Knowledge

ကျန်းကျန်း မာမာနဲ့ လှလို့ ဝလိွု့ဖစ်ချင်ရင် ဒီ ၉ ချက် ဆောင်

ကျန်းမာလှပဖို့ ဒီ ( ၉ ) ချက် ကိုဆောင်ပါ

အဆီတွေ အများကြီး စားတာတို့ သကြားဓာတ် ပေါင်းတွေ အများကြီး စားတာတို့ လုပ်ရင်တော့ ခဏ တွင်းချင်းကို အဝ လွန်လာပြီး ကျန်းမာရေး အန္တရာယ် တွေကို ဖိတ်ခေါ် နေသလို ဖြစ်နေ မှာပေါ့ ။

အာလူးလို ဟာတွေကို မဟားဒယား စားပြန်တော့ ဆီးချို နလုံး ရောဂါနဲ့ ကင်ဆာကို လက်ယက်ခေါ် သလို ဖြစ်နေတယ် ။ ဒါတွေ ထားလိုက်ပါ ။

ကိုယ်က အကငြ့်လေး တစ်ခုကို လုပ်ကြည့် လိုက်ရင် ကျန်းကျန်း မာမာနဲ့ ဝဖြိုး လာမယ် ။ ဝလို့ လှလို့ ဆိုတာ ဖြစ်လာမှာပေါ့ ။

( ၁ ) ဘာစားမယ် ဆိုတာကို ကြို မစဉ်းစား ထားနဲ့

အစား အစာကို ဘာစားရင် ကောင်းမယ် ဆိုတာကို ကြို စဉ်းစား ထားရင် အစာကို တကယ် စားရတဲ့ အခါ ကိုယ်တွေးထား သလိုအရသာက ရဖို့ ခက်တယ် ။အဲ့ဒိ အခါ စားရတဲ့ အစာအပေါ် စိတ် အနှောက်အယှက် ဖြစ်လို့ ခံတွင်း ပျက်တယ် ။

ပြောချင် တာက အိမ် မှာ ကိုယ့်ဖာသာ ကိုယ် လုပ်စားတာက လွဲလို့ အွပင်မှာ စားတဲ့အခါ ဘယ်လိုမျိုး စားမယ် ဆိုတာကို ကြိုမတွေးပါနဲ့ ။

( ၂ ) အချိန် နဲ့ စား ။

အစာကို တတ်နိုင် သလောက် အချိန်မှန်အောင် စာခြင်းက တစ်နှပ်နဲ့ တစ်နှပ် ကြားမှာ အဆာလွန် တာမရှိတော့ နောက် တစ်နှပ်ကို အဝအပြဲ မစားဖြစ် တော့ဘူး။ အဲ့ဒိ နည်းနဲ့ ကယ်လိုရီ ချိန် တာက အထိရောက်ဆုံး နည်းပါပဲ ။

( ၃ ) ပျင်းတိုင်း မစားနဲ့ ။။

စားရင်ဝမှာပဲ ။ ပိုစားရင် ပိုဝမှာပဲ ။ ပျင်းတိုင်း အားတိုင်း စားနေရင် ကယ်လိုရီကို ချိန်မရဘဲ အဝလွန် တာ ဖြစ်လာ လိမ့်မယ် ။

မြန်မာပြည်က သရေစာ အများစုက ကယ်လိုရီတွေ တအား များတယ် ။ ပျင်းတိုင်သာ စားနေရင် ဝလို့လှလို့ ဖြစ်မလာဘဲ အဝလွန် တာ ဖြစ်သွားလိမ့်မယ် ။

( ၄ ) အွမန်မစားနဲ့ ။

အစားစားတဲ့ အခါမှာ မြန်မြန်စား တာကလည်း အဝလွန် သွားစေတယ် ။ အစာအိမ်နဲ့ ဦးနှောက် ဆက်သွယ်ချက် က မိနစ် ၂၀ ကြာတယ် ။

အဲ့ဒိ ကာလအတွင်းမှာ စားတဲ့ ပမာဏကို ဦးနှောက် က လိုက် မမှတ်မိ အောင် အွမန်စားရင် ဗိုက်ပြည့်ပြီလို့ သိလိုက်တဲ့အခါမှာ အစားတွေက များနေပြီ ဖြစ်နေ တတ် တယ် ။ အစားနှေးတဲ့သူက အစားမြန်တဲ့ လူထက် သုံးဆနည်းတယ်တဲ့ ။ အစာခြေအား ပိုကောင်းတယ်တဲ့ ။

( ၅ )အဆီဓာတ် နည်းတာကိုစား။

ဒါကိုတော့ လူတိုင်း သိပါတယ် ။ အဝ မလွန်အောင် အဆီအဆိမ့်တွေ နည်းအောင် စားပြီး ဝတယ်ဆိုရုံ ကလေး ထိန်းထားသင့် တာပေါ့ ။

( ၆ ) ပန်းကန်ကြီးတာကိုသုံး။

ဒါက စိတ်ပိုင်း ဆိုင်ရာ ဆင်ခြင်မှုပါ ။ ပန်းကန် သေးသေးလေးနဲ့ ဆိုရင် မဝဘူး ၊ ငါစားတာ နည်းနည်းလေး ဆိုတဲ့ အွမင် မဖြစ် အောင်လို့ ပန်းကန်ကြီးကြီး နဲ့ စားတာက ကိုယ့်ရဲ့ အာသီသ ကို ပြေပျောက် စေတယ် ။

ပန်းကန် အနီရောင်ကို သုံးရင် ပိုတောင် အာသီသ ပြေတယ်လို့ စပိန် အယူအဆ တစ်ခုတောင် ရှိတယ် ။

( ၇ ) ဖျော်ရည်တွေကို သတိထား ။

ဖျော်ရည် ကြိုက်တတ် တာကို သတိထား ရမယ် ။ လက်ဖျော်ပဲ ဖြစ်ဖြစ် စက်ဖျော်ပဲ ဖြစ်ဖြစ် ဖျော်ရည် သောက်တာက ကိုယ်ထဲကို သကြားရည်တွေ လောင်းထည့် သလိုပါပဲ ။

အရက် ဘီယာ လည်း ဘာထူး လည်း ၊ အဲ့ဒါတွေကလည်း ကယ်လိုရီ အများကြီး ပါတာပဲ ။ ရေ ကော်ဖီ လက်ဖက်ရည်တွေ ကတော့ ကယ်လိုရီ နည်းတော့ နည်းနည်း ပိုအဆင်ပြေမယ် ။

(၈) အပေါင်းအသင်းရွေးလိုက်တော့။

အစားကြီးတဲ့ သူငယ်ချင်းတွေကို မပေါင်းနဲ့လို့ ပြောတာမဟုတ်ဘူး ။ ကိုယ် အစားစားတဲ့ အခါ တတ်နိုင်သလောက် အစားကြီး သူတွေနဲ့ တွဲ မစားခိုင်းတာပါ ။ သူတို့ကိုကြည့်ပြီး ပို စားဖြစ်လို့ပါ ။

သူတို့နဲ့ တွဲစားတာနဲ့ သူတို့က ဟိုဟာ စားကြည့်ဦး မြည်းကြည့်ဦး ဆိုပြီး သိပ်ခိုင်းတာ ။ ကိုယ်က တိုနှံ့တိုနှံ့ လိုက်စားရင်း ကယ်လိုရီတွေ အများကြီး စားဖြစ် သွားလို့ပါ ။

( ၉ ) အများကြီး မအိပ်နဲ့ ။

အိပ်ချိန်များရင် သကြားဓာတ်ကို ချေဖျက်ဖို့အတွက် အင်ဆူလင်ထုတ် တာနည်း သွားတယ်။ သကြားတွေ မချေဖျက်တော့ဘူး ဆိုရင် အဆီ အွဖစ်နဲ့ ကိုယ်မှာ လာစုတော့ တာပါပဲ ။

ဒီအချက် ၉ ချက် ကတော့ ကိုယ် ဖာသာကိုယ် လေ့ကငြ့်ယူ လိုရပါတယ် ။

အခက်အခဲကြီးလည်းမဟုတ်ပါဘူး၊ နည်းနည်းချင်း လုပ်ကြည့်ရင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ၀၀ လှလှလေးတွေ ဖြစ်သွားမှာပါ ။

မောင်ယဿ REF;HD

Unicode

ကျန်းမာလှပဖို့ ဒီ ( ၉ ) ချက် ကိုဆောင်ပါ

ကျန်းကျန်း မာမာနဲ့ လှလို့ ဝလို့ ဖြစ်ချင်ရင် ဒီ ၉ ချက် ဆောင်