Health

ပန်းသေ ပန်းညှိူးရောဂါအတွက် လူသိနဲသေးတဲ့ ငရံ့ပတူ

ငရံ့ပတူရဲ့အကျိုးပြုဆေးနည်း

လူပျိုနာ ပန်းသေ ပန်းညှိူးရောဂါ အတွက် စိတ်ပင်ပန်း၊လူပင်ပန်း အင်အားကုန်ခမ်းသူတို့အတွက် အလွန်အားထား ရသော အပင်ဖြစ်သည်။ အရွက် ကိုပြုတ်ပြီး ကြက်သွန်ဖြူ၊ကြက်သွန်နီ၊ ပုဇွန်ခြောက်ဖြင့် အားပါးတရ သုပ်စားပေးပြီး၊

ငရံ့ပတူ အမြစ်ကို နှမ်းဆီလေးဖြင့် သွေးပြီး ခန္ဓာကိုယ် အနှံ့လိမ်း ကျံပေး ပါက သိသိသာသာ လန်းဆန်း စေကာ အင်အားသစ်တို့ ရရှိစေ ပါသည်။ ခါးသက်သော အရသာ ရှိပါသည်။

အဆုပ်နာနှင့်ငရံ့ပတူ

အဆုပ်နာ သူတို့ ငရံ့ပတူရွက် သတ္တုရည်နှင့် ဂျင်းသတ္တုရည်ကို ထမင်းစားဇွန်း(၁)ဇွန်းစီရောစပ်ပြီး သောက်ပေးခြင်း၊ ရင်နှင့် ကျောပြင်အား အမြစ်နှင့် ဂျင်းခြောက်သွေး ကာလူးပေးပါက အဆုပ်နာသူတို့ သက်သာပျောက်ကင်းစေ ပါသည်။

သွေးဝမ်းနှင့်ငရံ့ပတူ

သွေးဝမ်းပျောက်သည်ဟု အချို့လွယ်လွယ်ပြောသော်လည်း တကယ်သွေးဝမ်းကိုက်က အတော်စိတ်ပျက် ဖွယ်ဖြစ် ပါသည်။ ထိုအခြေအနေ တွင် ငရံ့ပတူ ရွက်နှင့် ငရှဥ့်ရောပြီး ချက်စားပါက သွေးဝမ်း ရောဂါကို အံ့ဖွယ် သက်သာပျောက် ကင်းစေ ပါသည်။

ငရံ့ပတူအေစး

အစေးသည် လူပျို နာကြောင့်ဖြစ်သော အဆစ်ရောင် ရောဂါကို အကျိုးပြုပြီး၊အမြစ်သည် ပန်းနာ၊ရင်ကျပ်၊ ချောင်းဆိုးခြင်းတို ့အတွက် အသုံးဝင် ပါသည်။ အတို ့အမြှုပ် အဖြစ် အချို့ပြုတ်၍ သုပ်စားခြင်း၊ တို့စားခြင်းရှိ ကြသည်။ အချို့ကဆေးဖက် ဝင်မှန်းသိသော်လည်း၊အချို့က မသိကြ ပါ။

ပင်ငယ်မျိုးဖြစ်ပြီး(၅)ပေ(၆)ပေမျှမြင့်ပါသည်။ အရွက် ထွက်သည့် အဆစ်နေရာများတွင် ခရမ်းရောင်ဖြစ် သည်။ အရွက်၏အောက် ဖက်မှာဖြူပြီး အပေါ်ဘက် မျက်နှာသည် အနည်းငယ်နီ သည်။

ယခုကာလ တွင် အရွက် အပွင့်အသီးများ ပေါများ လှ၍ လိုသူတို ့သုံးနိုင် ပါရန် သိမီသမျှ ငရံ့ပတူပင်အကြောင်း တင်ပြ လိုက်ပါ သည်။

Credit – ရဲမျိုးသူ

Unicode