မျှောလွှင့်နေတဲ့တိမ်တွေလိုပဲ
စိတ်တွေကတစ်ခါတရံလွင့်ပျံနေတယ်
လေနှင်ရာကိုလွင့်နေတဲ့သစ်ရွက်ကလေးလို
ဟိုလွင့်လိုက်ဒီလွင့်လိုက်၊ဟိုလူကခြေထောက်နဲ့နင်းလိုက်
ဒီလူကခြေထောက်နဲ့နင်းလိုက်ပေါ့လေ…😔
အနိုင်မယူတတ်တဲ့ဒီလူသားက
အရှုံးပေးခဲ့တာမဟုတ်ပါဘူးအနိုင်လိုချင်လို့
ပြောတဲ့သူတစ်ယောက်နိုင်စေချင်ခဲ့တာပါခံစားတတ်တဲ့
နှလုံးသားတော့ရှိတာပေါ့နာကျင်ပေမယ့်လည်း
ကျောမခိုင်းရက်ပါဘူး….😔
ငွေကြေးချမ်းသာကြွယ်ဝမှုမရှိပေမယ့်
စိတ်ဓာတ်ကိုတော့အဆင့်တန်းမြင့်မြင့်ထားပါတယ်
ဘယ်တော့မှ အောက်တန်းမကျခဲ့ပါဘူး
ပါးစပ်ပိတ်ခေါင်းငုံ့နေပါတယ်ကြောက်လို့မဟုတ်ပါဘူး
သည်းခံတတ်တာပါ….😔
ဘဝကိုအေးအေးဆေးဆေးနဲ့ရိုးရှင်းစွာ
ဖြတ်သန်းချင်သူပါ ဘယ်သူကိုမှလည်း
မကောင်းတဲ့စိတ်နဲ့ပြိုင်ဆိုင်လိုစိတ်မရှိဘူး
စကားတခွန်းပြောတိုင်းအထနကောက်တတ်တဲ့
လူတချို့နဲ့လည်းမဆုံတွေ့ချင်ဘူးစိတ်ပင်ပန်းလို့…..😔
နောက်ကျောကိုဓားနဲ့ထိုးလည်း
ပြုံးနေနိုင်ပါတယ်အနည်းဆုံးတော့လူတွေအကြောင်း
ပိုနားလည်တာပေါ့၊လူတစ်ယောက်
ကျွန်မကြောင့်မျက်ရည်မကျရရင်ကျေနပ်နိုင်ပါတယ်….😔
Credit ✍Zinmar
Unicode