Knowledge

ကျိန်စာသင့်သူ

စိန် တိုး တို့ရွာငယ်လေး က ပုဂံမြေ မှာ နာမည်ကြီး မြင်းကပါရွာနဲ့ ခပ်လှမ်းလှမ်းမှာ ရှိနေတယ် ၊ ရွာထဲ မှာတော့ ထုံးစံ အတိုင်း ထန်းပင်တွေဝေေ၀ဆာဆာ…….ထန်း နဲ့ပတ်သတ် တဲ့ လုပ်ငန်းတွေ ၊

ယွန်းထည်လုပ်ငန်းတွေ ၊ တစ်ချို့တစ်ချို့က မှေးမြူရေးလုပ်ပြီး အသက်မှေးကြ တယ် ၊ ရာဇ၀င်တွေထဲက မြန်မာတွေရဲ့ အသည်းနှလုံး လို့ တင်စားလောက် တဲ့ ပုဂံမြေမှာ လူဖြစ်လာရလို့လားမသိဘူး ၊

တစ်ရွာလုံးက မချမ်းသာကြပေ မယ့် သူ့ဟာ နဲ့သူတော့ ဘ၀င်ကျတဲ့စိတ်ကလေးတွေ ကိုယ်စီ နဲ့ နေပျော်အောင်နေနေကြ တယ် ၊ ဘုရားပျက်တှေ. စေတီအ ပြိုေွေ၊ အုတ်ရိုးအပဲ့တွေကြားမှာ သူတို့ကလေးဘ၀က ဆော့ကစားရင်းနဲ့ လွမ်းမောဖွယ်ရာ အတိတ်တွေက လည်း တထွေကြီး… ၊

အဲ့ဒီအချိန် တုနျးကဆိုရင် အစိုးရကလည်း ရဲဘော်နီ ၊ ရဲဘော်ဖြူ စ တဲ့ ပါတီတွေကှဲ ၊ အုပ်ချုပ်မှုတွေပျက်ဆီးနေတဲ့အချိန် တိုင်းပြည်တစ်ခုလုံးကို ထိထိရောက်ရောက် မထိန်းနိုင်ဖြစ်နေတဲ့ကာလ… ၊ စိန် တိုး တို့ ရဲ့ ရွာလေးကလည်

း အစိုးရ အုပ်ချုပ်မှုရင်ခွင် နဲ့ ဝေးနေတဲ့ကလေးငယ်လိုဖြစ်နေရတယ် ၊ ဒါပေမယ့် ရွာတွင်းရွာပြင်မွှပသနာတစ်စုံတစ်ရာ တစ်ခါမှမဖြစ်ကြဘူး ၊ ဒီလိုမဖြစ်အောင် လည်း ရွာတွေမှာရှိကြ တဲ့ ဘုန်းတော်ကြီးတွေ ၊ ရွာလူကြီး ရပ်မိရပ် ဖတွေက စည်းစည်းလုံးလုံးနဲ့ ထိန်းနိုင်ကြ တယ်လေ ၊ မြန်မာပြည်မှာ သာသနာတော် စွပီးထွန်းကားစေတဲ့ အရပ်မို့ ထင်တယ် တစ်ရွာလုံး က အေးချမ်းပြီးသား ပါပဲ ၊

ဒါပေမယ့် တစ်ခါတစ်လေမှာ ပုထုစဉ်တွေမို့ လူတှေရဲ့စိတ်မှာဖြစ်လေ့ရှိတဲ့ လောဘ ၊ ဒေသ ၊ မောဟ မီးတွေကိုတော့ ထိန်းချုပ်ရခတ်ခဲနေတတ်တယ် ၊ စိန် တိုးတို့ရွာကလေးက ဘေးနားဝန်းကျင်ကရွာတွေလို မချမ်းသာကြပေမယ့်လည်း သူ့ဟာနဲ့သူတော့ နေနိုင်စားနိုင်ကြတယ် ၊ ချွင်းချက်အနေနဲ့ တစ်ချို့ ရွာထဲမှာနေ့ချင်းညချင်း ချမ်းသာသွားကြတဲ့သူတွေလည်းရှိသေးတယ်

၊ ဘယ်လိုကြောင့် နေ့ချင်းညချင်း ချမ်းသာသွားကြတာလဲဆိုရင် ရွာကလေးရဲ့ ရေခံမြေခံကြောင့်လိုတစ်ချို့ကပြောကြတယ် ၊ တစ်ချို့ကတော့ ဒီလိုကြီးပှားမှုတွေက သံသရာအတွက်မကောင်းဘူးလို့ ပြောကြတယ်

၊ ဘာကြောင့်သူတို့တွေဒီလိုပြောနေကြတာလဲ….. ၊စိန် တိုးကတော့ ကိုယ်နဲ့ထိုက်လို့ကိုယ်ရတာ..ဒါကြောင့် ချမ်းသာရတာလို့ပဲ ယုံကြည်ထားတယ် … ၊ ဘယ်လိုတွေချမ်းသာကြတာလဲ … ၊

“ စိန် တိုး မင်းသိပြီးပြီလား … ”

အတူတူထန်းရည်သောက်နေရင်းကနေ ၀က်သိုးကလှမ်းမေးလိုက်တဲ့အခါ စိန် တိုးက

“ ဝေ ဘာတုန်းကှ ”

“ ရွာတောင်းပိုင်းက ကိုကျော်မြတို့တွေမနေ့က အိမ်ဝိုင်းထဲမှာ ရေတွင်းတူးရင်း မြေထဲကနေရွှေအိုးကြီးတွေ့လို့တဲ့ဟ… ”

“ ဟ..မင်းပြောတာတကယ်လားဟငါတို့တွေတောင်မသိလိုက်ဘူး ”

“ ဟုတ် တယ်ဟေ့.. အဲ့သတင်းကို ကိုကျော်မြရဲ့မိန်းမမညိုချောပါးစပ်က ယောင်ပြီးထွက်လာလို့ ငါတို့သိရတာ…ငါလည်းငါ့မိန်းမဆီက ပြန်ကြားလာတာဟေ့… ၊ငါတို့ ကိုကျော်မြကတော့ ဘူးခံငြင်းနေတာပဲ ၊မကြာခင်ရက်ပိုင်းကျရင် ဒီလူတွေ အိမ်ဝိုင်းတွေပြင်မလား ၊ွမို့ပဲတက်မလားမသိဘူး စောင့်ကြည့်ရမှာပဲ… ”

သူတို့နှစ်ယောက်စကားကို ကြားဖြတ်အနေနဲ့သာခင်က

“ ဟုတ် တယ် ဒီလူတွေ သွားမေးရင်လည်း ဟိုဘက်ရွာတွေက ဘယ်ကမှန်းမသိတဲ့ အမျိုးတွေဆီက အမှေရတယ်လို့ပဲလိမျ မှာသေချာတယ် ”

သူငယ်ချင်းတွေစကားကိုနားထောင်ပြီးနောက် စိန် တိုး ကအားအင်ပြည့်ဝ ၀င်းလဲ့နေတဲ့ မျက်ဝန်းအစုံနဲ့ တစ်စုံတစ်ရာကိုတွေးနေမိတော့တယ် … ။

အညာမြေရဲ့ နေ့လည်ခင်းလေက ပူအိုက်တဲ့အငွေ့အသက်တွေပါနွေမဲပဲ

ဒီနှစ်ပိုင်းထဲမှာတင် စိန် တိုး တို့ ရွာထဲမှာ အဲ့လို မြေတွင်းတူးရင်း ၊ ရေတွင်းတူး ၊ရေကန် တူးရင်း ရွှေတိုငွေစတွေရလာတဲ့အကြောင်းတွေ ၊ တစ်ချို့ဆို နေ့ချင်းညချင်းကြီးပှားသွားကြတဲ့အကြောင်းတွေ ကြားကြားနေရတတ်တယ် ၊ တစ်နေ့တော့ ဘာအစီအစဉ်မှမရှိပါဘဲ စိန် တိုး ရဲ့အဖေက အိမ်ဝိုင်းထဲမှာရှိတဲ့ မြေတွေကိုတူးဆွနေတာကိုသွားမြင်လိုက်တယ်

“ အဘ…ဘာတွေလုပ်နေတာလဲ … နေပူကြီးထဲကို ဖယ်ဖယ် ကျုပ်လုပ်လိုက်မယ် ”

အဖေလုပ်သူက ဒီနေရာမှာ အပင်တစ်ပင်ပျိုးချင်လို့ မြေတွေကို ဆွနေတာပါလို့ပြောလာတယ် … သိပ်ကြာကြာမတူးလိုက်ရပါဘူး ၊ သင့်တင့်သလောက် မြေအကျယ်နဲ့ မြေလေးတွေ မှထွက်လာတယ် ၊ စိန် တိုးလည်း နောက်ဆုံးတစ်ချက်အနေနဲ့ မြေကြီးထဲကို အားစိုက်ပြီး ပေါက်တူးနဲ့လွှဲပေါက်လိုက်တဲ့အခါ မြေထဲမှာမှာ ပေါက်တူးက မြေအိုးတစ်လုံးနဲ့ ထိတဲ့အသံကိုကြားလိုက်ရတော့တယ်

“ ဂွက်….. ”

“ ဟာ….ဟင်… ”

စိန် တိုး တစ်ယောက် အတော်လေး ရင်ခုန်သွားမိပြီးတော့ မြေကြီးကိုသာသာလေးယက်ကြည့်လိုက်တဲ့အခါ မြေကြီးထဲမှာ ပေါက်တူးအရှိန်နဲ့ကွဲအက်သွားတဲ့ အိုးခြမ်းပဲ့လေးတွေကိုတွေ့လိုက်ရတယ် …

ဖြည်းဖြည်းချင်း ဆက်ပြီးတော့ လက် ကလေးနဲ့ ယက်ကြည့်တဲ့အခါမှာအိုးခြမ်းပဲ့တွေ အများကြီးအောက်ထဲကနွေဖိုးဖြိုးဖြောက်ဖြောက် ဖြစ်နေတဲ့ ပတ္တွမားခဲလေးတွေကိုညစ်နွမ်းအိုမင်းနွေပီး အိစင်းနေတဲ့ ရွှေထည်ပစ္စည်းအမျိုးမျိုးကို တွေ့လိုက်ရတယ် ….

၊ရွေတွေကို သာသာလေးယူပြီး ပုဆိုးစနဲ့ပွတ်ကြည့်လိုက်တော့မှ အရည်အသွေးအရမ်းကောင်းတဲ့ရွှေမှန်းသိသာအောင် ၀င်းတောက်လာပါလေရော… ၊ ဘာပြောကောင်းမလဲ စိန် တိုးရော သူ့အဖေရောခဏလေး ကြောင်အမ်းအမ်းဖြစ်နေရာက စိန်တိုးက

“ အဖေ…အဖေ…သားတို့ချမ်းသာပြီးဟား.ဟား.. ချမ်းသာပြီ အဖေ…. ”

“ ဟား…ဟား…. ဘုရားက ငါတို့ကို ပေးပြီသားရေ ငါတို့ဘ၀တော့ နေ့ချင်းညချင်းပြောင်းပြီ….ဟားဟား ”

သားအဖနှစ်ယောက်တည်းရှိကြတာမို့ တစ်ယောက်နဲ့တစ်ယောက် အားရ၀မ်းသာ ပွေ့ဖက်ထားကြရင်း အပျော်လွန်နေမိတယ်…. ၊ ရွာထဲကလူတွေ မြေကြီးထဲကနေ ရရနေတယ်လို့သတင်းကြားထားတာ အခုတော့ သူတို့သားအဖလည်း ရခဲ့ပြီမဟုတ်လား….. ၊

ရှေးဟောင်းလက်ရာ အုတ်ကျောက်တွေနဲ့ သေချာဆောက်ထားတဲ့ ကျောင်းကြီးမို့ အတော်လေးအိုနေယုံကလွဲပြီး ခန့်ထည်နေတုန်းပဲ… ၊ ကျောင်းအိုကြီးရဲ့အထဲမှာ သီတင်းသုံးနေတဲ့ ဆရာတော်အိုကြီးတစ်ပါးအနားမှာလည်း ရွာသူရွာသားတစ်ချို့က အုံနွေပီး အဲ့ဒီ့ရွာသူရွာသားတွေထဲက တစ်ယောက် ကအရင်ဆုံး လျှောက်လိုက်တာက

“ ဘုန်းဘုန်းဘုရား တပည့်တော်တို့ရွာထဲမှာ လူတော်တော်များများက မြေကြီးတူးရင်းနဲ့ မြေကြီးထဲက ရွှေငွေရတနာတွေကို ရနေတယ်လို့သိထားရတယ်ဘုရား…ဘာကြောင့်လို့ အရှင်ဘုရားမြင်ပါသလဲဘုရား ”

“ အိမ်း ပစ္စည်းဥစ္စာဆိုတာ လူတွေရဲ့ ကုသိုလ် အကုသိုလ်ကံတွေအလျှောက် ရရှိနိုင်တယ် ၊ ဘ၀ဟောင်းက ဆွေတော်မျိုးတော်တွေက သူတို့အတွက်ရည်စူးပြီး ကုသိုလ် လုပ်ပေးစေချင်လို့ပေးတာမျိုးတို့ ၊ သိုက်နန်းတွေက ပေးတာမျိုးတို့ ၊ ကိုယ်နဲ့အကြောင်းတိုက်ဆိုင်ပြီး ရချိန် ၊ ပိုင်ဆိုင်ချိန်တန်လို့ရတာတို့…စသဖြင့်ပေါ့ ဦးဇင်း နားလာထားပေမယ့် ၊

တစ်ဖက် က အခြေခံကကြွပန်တွေးကြည့်မယ်ဆိုရင်ဒီမြေ ဒီနေဆိုတာ ရှေးဟောင်းနယ်မြေ … ၊ ပိုတိကျသွားတာက အခုရတဲ့သူတွေအားလုံးရထားတဲ့ဒီပစ္စည်းတွေက ရှေးဟောင်းပစ္စည်းတွေဖြစ်နေတာပဲလေ… ၊

ဒီလိုမျိုးတန်ဖိုးကြီးပစ္စည်းတွေကိုရနေတယ်ဆိုတော့ ဒါတွေက ဘုရားရဲ့ ဌာပနာပစ္စည်းတွေလည်း ဖြစ်ကောင်းဖြစ်နိုင်တယ် ၊ဦးဇင်းတို့ ရွာသားတွေ ကိုယ့်အိမ်အောက်..အိမ်နေရာမှာ ရှေးဟောင်းဘုရားပြို ဘုရားပျက်တွေမရှိနိုင်ဘူးလို့

ဘယ်သူများ အာမခံနိုင်မှာတဲ့လဲ ၊ နောက်ပြီး ရွှေဆိုတဲ့ သတ္ထုမျိုးက မြေအောက်ွမေလွှာတွေကြောင့် မြေကြီးထဲမှာပဲ နေရာရွှေတတ်တဲ့သဘောရှိသေးတယ်… ၊ ဒီတော့ဦးဇင်းအနေနဲ့ အကြံပေးချင်တာပါ… ၊ ကိုယ်ရထားလို့ ကိုယ့်ဥစ္စာမှန်ပါတယ်… ၊ ကိုယ်ကျိုးလည်းသုံးရင်းကုသိုလ် လည်း ပြုကြပါလို့ပဲပြောချင်တယ် ”

တစ်ချို့ကလည်းပြောကြတယ်… ဒီရွှေတွေငွေတွေ တန်ဖိုးကြီးပစ္စည်းတွေကဘုရား ဌာပနာတိုက် ကနေ ပေါက်ထွက်လာတာတဲ့ …. ၊စေတွီပို ၊ စေတီပျက်တွေထဲကနေ ငလျက်ဒဏ်ကြောင့် မြွေကီးထဲကိုရောက်ပြီးမြေလွှာအလိုက် ရွေ့လာတဲ့ ရတနာတွေတဲ့ …. ၊ဘယ်လိုပွဲဖစ်ဖြစ် အနီးစပ်ဆုံးဖြစ်နိုင်တာက ရှေးလူတွေ ၀ှက်ထားခဲ့တဲ့ပစ္စည်းဥစ္စာတွေဖြစ်ရင်ဖြစ် ၊မဟုတ်ရင် ဘုရားဌာပနာတွေပဲ…. ၊

ခေတ်ကာလကလည်း အစိုးရက တစ်နိုင်ငံလုံးအထိ အာဏာမရောက်နိုင်သေးတော့ဒီလိုတိုးလို့ရလာတဲ့ရတနာတွေကိုလည်း သိမ်းတာဆည်းတာ ဖမ်းတာတွေ မရှိဘူး ၊ကိုယ့်ခြံထဲမှာတွေ့တာ ကိုယ်ပိုင်တာပဲလို့သတ်မှတ်ပြီး သိုသိုသိပ်သိပ်နဲ့နေနေကြတဲ့သူတွေကများတယ်… ၊

ဘုရားပစ္စည်း ဆိုတာထက် ကိုယ်ရ ကိုယ်ယူ ၊ ကိုယ်နဲ့ထိုက်လို့ကိုယ်ရတာလို့ပဲ ခံယူထားကြတယ်လေ … ၊

နောက်ပိုင်းမှာ တစ်ရွာလုံးက ရနေမှန်းသိတော့ ဘုရားအိုတွေ နားမှာလည်းမြေတွေ လိုက်တူးလိုတူး နဲ့ အလုပ်တောင်ကောင်းကောင်းမလုပ်စားကြတော့ဘဲဒီလို ဟိုတူးဒီတူးလုပ်ရတာကို ပိုခုံမင်နေတတ်သွားကြတယ် ၊

ပုဂံခေတ်က ရှေးလူတွေရဲ့ ကျိန်စာတွေက ဘယ်လောက်ထိပြင်းတယ်ဆိုတာတို့ ၊ဘုရားပစ္စည်း အဆိပ်သီးဆိုတဲ့စကားတွေကိုလည်းမစဉ်းစားနိုင်တော့….လောဘမီးကြောင့် အမြင်တွေကို ကွယ်သွားနေတာမျိုး…. ။

ရောဂါ ထွေထွေထူးထူးမရှိပါဘဲနဲ့ စိန် တိုးရဲ့အဖေ ရုတ် တရက် ကွယ်လွန်သွားခဲ့တယ်အိပ်နေရင်းနဲ့နှိုးမရတော့ဘဲ အသက်ပါ ပါသွားတဲ့အထိဖြစ်သွားခဲ့တာလေ… ၊စိန် တိုးလည်း အွဖေစ်သူအတွက် စိတ်မကောင်းခြင်းကြီးစွာဖြစ်နေတယ် ၊ရထားတဲ့ ပစ္စည်းလေးတွေကိုတောင် မရောင်းချရသေးခင် ၊ မွဖုန်းရ မသုံးရသေးခင်မှာအဖေဖြစ်သူကွယ်လွန်သွားတော့ ပိုစိတ် ထိခိုက်ရတာပေါ့…

၊ အဆုံးမှာ စိန် တိုး ဆုံးဖြတ်ချက်တစ်ခုခလြိုက်ပြီးတစ်ယောက်တည်း တစ်ကိုယ်တည်း အ၀တ်လေးနည်းနည်းနဲ့ ရတနာထုတ်ကို ကျောကအိတ်ထဲမှာသေချာဝှက်ထားပြီးတော့ ရန်ကုန်မြို့ကိုတက်လာခဲ့တယ်… ၊

တောမှာမှေး တောမှာကြီးလာတဲ့သူမို့ ရန်ကုန်ဆိုတာ မက်ြလုံးထဲမှာ နတ်ပြည်ကြီးလိုဖြစ်နေတယ် ၊ တောမှာလို ထန်းတောတွေအစား တိုက်ကြီးကြီးတွေပြည့်နေတယ် ၊ တောက ရွာသူမ ညိုချောလေးတွေအစား မျက်နာချေးတွေနဲကလှခင်ြတိုင်းလှနေကြတဲ့ ရန်ကုနျ ကုနျသူတွေကို ငေးနေမိတာအမော… ၊

ရန်ကုနျသာရောက်လာခဲ့တာ အသိအကျွမ်းလည်းမရှိ ၊ ဘယ်သွားလို့ဘယ်လာရမှန်းလည်းမသိ ၊ ရည်ရွယ်ချက်လည်းမရှိ … ၊ ဖြစ်ချင်တာက အိတ်ထဲက ရတနာတွေကို ထုတ်ရောင်းပြီးတော့ရန်ကုန်မှာ တိုက်လေးတစ်တိုက်နဲ့ ကိုယ်ပိုင်စီးပွားရေးလေးတစ်ခုလုပ်ရင်း သူဌေးလိုမျိုးနေချင်တာလေ.. ၊

“ ဗျို့ နောင်ကြီး ”

“ ခင်ဗျာ…ကျွန်တော့်ကိုခေါ်တာလားဗျာ ”

စိန် တိုး တစ်ယောက်တည်း ရန်ကုန်ဘူတာကြီးနားမှာ ယောင်ပေပေနဲ့ ဟိုကြီးဒီကြည့် လုပ်နေတုန်း အတော်လေးသန့်သန့်ပြန့်ပြန့်နဲ့ သူဌေးရှုံးလောက်အောင် ၀တ်ဆင်ထား တဲ့ မျက်နာစိမ်းတစ်ယောက် က တော်တော်လေးနားဝင်ချို ဖော်ရွေတဲ့လေသံနဲ့ စွပီး မိတ်ဖွဲ့လာတယ် ၊

ရိုးသားတဲ့ တောသူတောင်သားမို့ စကားကိုချိန်ပြောရမှန်းလည်းမသိ ၊လူတိုင်းကိုမယုံရမှန်းလည်းမသိနဲ့ စိန် တိုးတစ်ယောက် သူ အမွေရထားတဲ့ ရွှေထည် ၊

ကျောက်ထည်တွေတစ်ချို့ကို ဈေးများများရတဲ့ဆီမှာ ရောင်းချင်ပြီး ငွေကိုလက်ငင်းလိုချင်တဲ့အကြောင်း ၊လက်ရှိ ရန်ကုန်မှာ နေစရာလေးတစ်ခုကိုဝယ်ချင်တဲ့အကြောင်း ၊ လုပ်ငန်းလေးတစ်ခုကိုစွပီးလုပ်ချင်တဲ့အကြောင်းတွေပြောပြလိုက်တော့ လူစိမ်းက အတော်လေးမျက်နာပွင့်သွားပြီး

“ နောင်ကြီးကျုပ်နဲ့တွေ့တာ ကံကောင်းတာပဲ…ရန်ကုန်လို့နေရာကြီးမှာနောက်ကြီးတစ်ယောက်တည်း ဒီလိုနေနေရင် လူလိမ်တွေ ၊ အလစ်သုတ် သမားတွေနဲ့နောင်ကြီးပါလာတာတွေတောင်အကုန်ပြောင်သွားဦးမယ်

၊ ကျုပ်ကလည်း ဘာရယ်မဟုတ်ဘူးဒီနားမှာ နိုင်ငံခြားသားတွေနဲ့ အရောင်းအ၀ယ်လေးတစ်ခုလုပ်ပြီးအွပန် မိတ်ဆွေတစ်ယောက်နဲ့ချိန်းထားတာနဲ့ ရပ်စောင့်နေရင်းကနေ နောင်ကြီးကိုမြင်တော့ အကူညီလိုမယ်ထင်လို့မေးကြည့်တာပါ ”

“ ကျေးဇူးတင်ပါတယ် ဗျာ..ဒါနဲ့ ဒီက..နာမည်က ”

“ သြော်…ဟော..ဟော.. ကျွန်တော့်နာမည်က သန်းမြင့်လှိုင်ပါဗြ…ဒီနားတစ်ဝိုက်မှာ ကျုပ်ကိုမသိတဲ့သူခပ်ရှားရှားပါ.. ၊ ကျုပ်က ကျောက်စိမ်းတွေ ၊ရှေးဟောင်းပစ္စည်းတွေ အရောင်းအ၀ယ်လုပ်တဲ့ သူတစ်ယောက်ပေါ့ဗျာ… ”

“ ဟုတ်ပါပြီဗျာ… ဒါနဲ့ ကျွန်တော့်ကို ကူညီပေးမယ်ဆိုတစ် ဆိတ်လောက်ဗျာ…ကျွန်တော် အမွေရထားတဲ့ ပစ္စည်းလေးတစ်ချို့ကိုရောင်းချင်တယ် ”

လူစိမ်းက သူ့လက် က နာရီကိုတစ်ချက်ကြည့်လိုက်ရင်း

“ ကောင်းပြီဗျာ..ကျုပ်ဘော်ဒါတော့ မလာတော့ဘူးထင်ပါတယ် ..လာဗျာ ကျွန်တော် နောင်ကြီးကို လိုက် ကူညီပေးမယ်… ကျုပ်နောက်သာလိုက်ခဲ့ပေတော့… ”

လူစိမ်းနောက် က အားကိုးတကြီးနဲ့ လျှောက်လိုက်သွားရင်း နာရီတော်တော်လေးကြာအောင် လမ်းလျှောက်လိုက်ပြီးနောက်မှာ စိန်ကုလားဆိုင်တစ် ဆိုင်ကိုရောက်လာခဲ့တယ်

“ ကဲ ဒီကဆရာကြီးက ဘာပစ္စည်းရောင်းချင်တာလဲ ”

ရတနာဆိုင်ပိုင်ရှင်ပုံစံနဲ့တူတဲ့ ကုလားကသန်းမြင့်လှိုင်ကို သိသလိုနဲ့ ရင်းရင်းနီးနီးနှုတ်ဆက်ပြီး သန်းမြင့်လှိုင်က မိတ်ဆက်ပေးလိုက် စိန် တိုး ဘက် ကိုလည့်ပြီးတော့ မေးလိုက်တဲ့အခါ စိန် တိုး က ဘေးဘီဝဲယာကိုတစ်ချက်ကြည့်ပြီး

သူ့ရဲ့ ပုဆိုးအစုတ်လေးနဲ့ ထုတ် ထားတဲ့အထုတ်ထဲကို ဖြည်းဖြည်းလေးနှိုက်လိုက်ပြီးပြန် ထုစက်လာတော့ ရွှေတွေဝင်းအိနေတဲ့ လက်ကောက်တစ်ခုနဲ့ အတူ ရဲရဲတောက်နေတဲ့ ကျောက်ကြီးတပြူးပြူးနဲ့ဘယက်ကြီးတစ်ကုံး ပါလာတယ် ၊

ရတနာဆိုင်ပိုင်ရှင်နဲ့ သန်းမြင့်လှိုင်က အတော်လေး မျက်လုံးမျက်စံပြုးသွားပြီးစိန်တိုးပေးတဲ့ ပစ္စည်းတွေကို အပြန်ပြန်အလှန်လှန် မှန်ဘီလူးနဲ့ကြည့်ရင်းမယုံသလိုနဲ့

“ ဒါ ခင်ဗျားတို့ ဘိုးဘွားပိုင်တာဟုတ်..ဟုတ်…ဟုတ်ပါတယ်နော် ”

စိန် တိုးကလည်း လိမ်တာကို သိသွားမှာစိုးလို့ စကားနည်းနည်းထစ်သွားပြီး

“ ဟာ..ဟုတ်..ဟုတ်.ပါတယ်ဗြ…ဘာလဲ့ ကျုပ်ကလိမ်ပြောရမှာလား..ကဲပြော ကျုပ်ကိုဘယ်လောက်ပေးမှာလဲ…တောသားဆိုပြီးဈေးနှိုမ် မယ်တော့မကြံနဲ့နော်ကျုပ်ဒီပစ္စည်းတွေရဲ့ဈေးကို တစ်ခြားမှာလည်းစုံစမ်းလာခဲ့ပြီးသား…. ”

လောဘရဲ့အရှိန်တွေကြောင့် စိန် တိုး ပြောမိပြောရာတင်းပြောလိုက်မိတယ် ။ တစ်ဖက် ကရတနာဆိုင်ပိုင်ရှင်ကလည်း အမှန်တကယ်ကိုသဘောကျသွားပြီးစိန်ု တိုးပေးတဲ့ ရှေးဟောင်းလက်ဝတ်လက်စားတွေကို

ပေါက်ဈေးထက် သုံးပုံပုံ တစ်ပုံစာကို လျော့ပြီး စိန် တိုးကို ပေးလိုက်တယ်… ၊ ဒီလိုလျော့ထားပေမယ့်လည်း ရတနာဆိုင်ပိုင်ရှင် ထုတ်ပေးလိုက်တဲ့ ငွေပုံကြီးက စိန် တိုးတစ်သက် တစ်ကြိမ်မှ မမြင်ဖူးတဲ့ငွေတွေမို့ တစ်ချက်မငြင်းတော့ဘဲ ပွှဲဖစ်သွားခဲ့တယ် ၊

နောက်ပိုင်း သန်းမြင့်လှိုင်အကူအညီနဲ့ရန်ကုန် မင်းလမ်း တာမွေ ဘက်မှာအိမ်လေးတစ်လုံးကို ၀ယ်ဖြစ်ခဲ့တယ် ၊ အဲ့ဒီတုန်းက ဒီနေ့ခေတ်လိုမျိုး ရပ်ကွက်ရယ်လို့တောင်သီးသန့်မရှိသေးတဲ့အချိန် ၊ တိုက်မြင့်တွေဆို ဝေလာဝေး….. ၊ အကုန်ကိုယ့်အိမ်ကိုယ့်ဝန်းလေးတွေနဲ့ နေနေကြတဲ့အချိန် ၊ စိန် တိုးအတွက်တော့ နေစရာမပူရတော့ပြန်ဘူး… ၊

စားဖို့ကလည်း ပါလာတဲ့ ပစ္စည်းလေးတွေကိုရောင်းလိုက် သုံးလိုက်ဖြုန်းလိုက်နဲ့အဆင်ကိုပြေနေတာပဲ ၊ ဒီကြားထဲ ကိုသန်းမြင့်လှိုင်က ကူညီပေးတော့ အများကြီးအဆင်ပြေ နေတယ် ၊ ဒီလူကိုလည်း ညီအစ်ကိုအရင်းလိုမျိုး မိတ်ဆွေလိုမျိုး မျက်လုံးမှိုတ်ပြီးကို ယုံနေမိတော့တယ် ၊

အချိန်တွေကြာလာတော့ စိန် တိုးလက်ထဲမှာ ရှိနေတဲ့ ပစ္စည်းတွေလည်း သုံးလိုက်ဖြုန်းလိုက်နဲ့ တော်တော်လေး ပါးလာပြီ… ၊ ဒါ့ကြောင့် ၀င်ငွေရတဲ့ လုပ်ငန်းလေးတစ်ခုတော့ လုပ်မှပဲဆိုပြီး ယုံကြည်ရတဲ့ သန်းမြင့်လှိုင်နဲ့ တိုင်ပင်ကြည့်တဲ့အခါ သန်းမြင့်လှိုင်က သူလည်း လုပ်ငန်းတစ်ခုလုပ်ဖို့ရှိတယ် ၊

အရာင်းအ၀ယ်ပုံစံမျိုးလေးပဲ အရင်လည်းသိပ်မလို အမြတ်အများကြီးကျန် တယ်တယ်ဆိုတဲ့ လုပ်ငန်းတစ်ခုအကြောင်းပြောပြတော့ စိန် တိုးလည်း လူမပင်ပန်းဘဲ ငွေရွှင်တဲ့လုပ်ငန်းကိုသဘောကျသွားပြီး နောက်ဆုံးကျဉ်ဆံအဖြစ် ပါလာသမျှရတနာတွေကို အကုန်ရောင်းထုတ်လိုက်ပြီး ငွေတွေကို ရင်းနီးယုံကြည်ရတဲ့သန်းမြင့်လှိုင်လက်ထဲကို ထိုးထည့်ပေးလိုက်တယ်

“ ဒါပဲလေ… ကို စိန် တိုး များများလိုချင်ရင် များများရင်းရတယ်….ဟားးး မပူနဲ့ ခင်ဗျားငွေတွေကို နှစ် ဆ..သုံးဆ…လေးဆ ပွားအောင် ကျုပ်တာဝန်ယူတယ် ကျုပ်ဖြင့် အရင်းမရှိလို့ငြိမ်နေရတာ ဒီလိုသာဆိုလို့ကတော့ စဉ်းစားစရာတောင်မလိုဘူးဗျို့ အလုပ်ဖြစ်ပြီ … ”

အဲ့ဒီလိုပြောသွားပြီး နောက်တစ်နေ့ကတည်းက သန်းမြင့်လှိုင်တစ်ယောက် စိန် တိုးဆီကို ရောက်မလာတော့တာ လေးနှစ်ထဲတောင်ရောက်လာခဲ့ပြီ …. ၊သန်းမြင့်လှိုင်အကြောင်းကိုလည်း ဘယ်မှာမှ စုံစမ်းမရ ၊

စိန် တိုး သိလိုက်ပါပြီ…. လူယုံသတ်လို့သေတယ်ဆိုတဲ့ ခံစားချက် ကို ၊

အခုတော့ စိန် တိုးတစ်ယောက် အိမ်ကလေးအဖက်တင်တာကလွဲပြီးလက်ထဲသုံးစရာငွေတစ်ချို့အပြင် ဘာမှမရှိတော့တဲ့ဘ၀ကိုရောက်လာခဲ့ရပြီ.. ၊ရှိတာလေးတွေကလည်းသုံးရင်းသုံးရင်း .. ၀င်ငွေမရှိ …အထွက်ချည်းပဲဆိုတော့ဘယ်လိုမျိုးကြာကြာ၇ပ်တည်နိုင်မှာလဲ…. ၊

နောက်ဆုံး မရှက်မကြောက် အလုပ်တစ်ခုခုတော့ လုပ်မှဖြစ်မယ်ဆိုပြီးစိန် တိုး တစ်ယောက် ဆိုက်ကားလေးတစ်စင်းကိုဝယ်ပြီး ရပ်ကွက်ပတ်ဝန်းကျင်မှာပတ်နင်းရင်း ဆိုက်ကားသမားဘ၀ကိုရောက်သွားခဲ့ရတယ် … ၊ဆိုက်ကားသမားတွေထဲမှာမှ အိမ်ကောင်းကောင်းနဲ့နေနိုင်တဲ့ ရှားပါးဆိုက်ကားသမားလေးစိန် တိုး ပေါ့….. ။

ဘ၀တစ်ဆစ်ချိုးပြောင်းလဲလာပြန်တော့ စိန်တိုးလည်း မိန်းမတွေဘာတွေရပြီး သားသမီးနှစ်ယောက်တောင် ထွန်းကားလာခဲ့ပြီလေ ၊

ကလေးနှစ်ယောက်မှာ အငယ်မလေးက သုံးနှစ်သားလေး နဲ့ အကြီးမက လေးနှစ် …. ၊ အရင်လူပျိုတုန်းက ကိုယ့်တစ်ကိုယ်စာ အဆင်ပြေရင်ပြီးရောဆိုပြီး အလုပ်ကို ငတ်မှ ထလုပ်တတ်ပေမယ့် အခုတော့ မိသားစုနဲ့ ကလေးနှစ်ယောက်နဲ့ဖြစ်လာပြီမို့

စိနျ တိုးတစ်ယောက်နေကောင်းကောင်း မကောင်းကောင်း ၊ လုပ်ချင်ချင် မလုပ်ချင်ချင် ဆိုက်ကားနင်းတဲ့အလုပ်ကို မရပ်ရဲဘူးဖြစ်နေတယ်… ၊ ပင်ပန်းတာတွေစုလာတော့သူငယ်ချင်းတွေနဲ့ အပျင်းပြေသောက်စားရင်းက အရက် ကိုလည်ွးဖည်းဖြည်းချင်းစွဲစပြုလာတယ် ၊

တစ်နေ့တော့ စိန် တိုးဘ၀ကို အပြောင်းလဲကြီးပြောင်းလဲစေမယ့် အွဖစဆိုျးကြီးတစ်ခုနဲ့ ကြုံလာခဲ့တယ်… ၊

အိမ်မှာ ဇနီးသည်ဘက် ကဇနီးရဲ့ညီမ … စိန် တိုးရဲ့ခယ်မတော်သူ အပျိုမလေးတစ်ယောက် နယ်ကနေ လာလည်ရင်း စိနျ တိုးတို့အိမ် မှာ တည်းဖြစ်တယ် ၊ စိန် တိုးရဲ့ဇနီးသည်ကလည်း ဇာတ်ဆိုရင် မကြည့်ဘဲမနေနိုင်တတ်တဲ့သူမို့ တစ်နေ့ ယောကျာ်းဖြစ်တဲ့သူဆိုက်ကားနင်းသွားနေတုန်း ကလေးနှစ်ယောက် ကိုချီပြီး လမ်းထိပ်နားက ဇာတ်ပွဲသွားကြည့်ဖြစ်ခဲ့တယ်

၊ ဖြစ်ချင်တော့ အိမ်မှာလာတည်းတဲ့ ညီမဖြစ်တဲ့သူက နေမကောင်းလို့ဆိုပြီး အိမ်မှာအိပ်ပြီးကျန်နေရစ်ခဲ့တယ် ၊ဟိုးတုန်းက အိမ်တွေမှာ အိပ်ရင် အခန်းမဖွဲ့ဘဲ တန်းဆီအိပ်တတ်ကြတာမို့ စိန် တိုးတို့မိသားစုတွေ အိပ်တဲ့ ခြင်ထောင်ဘေးနားလေးမှာ

ခွေခွေလေး အိပ်ပျော်နေရစ်ခဲ့တယ်… ၊ နောက်တော့ တဖြည်းဖြည်း ခြင်ကိုက်တာကတစ်ကြောင်း နေမကောင်းလို့ ခြင်ထောင်ထမထောင်ချင်တာကတစ်ကြောင်းကြောင့်ဘယ်သူမှမရှိတုန်း စိန် တိုးတို့မိသားစု ခြင်ထောင်ထဲ ခယ်မဖြစ်သူက၀င်အိပ်ဖြစ်ခဲ့တယ် ၊

ကံဆိုးမိုးမှောင်ကျချင်တဲ့ စိန် တိုးက ဒီလိုညမျိုးကျမှ စောစောစီးစီး ဆိုက်ကားသိမ်းလာပြီးအရက်ကမူးလာသေးတယ် ၊ မူးမူးနဲ့ မယားချောလေးရှိတဲ့ခြင်ထောင်ဆီကိုဝင်ပြီး ဇနီးသည်ကိုသိုင်းဖက်လိုက်မိတဲ့အခါ….

ဇနီးမဟုတ်ဘဲ သူ့ခယ်မဖြစ်နေတာကို မြင်လိုက်ရတော့တယ် … ၊စိန် တိုးလည်း အတော်လေးလန့်သွားပြီးချင်ချင်း ခြင်ထောင်အပြင်ကိုထွက်မယ်ပြုလိုက်တဲ့အခါခယ်မလုပ်တဲ့သူက ဘာမပြောညာမပြော အသံဗြဲကြီးနဲ့ ငိုရင်း ထအော်ပါလေရော…

“ ကယ်ကြပါဦးရှင်…ဒီမှာ ကျွန်မ အစ်မရဲ့ယောကျာ်းလူယုတ်မာ စိန် တိုးကျွန်မကို မတရားပြုကျင့်နေပါတယ်ရှင် …ကယ်ကြပါဦး… ”

စိန် တိုး လည်း ဘာမှမလုပ်မိသေးခင်မှာ မှားယွင်းပြီးဖက်မိရာကနေဖြစ်သွားတဲ့ကိစ္စမို့ လန့်နေတုန်း ရုပ်ရှင်တွေထဲကလို အရမ်းတိုက်ဆိုင်လွန်းပြီးဇနီးဖြစ်တဲ့သူက ဇာတ်ပွဲပြီးလို့

ကလေးနှစ်ယောက်ချီပြီး ပြန်လာတဲ့အချိန်ကြီးဖြစ်နွေပျန ၊ဘယ်သူမှန်တယ် မှားတယ်ဆိုတာထက် ဇနီးဖြစ်တဲ့သူရော ကလေးတွေအွပင် ၊အော်သံကြားလို့ ရပ်ကွက်ထဲက ပြေးလာပြီး အိမ်ထဲရောက်လာကြတဲ့သူတွေအားလုံးအမြင်မှာစိန် တိုးက ခယ်မရဲ့ခြင်ထောင်ထဲကထွက်လာတာကိုပဲမြင်ကြတယ်လေ… ၊

မူးကလည်းမူးနေတဲ့သူမို့ အများနဲ့တစ်ယောက်ဘယ်လိုမှ ရှင်းပြမရတော့ဘဲ စိန် တိုး ဆုံးဖြတ်ချက် ကိုသေချာချလိုက်ပြီးစိတ်ဆိုးနေတဲ့ ဇနီးသည်ပါးလေးကို ဖွဖွလေးကိုင်လိုက်တယ် …စိန် တိုးရဲ့လက် ကို ဇနီးသည်က

ရိုက် ခလြိုက်တဲ့အခါ ဇနီးကိုသိပ်ချစ်တဲ့စိန် တိုးကအပြစ်မဆိုဘွဲပုံးထားရင်း သူ့ကလေးတွေကို ၀အောင်နမ်းလိုက်တယ်နမ်းနေတုန်းမှာပဲ ဇနီးလုပ်တဲ့သူက အိမ်ပေါ်ကဆင်းမယ်…ရှက်တယ်ဆိုပြီးအထုတ်တွေဆွဲပြီး အ၀တ်တွေထည့်နေတယ် ၊

စိန် တိုးကတော့ ဘယ်သူ့ကိုမှ ဘာမှ ပြောမနေတော့ဘဲအိမ်အပေါ်ကိုပြေးတက်သွားလိုက်တယ်… ၊ခဏလေးကြာတော့ အိမ်ပေါ်ကနေ “၀ုန်း” ဆိုတဲ့အသံကြီးကိုလူတိုင်းကြားလိုက်ရလို့

အံ့သြသွားပြီးပြေးတက်ကြည့်လိုက်တဲ့အခါ အိမ်ပေါ်မှာလည်ပင်းကြိုးကွင်းတန်းလန်းကြီးနဲ့ သေနေတဲ့စိန် တိုးနဲ့အတူ သူကြိုးဆွဲခခြါနီး ခြေထောက်နဲ့ကနျ ထုတ်လိုက်တဲ့ခွေးခြေအပုလေးတစ်ခုံးကို လဲလျက်သားလေးမြင်လိုက်ရတယ်.. ၊

ဒီအဖြစ်ကိုမြင်မှ ဇနီးလုပ်တဲ့သူကလည်းယူကြုံးမရတွေဖြစ် ၊ ပတ်ဝန်းကျင်ကလည်း သနားတဲ့သူကသနားကြတစ်ချို့က စိန် တိုး အရက်ကြောင်ကြောင်ပြီး သတ်သေသွားတာလို့ခနဲ့ကြနဲ့ စိန် တိုး တစ်ယောက် သူမှန်ကန်ကြောင်းကိုအသက်နဲ့လဲပြီးပြသွားရင်း မိသားစုကိုမျက်နာမပြရဲလို့ထွက်ပေါက်ရှာသွားခဲ့ပြီလေ….. ။

မြင်းကပါအရပ်က ရတနာပစ္စည်းတွေရဲ့ ကျိန်စာတွေကြောင့် စိန်တိုး ဒီလိုများ ဖြစ်ရလေသလားလို့ ထင်နိုင်လောက်ပါရဲ့……… ။

ကြိုးစားပါဦးမည် …ဇာတ်လမ်း / စာရေးသူ – “ မိုးစွေ ” ( ဖြစ်ရပ်မှန် )
credit: Original

Unicode