Knowledge

ငါ့အားနဲ့ ဖြစ်ခဲ့တဲ့ ဆန် ထမင်းကို မင်းတို့ ဝမ်းတွင်း ငါ့အသားနဲ့ ရောပြီး သွင်းတာ ချိုရဲ့လား သခင်

ငါ့အားနဲ့ ဖြစ်ခဲ့တဲ့ ဆန်ထမင်းကို မင်းတို့ ဝမ်းတွင်း ငါ့အသားနဲ့ ရောပြီး သွင်းတာ ချိုရဲ့လား သခင်

မင်းတို့ရဲ့သားချော ဆိုင်ကယ် စီးဖို့ ငါ့အသားကိုလှီး ငါ့အရည်ကိုလှန်ခဲ့တယ် ။ မင်းခြေဖဝါးက ဆူး မင်းထွင်ပြီး ထုတ်နေချိန် ငါ့ခှာကြားက ဆူး ခွံသာ ထပ်ဖြစ်ခဲ့တယ် ။ လူ့ဘုံနဲ့ တိရစ္ဆာန်ဘုံဟာဘာများကှာခြားသလဲ မင်းလက် က ကြိမ်လုံးနဲ့ ငါ့ကျောကုန်းပေါ် တစ်သားထဲကခြဲ့ ငါလဲနာတတ် တယ်သခင်။

ငါ့နှာသီးဖျားထဲဝါးချွန် နဲ့ ထိုးသွင်းတုန်းကမင်း ကလဲအံတွေကြိတ် ငါလဲပဲမက်ြလုံးကိုမှိတ် အံကွိုကိတ် မင်းကထုရတဲ့ “တူ” ငါကခံရတဲ့ “ပေ ”အသည်းလှိုက်အောင်နာကျင်နေလဲ ငါဘာများတတ်နိုင်မှာလဲသခင်။မင်းတို့ ကျွန်ဖြစ်တဲ့ အဆုံးတော့ နွံနစ်တော့ လဲ ရုန်းရတာပဲမဟုတ်လား။

ငါနေမကောင်း ဖြစ်ချိန် ကြိမ်လုံးနဲ့ ရိုက် နှာဖာွးကိုး ဆောင့်ဆွဲ အမြှီးကို လိမ်ခေါက် မင်းတို့ တုတ်တွေနဲ့ ငါ့ကို ရိုက်တယ် ။ ’မထ’တဲ့အဆုံး ငါ့ကျောပေါ် ထမ်းရွက်ခြောက် တင်ပြီး မီးနဲ့ရှို့ ဗိုက်ထဲကငါ့ကလေးတောင် မျက်ရည် ကလြောက်တယ် ။

သေချာတယ်မင်းတို့ သိပ်ကြောက်တဲ့ ငရဲဘုံဟာ ငါအတွက်တော့ မင်းနေ နေတဲ့ ဒီလူ့ဘုံပဲသခင် ။ ကျေးဇူးတရား ဆိုတာ မင်းက ပိုသိပါတယ် သခင်။

ငါ့ခန္ဓာကိုယ်ဟာ မင်းတို့ အတွက် မစင် ထိတိုင် အကျိုးရှိ ပါတယ်။နွေအခါမှာ လယ်ထဲ မင်းနဲ့ငါအတူတူ လယ်ထွန် တယ်။မင်းမောလို့သစ်ပင်အောက် ပြေးနားတဲ့အချိန် ငါ့အတွက်အရိပ်ဆိုတာ ငါ့ ပုခုံးပေါ်က ထန်းပိုးပဲရှိပါတယ်သခင်

။ဆောင်းအခါမှာ စောင်အထူကြီးတွေ နဲ့ မင်းတို့ နွေးနေချိန် ငါ့အရွေပားဟာ ငါ့ရဲ့စောင်ပါပဲနွေးမယ်လို့ထင်သလားသခင်။

အမဲသားလို့ မခေါ်ပါနဲ့ မင်းတို့ အားအင် ချိနဲ့တဲ့အခါ သောက်တဲ့ ငါ့နို့ရည်တွေ ဖြူစင်ပါတယ် သံသရာမှာ ချုချာတဲ့နွားမို့ တရံတခါမှာ ပူဆာတဲ့သားအတွက် မင်းအိမ်ကဆင်းပါ့မယ် ဟိုသတ်ကွင်း ဘယ် လောက် ရက်စက်ပ့ ငါမငြင်း ပါဘူး ။

ငါ့အားနဲ့ ဖြစ်တဲ့ ဆန် ထမင်း မင်းတို့ ဝမ်းထဲ ငါ့အသားနဲ့ ရောသွင်းတာ ချိုသလားသခင်။မင်းရဲ့သား ဆိုင်ကယ်စီးဖို့ သားသတ်ရုံမှာ ငါမရုန်းတော့ဘဲ ငါ့အသားအလှီးခံပါ့မယ်။

မူရင်းသို့လေးစားစွာဖြင့်

Credit mmrenews

Unicode