဘုရား အရဟံ ပူဇော်အထူးကို အထူးခံယူတော်မူထိုက်သော မြတ်စွာဘုရား အရဟံ ဆိတ်ကွယ်ရာ အရပ်မှာပင် မကောင်းမှုကို မပြုတော်မူသောမြတ်စွာဘုရား ဒါဆို ဗုဒ္ဓနုသာတိ ကုသိုလ်ဖြစ်သွားပါပြီ။

၃။ မတ်ေတာ ကုသိုလ်

ကြည်လင်နေတဲ့ ရေကိုကြည့်ပြီး ဤေရ အေးမြကြည်လင် သလို အဖေနဲ့ အေမ စိတ်ရောရုပ်ပါ အေးမြပါစေ။ ဤေရ အေးမြသလို ငါ့ရဲ့အလုပ်ရှင် စိတ်ရောရုပ်ပါ အေးမြပါစေ။

ဤေရ အေးမြသလို ငါ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ စိတ်ရော ရုပ်ပါ အေးမြကြပါစေ။ ဤေရ အေးမြ သလို သတ္တဝါအားလုံး စိတ်ရောရုပ်ပါ အေးမြကြပါစေ လို့ မေတ္တာပို့လိုက်ပါ။

ဒါဆို မေတ္တာကုသိုလ် ဖြစ်သွား ပါပြီ။ ဒါ့ကြောင့် ရေဖလား ကို အပေါ်မမြှောက်ပါနဲ့လို့ ပြောတာပါ။ အပေါ်မြှောက်ထားရင် မေတ္တာပို့ ရတာ အဆင်မပြေပါဘူး။ ရေကိုမြင်တဲ့နေရာမှာ ရေဖလား ကိုထားပြီး မေတ္တာပို့ရတာက ပိုအဆင်ပြေလို့ပါ။

၄။ မရဏာနုဿတိ ကုသိုလ်

ပြီးရင် ငါဒီတစ္ညေတာ့ အသက်ရှင် ခဲ့ပြီး ဝင်လေမဆုံးခင် ထွက်လေ မဆုံးခင် နံနက်၊ နေ့ည အချိန်မရွေး သေသွားနိုင်သည် လို့ မရဏာနုသာတိ ပြါး လိုက်ပါ။ ဒါဆို မရဏာနုသာတိ ကုသိုလ် ဖြစ်သွားပါပြီ။

၅။ အသုဘဘာဝနာ ကုသိုလျ

မျက်စိအတွင်းမှာ ရှိနေတဲ့ အညစ်အကြေးတွေ၊ နှာခေါင်းမှာ ရှိနေတဲ့ အညစ်အကြေးတွေ၊ ပါးစပ်မှာရှိနေတဲ့ အညစ်အကြေးတွေ ကို အာရုံပြုပြီး ငါ့ရဲ့ မျက်နှာဟာ စက်ဆုပ် ရွံရှာဖွယ် ပါတကား. လို့ အသုဘ ဘာဝနာ ပွါးလိုက်ပါ။

ခရက်ဒစ်

Unicode