Knowledge

အလှဆုံးသောမိန်းမ

လောကမှာ ကိုယ့်အလုပ်ကိုလုပ်
ကိုယ့်အကြောင်းပဲကိုယ်စိတ်ဝင်စားပြီး
ကိုယ့်ဝင်ငွေနဲ့ကိုယ်ရပ်တည်နိုင်တဲ့ မိန်းမက
အလှဆုံးသောမိန်းမပဲ

သူများနဲ့မပြိုင်ပဲ
သူ့အင်အားနဲ့သူပြိုင်ပီး
သူ့ဘဝအတွက်သူကြိုးစား
အောင်မြင်မှုတွေဆီ
လျှောက်လှမ်းနေတဲ့မိန်းမက
အလှဆုံးသော မိန်းမပဲ

သူများအကြောင်းမပြောသလို
သူများကိုလိုက်မကြည့်ပဲ
ကိုယ့်အနာဂတ်အိပ်မက် တွေအတွက်သာ
တစ်စိုက်မတ်မတ်အကောင်ထည်ဖော်ဖို့
ကြိုးစားနေတဲ့မိန်းမကသာ
အလှဆုံးသောမိန်းမပဲ

တနေ့ တနေ့ ကုသိုလ် ပညာ ဥစ္စာတွေနဲ့
ပျော်မွေ့ပြီး မေတ္တာစေတနာနဲ့သူတပါးကိုပါ
လမ်းပြပေးနေတဲ့ မိန်းမ ကသာ
အလှဆုံးသော မိန်းမ ပါပဲ

ကိုယ်ပိုင်အစွမ်းအစ
ကိုယ်ပိုင်အလင်းရောင်နဲ့
မိမိ သူတပါး နှစ်ပါးလုံးအတွက်
ထွန်းလင်းတောက်ပနေတဲ့မိန်းမက
လောက မှာ အလှဆုံးသော မိန်းမပါပဲ

———————————————

Credit to Originalwriter

Unicode

အလှဆုံးသောမိန်းမ____
လောကမှာ ကိုယ့်အလုပ်ကိုလုပ်
ကိုယ့်အကြောင်းပဲကိုယ်စိတ်ဝင်စားပြီး
ကိုယ့်ဝင်ငွေနဲ့ကိုယ်ရပ်တည်နိုင်တဲ့ မိန်းမက
အလှဆုံးသောမိန်းမပဲ

သူများနဲ့မပြိုင်ပဲ
သူ့အင်အားနဲ့သူပြိုင်ပီး
သူ့ဘဝအတွက်သူကြိုးစား
အောင်မြင်မှုတွေဆီ
လျှောက်လှမ်းနေတဲ့မိန်းမက
အလှဆုံးသော မိန်းမပဲ

သူများအကြောင်းမပြောသလို
သူများကိုလိုက်မကြည့်ပဲ
ကိုယ့်အနာဂတ်အိပ်မက် တွေအတွက်သာ
တစ်စိုက်မတ်မတ်အကောင်ထည်ဖော်ဖို့
ကြိုးစားနေတဲ့မိန်းမကသာ
အလှဆုံးသောမိန်းမပဲ

တနေ့ တနေ့ ကုသိုလ် ပညာ ဥစ္စာတွေနဲ့
ပျော်မွေ့ပြီး မေတ္တာစေတနာနဲ့သူတပါးကိုပါ
လမ်းပြပေးနေတဲ့ မိန်းမ ကသာ
အလှဆုံးသော မိန်းမ ပါပဲ

ကိုယ်ပိုင်အစွမ်းအစ
ကိုယ်ပိုင်အလင်းရောင်နဲ့
မိမိ သူတပါး နှစ်ပါးလုံးအတွက်
ထွန်းလင်းတောက်ပနေတဲ့မိန်းမက
လောက မှာ အလှဆုံးသော မိန်းမပါပဲ

———————————————

Credit to Originalwriter