Beauty

အခြေအနေအရမ်းဆိုးနေတဲ့ ဝက်ခြံတွေကို သက်သာသွားစေမယ့် သဘာဝပေါင်းတင်နည်း (၄)မျိုး

ပျိုမေတို့ အသားအရေထိန်းသိမ်းမှုလုပ်တဲ့အခါ ထိန်းသိမ်းရအခက်ဆုံးက ထိခိုက်လွယ်တဲ့အသားအရေလို့ ထင်တတ်ကြပါတယ်။ တကယ်တော့ ထိခိုက်လွယ်တဲ့ အသားအရေထက် ပိုဆိုးတာရှိပါတယ်။ အဲ့ဒါကတော့ အမြဲတမ်း ၀က်ခြံထွက် တတ်တဲ့ အသားအရေပါ။ ဘာ skin care ပဲသုံးသုံး ၀က်ခြံထွက်တတ်လို့၊ မျက်နှာပေါင်းတင်ရင်လည်း ၀က်ခြံထွက်တတ်လို့ ဘာမှမထိရဲလောက်အောင်ပါ။ အဲ့ဒီလို ၀က်ခြံအမြဲမပြတ်တဲ့ အသားအရေပိုင်ရှင်တွေအတွက် ၀က်ခြံတွေကို လုံးဝပျောက်သွားစေပြီး ၀က်ခြံအမာရွတ်တွေကိုပါ ပျောက်စေနိုင်တဲ့ သဘာဝပေါင်းတင်နည်းလေးတွေကို ဖော်ပြလိုက်ပါတယ်။

(၁) ဒိန်ချဉ် ၊ နနွင်းပေါင်းတင်နည်း

ဒိန်ချဉ် သုံးဇွန်း၊ ဆန်မှုန့် နှစ်ဇွန်းနဲ့ နနွင်း တစ်ဇွန်းတို့ကို သမ အောင် ရောမွှေပြီး ဘရပ်ရ်ှလေးနဲ့ မျက်နှာအနှံ့ခပ်ထူထူလေးလိမ်းပေးလိုက်ပါ။ မိနစ်နှစ်ဆယ်လောက်ထားပြီး ရေ အေးနဲ့မျက်နှာသစ်ပေးပါ။ပြီးရင် သုံးနေကျ တိုနာလေးလိမ်းပေးလိုက်ရုံပါပဲ။ တစ်ပတ်ကို နှစ်ခါလုပ်ပေးရုံနဲ့ ၀က်ခြံတွေလုံး၀သက်သာသွားပြီး အမာရွတ်တွေလည်း မှေးမှိန်သွားပါလိမ့်မယ်။

(၂) သစ်ကြမ်းပိုး ၊ ပျားရည် ပေါင်းတင်နည်း

သစ်ကြမ်းပိုးမှုန့်နှစ်ဇွန်း နဲ့ ပျားရည်နှစ်ဇွန်းကို ရောကာ မျက်နှာအနှံ့ လိမ်းပေးပြီး ဆယ့်ငါးမိနစ်လောက် ထားပေးပါ။ မျက်နှာသစ်ပြီး ခြောက်သွားအောင် ထားပေးလိုက်ပါ။ ဒီနည်းလမ်းကို တစ်ပတ်မှာ သုံးခါလောက် လုပ်ပေးလိုက်ရုံနဲ့ ၀က်ခြံတွေကို သက်သာစေပြီး နောက်ပိုင်းမှာ လည်း ၀က်ခြံတွေမဖြစ်တော့အောင် တားဆီးပေးနိုင်ပါတယ်။

(၃) ရှားစောင်းလက်ပပ် ၊ လက်ဖက်ဆီပေါင်းတင်နည်း

ရှားစောင်းလက်ပပ်အတွင်းသားကို ယူပြီး လက်ဖက်ဆီ နှစ်စက်၊ သုံးစက်လောက် ထည့်မွှေလိုက်ပါ။ ဘရပ်ရ်ှလေးနဲ့ မျက်နှာအနှံ့လိမ်းပေးပြီး ဆယ့်ငါးမိနစ်လောက်ကြာတဲ့အခါ ရေ နွေးလေးနဲ့ မျက်နှာသစ်ပေးလိုက်ပါ။ တစ်ပတ် သုံးခါ လောက်လုပ်ပေးလိုက်မယ်ဆိုရင် ၀က်ခြံအမာရွတ်တွေ လုံး၀ ပျောက်သွားပြိး ၀က်ခြံတွေလည်း သက်သာလာပါလိမ့်မယ်။

(၄) ကြက်ဥအကာ ၊ သံပရိုရည်ပေါင်းတင်နည်း

ကြက်ဥအကာတစ်လုံး၊ သံပရိုရည်တစ်ဇွန်းနဲ့ ပျားရည် ဇွန်းတစ်၀က်တို့ကို ရောမွှေပါ။ ရလာတဲ့အနှစ်ကို မျက်နှာအနှံ့လိမ်းပေးပြီး ဆယ့်ငါးမိနစ်လောက်ကြာရင် ရေအေးနဲ့ မျက်နှာသစ်ပေးလိုက်ပါ။ တစ်ပတ်မှာ နှစ်ခါလောက် လုပ်ပေးရုံနဲ့ ၀က်ခြံတွေ သက်သာလာပြီး မျက်နှာအသားအရေနူးညံ့လာပါလိမ့်မယ်။

credit – original uploader

Unicode