အစတုန်းက
သူ့ကမ္ဘာမှာ အရေးအကြီးဆုံးပါ
နောက်တော့
သူ့ကမ္ဘာမှာ အရာအားလုံးဟာ
ကိုယ့်ထက် အရေးကြီးတာချည်းပဲ
ကိုယ့်အတွက် ဘာပဲလိုလို
ငွေကြေးထက် ဆန္ဒဟာ
အရေးအကြီးဆုံးပဲ
နောက်တော့
တတ်နိုင်တဲ့ အသေးအဖွဲလေးဖြစ်တဲ့
ဆန္ဒဟာ ငွေကြေးအောက် မှာ
ပျောက်ကွယ်မြဲပဲ
အစတုန်းက
သူ့အချိန်တိုင်းမှာ လိုအပ်နေတာပဲ
နောက်တော့
ကိုယ်အချိန်တွေပေးသလောက်
သူ့အကြောင်းပြချက်ထဲကလူတွေက အချိန်ပြည့် နေရာယူမြဲပဲ
ကိုယ်ကလွဲရင် ဖုန်းတို့၊
Messenger တို့မှာ
ခေါ်စရာလူမရှိသလောက်ပဲ
နောက်တော့
ကိုယ်ခေါ်ရင်တောင်
သူ့ဘက်က မအားတော့ဘူး
ကိုယ်နဲ့နီးဖို့ ယူဇနာ ၁၀၀ ဝေးပါစေတဲ့
နောက်တော့
တစ်မြို့တည်းတောင် ကမ္ဘာခြားလို့နေပြီ
ကိုယ့်ဘက်က စစ်ဆေးတဲ့အခါ
စိတ်မချလို့တဲ့
နောက်တော့
မေးသမျှ စကားတိုင်းဟာ
ကိုယ့်အတ္တကိုယ် စီချယ်နေတာတဲ့
တကယ်တော့
သူတစ်သက်လုံး မပေးနိုင်တဲ့ အရာတွေနဲ့
အစပိုင်းမှာ ပေးဆပ်ပြတာတွေဟာ
အချစ်ကို ခေါင်းစဉ်ပြတဲ့
ဟန်ဆောင်မြူဆွယ်ခြင်းလို့ခေါ်တဲ့
အယောင်ဆောင် အတ္တတွေပဲ
ထိုအတုယောင်တွေထဲမှာ
ကျမရော
လူတစ်ချို့ရော
ဘယ်လောက် နစ်မွမ်းခဲ့ကြဖူးလဲ….။
#ယမုန်ဖူး❤✍
Unicode
“အယောင်ဆောင်အချစ်”
**********************
အစတုန်းက
သူ့ကမ္ဘာမှာ အရေးအကြီးဆုံးပါ
နောက်တော့
သူ့ကမ္ဘာမှာ အရာအားလုံးဟာ
ကိုယ့်ထက် အရေးကြီးတာချည်းပဲ
ကိုယ့်အတွက် ဘာပဲလိုလို
ငွေကြေးထက် ဆန္ဒဟာ
အရေးအကြီးဆုံးပဲ
နောက်တော့
တတ်နိုင်တဲ့ အသေးအဖွဲလေးဖြစ်တဲ့
ဆန္ဒဟာ ငွေကြေးအောက် မှာ
ပျောက်ကွယ်မြဲပဲ
အစတုန်းက
သူ့အချိန်တိုင်းမှာ လိုအပ်နေတာပဲ
နောက်တော့
ကိုယ်အချိန်တွေပေးသလောက်
သူ့အကြောင်းပြချက်ထဲကလူတွေက အချိန်ပြည့် နေရာယူမြဲပဲ
ကိုယ်ကလွဲရင် ဖုန်းတို့၊
Messenger တို့မှာ
ခေါ်စရာလူမရှိသလောက်ပဲ
နောက်တော့
ကိုယ်ခေါ်ရင်တောင်
သူ့ဘက်က မအားတော့ဘူး
ကိုယ်နဲ့နီးဖို့ ယူဇနာ ၁၀၀ ဝေးပါစေတဲ့
နောက်တော့
တစ်မြို့တည်းတောင် ကမ္ဘာခြားလို့နေပြီ
ကိုယ့်ဘက်က စစ်ဆေးတဲ့အခါ
စိတ်မချလို့တဲ့
နောက်တော့
မေးသမျှ စကားတိုင်းဟာ
ကိုယ့်အတ္တကိုယ် စီချယ်နေတာတဲ့
တကယ်တော့
သူတစ်သက်လုံး မပေးနိုင်တဲ့ အရာတွေနဲ့
အစပိုင်းမှာ ပေးဆပ်ပြတာတွေဟာ
အချစ်ကို ခေါင်းစဉ်ပြတဲ့
ဟန်ဆောင်မြူဆွယ်ခြင်းလို့ခေါ်တဲ့
အယောင်ဆောင် အတ္တတွေပဲ
ထိုအတုယောင်တွေထဲမှာ
ကျမရော
လူတစ်ချို့ရော
ဘယ်လောက် နစ်မွမ်းခဲ့ကြဖူးလဲ….။
#ယမုန်ဖူး❤✍