Health

ေဂြးေတာက္ရြက္နွင့္ ေပ်ာက္ကင္းႏိုင္ေသာ ေဝဒနာမ်ား

က်န္းမာေရးအတြက္ ရံဖန္ရံခါ စားေပးသင့္တဲ့ ေဂြးေတာက္ရြက္

ေဂြးေတာက္ရြက္သည္ သလိပ္ျခင္း၊ ခၽြဲထျခင္း၊ လည္ေခ်ာင္းနာျခင္း၊ ေလေရာဂါ၊ ေညာင္းက်နာ၊ ပန္းနာရင္က်ပ္၊ ဒူလာ နွင့္ ျကြက္ အဆိပ္သင့္နာမ်ားကို ေပ်ာက္ကင္းေစ ပါသည္။ ထို့အျပင္ ဝမ္းမီးကို ေကာင္းေစျခင္း၊ အစာေၾကလြယ္ေစျခင္း၊ အမ်ိဳးသားအားကို တိုးပြါးေစျခင္း၊ အမ်ိဳးသမီးမ်ား အတြက္ ေသြးသား မွန္ကန္ေစျခင္းနွင့္ စိတ္ရႊင္လန္းေစျခင္း တို့ကို ျဖစ္ေစပါသည္။

ေဂြးေတာက္ရြက္ကို ေဆးအျဖစ္ အသုံးျပဳပုံမ်ား

၁။ ေဂြးေတာက္ရြက္ကို ဟင္းခ်ိုခ်က္ေသာက္ျခင္း၊ ေၾကာ္စားျခင္းျဖင့္ ေလထိုးေလေအာင့္၊ ဆီးခ်ဳပ္ေရာဂါမ်ား ေပ်ာက္နိုင္ပါသည္။

၂။ ေဂြးေတာက္ရြက္ကို ၾကိတ္၍ ၄င္းအရည္ျဖင့္ ေရယုန္နာကို ဆြတ္လိမ္းေပးျခင္းျဖင့္ ေပ်ာက္ကင္းေစနိုင္ပါသည္။

၃။ ထန္းရည္၊ အရက္ၾကာရွည္စြာ ေသာက္သုံးသူမ်ား တစ္ႏွစ္တစ္ခါ ေခြးေတာက္ရြက္ကို ၾကက္သားနွင့္ ခ်က္စားျခင္းအားျဖင့္ ကိုယ္ခႏၶာ အတြင္းရွိ အဆိပ္အေတာက္မ်ား ေျပေပ်ာက္ေစပါသည္။

၄။ အရြက္ကို မီးကင္၍ကပ္လွ်င္ အနာစိမ္း၊ ေသြးစုနာမ်ား အနာနုလွ်င္ ပိန္၍ အနာရင့္လွ်င္ ျပည္ေပါက္၍ ေပ်ာက္သည္။

၅။ အရြက္ကို ၾကိတ္၍ အုံစည္းေပးျခင္းျဖင့္ အဖုအက်ိတ္ မ်ားလည္း ေပ်ာက္ကင္းသည္။

၆။ ေဂြးေတာက္ရြက္ ကို သၾကားနွင့္ ေထာင္း၍ အုံေပးပါက အေၾကာအဆစ္ လြဲျခင္း ေပ်ာက္သည္။

၇။ ေဂြးေတာက္ရြက္ကို ဘဲဥနွင့္ ေၾကာ္စားပါက ခြန္အား တိုးပြားေစသည္။

၈။ ေဂြးေတာက္ရြက္ကို ေခြးရူးျပန္ေဆး၊ အန္ေဆးနွင့္ သလိပ္ရႊင္ေဆး မ်ားတြင္ ထည့္သြင္း အသုံးျပဳသည္။

၉။ ေဂြးေတာက္ရြက္ကို ၾကက္ရိုးနွင့္ ဟင္းရည္ျပဳတ္ ေသာက္ပါက ကာမအား တိုးေစပါသည္။

Unicode

ဂွေးတောက်ရွက်နှင့် ပျောက်ကင်းနိုင်သော ဝေဒနာများ

ကျန်းမာရေးအတွက် ရံဖန်ရံခါ စားပေးသင့်တဲ့ ဂွေးတောက်ရွက်

ဂွေးတောက်ရွက်သည် သလိပ်ခြင်း၊ ချွဲထခြင်း၊ လည်ချောင်းနာခြင်း၊ လေရောဂါ၊ ညောင်းကျနာ၊ ပန်းနာရင်ကျပ်၊ ဒူလာ နှင့် ကြွက် အဆိပ်သင့်နာများကို ပျောက်ကင်းစေ ပါသည်။ ထို့အပြင် ဝမ်းမီးကို ကောင်းစေခြင်း၊ အစာကြေလွယ်စေခြင်း၊ အမျိုးသားအားကို တိုးပွါးစေခြင်း၊ အမျိုးသမီးများ အတွက် သွေးသား မှန်ကန်စေခြင်းနှင့် စိတ်ရွှင်လန်းစေခြင်း တို့ကို ဖြစ်စေပါသည်။

ဂွေးတောက်ရွက်ကို ဆေးအဖြစ် အသုံးပြုပုံများ

၁။ ဂွေးတောက်ရွက်ကို ဟင်းချိုချက်သောက်ခြင်း၊ ကြော်စားခြင်းဖြင့် လေထိုးလေအောင့်၊ ဆီးချုပ်ရောဂါများ ပျောက်နိုင်ပါသည်။

၂။ ဂွေးတောက်ရွက်ကို ကြိတ်၍ ၎င်းအရည်ဖြင့် ရေယုန်နာကို ဆွတ်လိမ်းပေးခြင်းဖြင့် ပျောက်ကင်းစေနိုင်ပါသည်။

၃။ ထန်းရည်၊ အရက်ကြာရှည်စွာ သောက်သုံးသူများ တစ်နှစ်တစ်ခါ ခွေးတောက်ရွက်ကို ကြက်သားနှင့် ချက်စားခြင်းအားဖြင့် ကိုယ်ခန္ဓာ အတွင်းရှိ အဆိပ်အတောက်များ ပြေပျောက်စေပါသည်။

၄။ အရွက်ကို မီးကင်၍ကပ်လျှင် အနာစိမ်း၊ သွေးစုနာများ အနာနုလျှင် ပိန်၍ အနာရင့်လျှင် ပြည်ပေါက်၍ ပျောက်သည်။

၅။ အရွက်ကို ကြိတ်၍ အုံစည်းပေးခြင်းဖြင့် အဖုအကျိတ် များလည်း ပျောက်ကင်းသည်။

၆။ ဂွေးတောက်ရွက် ကို သကြားနှင့် ထောင်း၍ အုံပေးပါက အကြောအဆစ် လွဲခြင်း ပျောက်သည်။

၇။ ဂွေးတောက်ရွက်ကို ဘဲဥနှင့် ကြော်စားပါက ခွန်အား တိုးပွားစေသည်။

၈။ ဂွေးတောက်ရွက်ကို ခွေးရူးပြန်ဆေး၊ အန်ဆေးနှင့် သလိပ်ရွှင်ဆေး များတွင် ထည့်သွင်း အသုံးပြုသည်။

၉။ ဂွေးတောက်ရွက်ကို ကြက်ရိုးနှင့် ဟင်းရည်ပြုတ် သောက်ပါက ကာမအား တိုးစေပါသည်။