Knowledge

သူတစ်ပါးကို မကူညီနိုင်ဘဲ အပြစ်မတင်ပါနဲ့

ကောင်လေးတစ်ယောက်
ဘဲဥကဒ်တွေတင်ပြီး စက်ဘီးနဲ့
သွားနေတဲ့အချိန်မှာ ရုတ်တရက်
ခြေချော်ပြီး စက်ဘီးမှောက်သွားတယ်။

စက်ဘီးမှောက်တော့
ဘဲဥတွေကွဲကုန်တာပေါ့
အဲဒီချိန်မှာပုံမှန်လိုပဲ လူစုလူဝေးဖြစ်ပြီး
ကောင်လေးကို ဝေဖန်လေကန်ကြတာပေါ့
မင်းကစက်ဘီးကို သေချာမနင်းဘူး
ဘာညာပေါ့။

လူစုထဲက အသက်ကြီးကြီးနဲ့
လူတစ်ယောက်က ကောင်လေးရဲ့
ဘဲဥတွေကွဲတော့ သူ့ကို သူ့သူဌေး
ဆူတော့မှာပဲ ဆိုပြီး သူတတ်နိုင်တဲ့ငွေ
တစ်ထောင်ပေးပါတယ်။

ပြီးတော့ကောင်လေးကို
သူကပြောတယ် ဒီကလူတွေက
ဝေဖန်ရုံ သတ်သတ်မဟုတ်ဘူးတဲ့
သူတို့လဲ မင်းကိုတတ်နိုင်သလောက်
ကူညီကြ မှာပါကွာလို့
အားလုံးကြားလောက်အောင်
အသံမြှင့် ပြောပြီး
သူကထွက်သွားတယ်။

ဒီလိုပြောတော့ လူစုထဲက
လူတွေလဲ ကောင်လေးကိုသနားပြီး
သူတို့တတ်နိုင် သလောက်
ကူညီကြတယ် ကွဲတဲ့ဘဲဥ တန်ဖိုးထက်
ကောင်လေးက ပိုက်ဆံနှစ်ဆ သုံးဆ
ပိုရသွားတယ်

ကောင်လေးလဲပျော်သွားတာပေါ့။

အဲချိန်မှာ လူတစ်ယောက်က
ကောင်လေးကို အဲဒီအသက်ကြီးကြီး
လူသာ မင်းကိုမကူညီဘူးဆိုရင်
မင်းတော့ မင်းသူဌေးဆီမှာ
တော်တော်လေးအဆူခံရမှာပဲဆိုပြီးပြောတယ်။

ဒါနဲ့ကောင်လေးကပြုံးပြီးပြန်ပြောတယ်
အဲဒီ အသက်ကြီးကြီးလူက
ကျွန်တော့ သူဌေးပဲ ဆိုပြီးတော့။

ဒီစာလေးကို ဖတ်ပြီးတစ်ခုခုများ
သဘောပေါက်သွားရင် —-

crd

Unicode

သူတစ်ပါးကို မကူညီနိုင်ဘဲ အပြစ်မတင်ပါနဲ့

ကောင်လေးတစ်ယောက်
ဘဲဥကဒ်တွေတင်ပြီး စက်ဘီးနဲ့
သွားနေတဲ့အချိန်မှာ ရုတ်တရက်
ခြေချော်ပြီး စက်ဘီးမှောက်သွားတယ်။

စက်ဘီးမှောက်တော့
ဘဲဥတွေကွဲကုန်တာပေါ့
အဲဒီချိန်မှာပုံမှန်လိုပဲ လူစုလူဝေးဖြစ်ပြီး
ကောင်လေးကို ဝေဖန်လေကန်ကြတာပေါ့
မင်းကစက်ဘီးကို သေချာမနင်းဘူး
ဘာညာပေါ့။

လူစုထဲက အသက်ကြီးကြီးနဲ့
လူတစ်ယောက်က ကောင်လေးရဲ့
ဘဲဥတွေကွဲတော့ သူ့ကို သူ့သူဌေး
ဆူတော့မှာပဲ ဆိုပြီး သူတတ်နိုင်တဲ့ငွေ
တစ်ထောင်ပေးပါတယ်။

ပြီးတော့ကောင်လေးကို
သူကပြောတယ် ဒီကလူတွေက
ဝေဖန်ရုံ သတ်သတ်မဟုတ်ဘူးတဲ့
သူတို့လဲ မင်းကိုတတ်နိုင်သလောက်
ကူညီကြ မှာပါကွာလို့
အားလုံးကြားလောက်အောင်
အသံမြှင့် ပြောပြီး
သူကထွက်သွားတယ်။

ဒီလိုပြောတော့ လူစုထဲက
လူတွေလဲ ကောင်လေးကိုသနားပြီး
သူတို့တတ်နိုင် သလောက်
ကူညီကြတယ် ကွဲတဲ့ဘဲဥ တန်ဖိုးထက်
ကောင်လေးက ပိုက်ဆံနှစ်ဆ သုံးဆ
ပိုရသွားတယ်

ကောင်လေးလဲပျော်သွားတာပေါ့။

အဲချိန်မှာ လူတစ်ယောက်က
ကောင်လေးကို အဲဒီအသက်ကြီးကြီး
လူသာ မင်းကိုမကူညီဘူးဆိုရင်
မင်းတော့ မင်းသူဌေးဆီမှာ
တော်တော်လေးအဆူခံရမှာပဲဆိုပြီးပြောတယ်။

ဒါနဲ့ကောင်လေးကပြုံးပြီးပြန်ပြောတယ်
အဲဒီ အသက်ကြီးကြီးလူက
ကျွန်တော့ သူဌေးပဲ ဆိုပြီးတော့။

ဒီစာလေးကို ဖတ်ပြီးတစ်ခုခုများ
သဘောပေါက်သွားရင် —-

crd