Knowledge

တောင်ကိုရီးယားရဲ့ ကိုဗစ် တတိယလှိုင်း နှင့် ကိုဗစ်ဆိုတာ တကယ်မရှိဘူးလို့ ယုံကြည်နေကြတဲ့ လူတစ်စု…

တောင်ကိုရီးယားအတွက် သတင်းကောင်းကတော့ အခုတလော ကိုဗစ် ကူးစက်တဲ့လူနာအသစ်တွေ ၁၀၀၀ အောက်ရောက်သွားပါပြီ။

semi-lockdown (ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေး အဆင့် -၂.၅) အပြင် ကန့်သတ်ချက်ဥပဒေတွေပါ ထပ်မံထုတ်ပြန်ခဲ့လို့ စီးပွားရေးမှာတော့ အများကြီးထိခိုက်ခဲ့တယ်။ အခုဆို တောင်ကိုရီးယားက အကြီးဆုံးဈေးဖြစ်တဲ့ Garak-dong ဈေးကြီးလည်းပိတ်ထားရတယ်။ တောင်ကိုရီးယားရဲ့ အကြီးဆုံးစိုက်ပျိုးရေးနဲ့ ရေလုပ်ငန်းဈေးကွက်ဖြစ်တဲ့ Garak-dong က Songpa-gu စိုက်ပျိုးရေးနဲ့ အဏ္ဏဝါထုတ်ကုန်လက်ကားဈေးကြီးလည်း ပိတ်လိုက်ရတယ်။ စီးပွားပျက်ပြီး ကိုယ့်ကိုယ်ကိုသတ်သေသူတွေလည်း ရှိခဲ့တယ်။

စိတ်မကောင်းစရာကတော့ တောင်ကိုရီးယားမှာ ဆေးအစစ်မခံတဲ့လူတစ်စုရှိနေပြီး သူတို့ထဲမှာ ဗိုင်းရပ်စ်လူနာအသစ်တွေ ရှိနေတယ်ဆိုတာပါပဲ။ ဒါကြောင့် ၁၀၀၀ အောက်ရောက်နေပြီဆိုတဲ့ ကိန်းဂဏန်းက အမှန်တကယ် မဟုတ်ပါဘူး။ သူတို့က အဲဒီလို ဥပဒေကိုမလိုက်နာဘဲ လူစုလူဝေးလုပ်ကြလို့ အစုလိုက်အပြုံလိုက် ကူးကြတယ်။ အဲ့ဒါက ပြဿနာဆိုပေမဲ့ ပိုကြီးတဲ့ပြဿနာက သူတို့ဟာ ဆေးအကုမခံတာပါပဲ။

မကြာသေးခင်ကာလက တောင်ကိုရီးယားမှာ တတိယမြောက်ဗိုင်းရပ်စ်လှိုင်းဖြစ်ပြီး လူနာအသစ် ၁၀၀ ကနေ ၁၀၀၀ ကိုခုန်တက်သွားတာ အဲဒီလူစုကြောင့်..။ အဲဒီလူစုဟာ Corona Conspiracy Theory ကိုယုံကြည်လို့ဆိုပြီးတော့ သတင်းထဲကြေညာသွားပါတယ်။

Corona Conspiracy Theory ဆိုတာ ရည်ရွယ်ချက်ရှိရှိ ဖန်တီးထားတဲ့ ကိုရိုနာ ကောလဟလ သတင်းကို ဆိုလိုပါတယ်။ ဒါကို ယုံပြီး Corona virus တကယ်မရှိ၊ ကပ်ဘေး တကယ်မရှိ၊ Mask တပ်စရာမလို၊ ကာကွယ်ဆေးထိုးစရာမလိုလို့ ယူဆသူတွေရှိတယ်။ ကမ္ဘာကြီးပျက်တော့မယ်လို့ ယူဆတဲ့သူတွေအထိ အမျိုးမျိုးရှိပါတယ်။ (Conspiracy Theory – လူတစ်ဦးတစ်ယောက် (သို့မဟုတ်) လူတစ်စုက ရည်ရွယ်ချက်ရှိရှိ ဖန်တီးထားတဲ့ ကောလာဟလ သတင်း) အခုခေတ်မှာ Conspiracy Theory နဲ့ ဘာသာရေး၊ နိုင်ငံရေးတွေကတစ်ဆင့် လူတွေကိုအသုံးချနေလို့ သတိထားနိုင်ပါမှ အသက်ရှင်ခွင့်ရမှာပါ..။

တောင်ကိုရီးယားရဲ့ ဗိုင်းရပ်စ်ပြန့်ပွါးမှုတတိယလှိုင်းကို ကြည့်ပါ။ ရဲတွေက စစ်လိုက်တော့ ‘BTJ Center for All Nations’ ဆီက အများကြီးပြန့်တာတဲ့။ BTJ Center for All Nations ဆိုတာ ခရစ်ယာန်သာသနာပြု ကော်ပိုရေးရှင်းဖြစ်တဲ့ International Mission Group (Intercorp) ကဖွင့်လှစ်တဲ့ သင်တန်းကျောင်းတစ်ခုဖြစ်ပါတယ်တဲ့။ ဒီသတင်းက အခု တောင်ကိုရီးယားမှာ ပွက်လောရိုက်နေပါတယ်။

ဗိုင်းရပ်စ်က BTJ သင်တန်း အဆောက်အအုံကနေ ၂၀၂၀ ခုနှစ် နိုဝင်ဘာလက စပြီးပျံ့နှံ့တာဖြစ်တယ်။ ဒါကို အစိုးရကခြေရာခံလို့ မရတဲ့အတွက် တတိယလှိုင်းဖြစ်သွားတာ။ ဘာလို့ခြေရာမခံမိသလဲဆိုတော့ သူတို့ထဲက ဆေးအစစ်မခံဘူး။ ရောဂါရရင်လည်း ဆေးရုံမသွားဘူး။ လူစုမြဲစုတယ်။ ဗိုင်းရပ်စ်တွေက အဲဒီက တိတ်တဆိတ်ပျံ့နေခဲ့..။ BTJ သင်တန်းသားတွေရဲ့စာရင်းကိုလည်း အခုချိန်အထိ ကျန်းမာရေးဝန်ကြီးဌာနကို မအပ်ပါ။ အခုလို ရဲဘက်က သိသွားတော့လည်း ၇၀ ရာခိုင်နှုန်းလောက်က ဆေးအစစ် မခံပါ။ တောင်ကိုရီးယား ရဲတွေက သာသနာပြုအဖွဲ့ Intercorp မစ်ရှင်အဖွဲ့ကို ဇန်နဝါရီလ ၁၁ ရက်နေ့က တရားစွဲလိုက်ပါပြီ။ Intercorp မစ်ရှင်အဖွဲ့ဟာ semi-lock down ချထားတာကို ဒီလ ၉ ရက်နေ့က ပဲ Gyeongbuk, Sangju မှာ သူတို့လူတွေထပ်စုပစ်လိုက်ကြတာမို့ စည်းမျဉ်းချိုးဖောက်မှုနဲ့ တရားစွဲခံရတာဖြစ်တယ်။ ဇန်နဝါရီလ ၁၁ ရက်မှာ ဆေးအစစ်မခံတဲ့သူတွေ တရားဥပဒေအရ အရေးယူမယ်လို့ကြေညာလိုက်တယ်။ ဇန်နဝါရီလ ၁၂ ရက်မှာ အဲဒီ အစွန်းရောက် ခရစ်ယာန် ဘာသာရေးအစည်းအဝေးမှာ လူပေါင်း ၃၀၀၀ အထိစုခဲ့ကြတယ်။ ဒါကြောင့် သန်း ၂၆၀၀ (ကိုရီးယား ဝမ်) ဒါဏ်ငွေချလိုက်တယ်။

သူတို့က ကမ္ဘာပျက်တော့မယ်ဆိုပြီး အရေးပေါ် စုဝေး ဆုတောင်းကြတယ်။ ပြည်သူတချို့ကလည်း သူတို့ တမင်သက်သက် ရောဂါပျံ့အောင်လုပ်နေတာလို့ စွပ်စွဲကုန်ကြတယ်။ တောင်ကိုရီးယားက ကိုရိုနာ ကပ်ဘေးက ခရစ်ယာန် အမည်ခံ ဘာသာရေးကျောင်းဖြစ်တဲ့ Shincheonji Daegu ကျောင်း ကစခဲ့တာမို့ ဒီလိုဖြစ်တိုင်း ခရစ်ယာန်တွေနဲ့ ခရစ်ယာန်မဟုတ်သူတွေ အငြင်းပွါးစရာတွေဖြစ်ကုန်ကြတယ်။

သူတို့ရဲ့ Corona Conspiracy Theory ကဘာလဲဆိုတော့ ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး ဆေးကု၊ ကာကွယ်ဆေးထိုးရင် ကျွန်ဖြစ်မယ်တဲ့။ “ အကယ်၍ ကျုပ်တို့ ကာကွယ်ဆေးထိုးရင် ကျွန်လုံးလုံးဖြစ်မယ်။ ကာကွယ်ဆေး ရရင်လည်း မထိုးကြပါနဲ့လို့” သင်းအုပ်ဆရာကိုယ်တိုင်က တိုက်တွန်းတာပဲ။ အဲဒီ Corona Conspiracy Theory က၂၀၂၀ ခုနှစ် ဇူလိုင်လက Gyeonggi-do က ဘုရားရှိခိုးကျောင်းတစ်ခုကစတယ်။ သူတို့က ဒီလိုပြောတယ်။ “ ဘီလ်ဂိတ်စ် (Bill Gates) က ကိုရိုနာကပ်ဘေးကိုတီထွင်တဲ့သူတွေထဲက တရားခံတစ်ယောက်ပါပဲ..” (Bill Gates – ဘီလျံနာ အမေရိကန်စီးပွားရေးလုပ်ငန်းရှင်၊ မိုက်ခရိုဆော့ဖ် (MS) ကိုတည်ထောင်သူ၊ ပရဟိတလုပ်ငန်းများစွာလုပ်သူ) ဘီလ်ဂိတ်စ်က အပြည်ပြည်ဆိုင်ရာကွန်ဖရင့်မှာ ၂၀၁၅ ခုနှစ်ကတည်းက COVID-19 ဗိုင်းရပ်စ်ပိုးအတွက် ကြိုတင်ပြင်ဆင်သင့်ကြောင်းပြောခဲ့တယ်။ Bill Gates ဟာ ဘာလို့ကြိုသိနေသလဲဆိုတော့ COVID-19 ရောဂါကို တီထွင်ပြီး ဖြန့်တဲ့အုပ်စုထဲ ငွေအများကြီးရင်းနှီးထားလို့ပဲ။ (Fact check အရ ဒီသတင်းဟာ လုံးဝ မဟုတ်ပါ။ အထောက်အထား၊ ကြားနာသူ၊ သက်သေလုံးဝမရှိတဲ့ အလိမ်သတင်းဖြစ်တယ်။)

Corona Conspiracy Theory က ဒီလို ဒရမ်မာတွေဆက်တယ်။ COVID-19 ကာကွယ်ဆေးက တခြားကာကွယ်ဆေးတွေနဲ့ မတူဘူးတဲ့။ လူ့ DNA ဖွဲ့စည်းပုံကို ပြောင်းလဲစေတယ်။ ဒီကာကွယ်ဆေးကို အီရတ်စစ်ပွဲအတွင်းမှာ အမေရိကန်ကစမ်းသပ်ခဲ့ဖူးတယ်။ စစ်သားတွေ ကြောက်စိတ်ပျောက်သွားတယ်။ ပြီးတော့ လိုရာခိုင်းလို့ရတဲ့ ကျွန်ဖြစ်သွားတော့တယ်။ သူတို့က လေချွန်ပြီးတောင် စစ်တိုက်ကြတယ်။

အကယ်၍ COVID-19 ကာကွယ်ဆေးထိုးရင် လူတွေရဲ့ DNA ပြောင်းသွားပြီးကြောက်ရွံ့မှုဆိုတာ လုံးဝမရှိ၊ အထက်ကခိုင်းတာလုပ်မယ့် ကျွန်တွေဖြစ်ကုန်မယ်လို့ဆိုတယ်။ ဒီသတင်းဟာ တစ်ကမ္ဘာလုံးက Facebook မှာလည်း အတော်ပြန့်နေတယ်။

ကိုရီးယားခရစ်ယာန်ဘာသာ အယူအဆလွဲမှုပပျောက်ရေး အကြံပေးစင်တာက အကြီးအကဲ Eui-jong Hwang က “ဒါဟာ ကျွန်တော်တို့ သမ္မာကျမ်းစာနဲ့ လုံးဝ မသက်ဆိုင်ပါဘူး။ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက် (သို့မဟုတ်) အုပ်စုတစ်ခုရဲ့ အခြေအမြစ်မရှိတဲ့ သတင်းဖြန့်လို့ ဖြစ်လာတဲ့ အငြင်းပွားမှုတစ်ခုဖြစ်တယ်။” လို့ဖြေရှင်းခဲ့တယ်။

ခရစ်ယာန်ဘာသာကျမ်းစာ ကျွမ်းကျင် လေ့လာသူတွေ ဒါကို “Back to Jerusalem” လို့ခေါ်တယ်တဲ့။ ဒါကြောင့် BTJ လို့ခေါ်တာဖြစ်တယ်။ သုတေသနစာတမ်းအရ Back-to-Jerusalem အယူအဆက ခရစ်ယာန်ဟာ ဂျေရုဆလင်မှာ စတင်ခဲ့ပြီး ကမ္ဘာအနှံ့ကိုတစ်ပတ်လည် ပျံ့နှံ့ပြီးနောက် ဂျေရုဆလင်ကို ပြန်လာမယ်ဆိုတဲ့ အယူအဆဖြစ်တယ်။ (ဂျေရုဆလင် to ဥရောပ to မြောက်အမေရိက to အရှေ့အာရှ to ဂျေရုဆလင်) ဒီလို ယုံကြည်ချက်ရှိတာကို အသုံးချပြီး Corona Conspiracy Theory တီထွင်သူတွေက သူတို့ဘက်ပါအောင် အဆင့်ဆင့် ဆွယ်ယူ သတင်းပေး၊ အစွန်းရောက် ခရစ်ယာန်တွေဖြစ်အောင်တွန်းပို့တာဖြစ်တယ်။ သူတို့က ကာကွယ်ဆေးထိုးပြီး ကျွန်တွေဖြစ်တော့မယ့်အရေးကို ရှောင်ပြီး ဂျေရုဆလင်ကိုခရီးဆက်ရမယ်ဆိုတဲ့ Corona Conspiracy Theory ကိုယုံကြည်ထားပါတယ်။ ဒီအရေးကို ကယ်မယ့်သူက အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ဖြစ်ပါတယ်ဆိုပြီး သူတို့ ယုံကြည်ကြတယ်ဆိုပြီး CBS ရေဒီယို သတင်းထဲပြောသွားပါတယ်။

Honam Theological University က ပါမောက္ခ Jin-gu Lee က ဒီလိုပြောခဲ့တယ်။ “ပြည်ပက ကိုရီးယားပရိုတက်စတင့် မစ်ရှင်တွေဆီမှာ ဘာသာရေးစစ်ရေးဝါဒဆိုတာရှိတယ်” တဲ့။ ဒါတွေဟာ အခုလတ်တလော အမေရိကန်မှာဖြစ်နေတဲ့ ဒေါ်နယ်လ် ထရမ့် ပြဿနာတွေနဲ့ အားလုံးဆက်စပ်နေတယ်လို့ဆိုတယ်။

တောင်ကိုရီးယားမှာ ဇန်နဝါရီလ ၁၀ ရက်နေ့က ကိုရိုနာ လူနာအသစ် ၄၅၁ ယောက်၊ ၁၁ ရက်နေ့က ၅၃၇ ယောက်။ ၁၂ ရကနေ့က ၅၆၂ ယောက်ပါ။ တစ်ထောင်အောက်ကျသွားတယ်ဆိုပေမဲ့ ပြည်သူတွေစိုးရိမ်နေကြတာ Corona Conspiracy Theory ကြောင့်ဖြစ်တယ်။ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလက Shincheonji Daegu ဘုရားကျောင်းလိုများ ထပ်ဖြစ်မလားဆိုတဲ့ အတွေးနဲ့ပေါ့။ လူတွေကလည်း စီးပွါးရေးကျလှပြီလေ..။

အခုအထိတော့ BTJ သင်တန်းသား လူ ၈၀၀ ကိုစမ်းသပ်ခွင့်ရခဲ့ပြီး ၁၅၄ ယောက်က ဗိုင်းရပ်စ်ရှိနေတယ်။ ဒါဟာ ၃၀ % ပဲ အစစ်ခံတာဖြစ်တယ်။ သူတို့ကို ဆက်လိုက်တော့ သူတို့ဟာ အစည်းအဝေးတွေကို (Busan, Incheon, Gwangju, Daejeon, Jeonnam, Chungbuk, Chungnam နှင့် Gangwon) မှာလုပ်ခဲ့ပြီး လူ ၅၀၅ ယောက်ကို ထပ်ကူးစေခဲ့။

ပြီးခဲ့တဲ့အပတ်တုန်းကလည်း အမေရိကန်မှာ ဆေးဆိုင်ကဆေးဝါးပညာရှင်တစ်ယောက်က Moderna ကာကွယ်ဆေး (ထိုးဆေး) ၅၀၀ကို ဖျက်ဆီးခဲ့လို့ အဖမ်းခံရသေးတယ်။ ဒါဟာလည်း Corona Conspiracy Theory ကြောင့်လို့ ရဲတွေကပြောခဲ့တယ်။

ကာကွယ်ဆေးမထိုးလိုသူ (Anti-vaccine) အများဆုံးနိုင်ငံက ပြင်သစ်နိုင်ငံဖြစ်ပါတယ်တဲ့။ Corona Conspiracy Theory ကြောင့် မယုံတာလည်းပါတယ်။ အခြားအကြောင်းကြောင့်တွေလည်းပါတာပေါ့။ ဥရောပမှာဆို ကိုရိုနာ Corona Conspiracy Theory ကို မယုံကြဖို့ သတင်းအမှန်ကို စစ်ဆေးပေးတဲ့ ဝက်ဘ်ဆိုဒ်လုပ်ပေးထားတယ်။

နိုင်ငံတချို့မှာ အစိုးရက ပြည်သူတွေအတွက် ကာကွယ်ဆေးတွေဝယ်ပေမဲ့ anti-vaccine ကြောင့် ကာကွယ်ဆေးတွေကို မထိုးတာမို့ လွှင့်ပစ်နေရပါတယ်။

၂၀၂၀ ခုနှစ်မှာ ဗိုင်းရပ်စ်ကူးစက်သူတွေက ကြောက်စရာကောင်းအောင်တိုးလာပြီး အသေအပျောက်များလို့ ကာကွယ်ဆေးကို မျှော်လင့်အားကိုးခဲ့ကြတယ်။ ၂၀၂၁ ကာကွယ်ဆေးရလာတော့ လူမညီတော့ဘူး။ ဆေးမထိုးဘူးတဲ့.. ဖြစ်ကြပြန်ရော။

ကိုယ့်နိုင်ငံကလူတွေ ကာကွယ်ဆေးထိုးလို့မပြီးပါဘူး။ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံရှိတဲ့ ကမ္ဘာကြီးရဲ့ ၇၀% က ဗိုင်းရပ်စ်ကိုခုခံနိုင်တဲ့ ကိုယ်ခံစွမ်းအားစနစ်ကိုမရရင် ကပ်ဘေးကြီးက ဆက်ပြီးဆိုက်နေဦးမှာဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်မှာ Conspiracy Theory က နိုင်ငံတိုင်းမှာ စိန်ခေါ်မှုတစ်ခုဖြစ်နေပြီ။ သတိထားကြပါ။ ဒီနေ့ Conspiracy Theory အဖြစ်အပျက်တွေအားလုံးဟာ တစ်ကမ္ဘာလုံးရဲ့ နိုင်ငံရေး ဘာသာရေး ကပ်ဘေး အားလုံး ဆက်စပ်နေတယ်ဆိုတာ သတိပြုရပါမယ်။

မရွှေမိုး (ကိုရီးယား)

Unicode