Local News

တရုတ်ပြည်မှာ ကူးစက် မှုတွေပြန်တွေ့နေရပြီလား ????

ကိုဗစ်ဆေးရုံကြီးကို (၅) ရက်အတွင်း အပြီးဆောက်ပြန်တဲ့ တရုတ်ပြည် ကိုဗစ် နောက်ဆုံးရ အခြေအနေ..

တရုတ်ပြည်ဟာ ကိုဗစ်လူနာတွေထားဖို့ ဆေးရုံကို (၅) ရက်နဲ့ တည်ဆောက်ခဲ့ပါတယ်။ ဒီနေ့ ဇန်နဝါရီလ ၁၆ ရက်နေ့မှာ ခုတင် ၁၅၀၀ ဆန့်ဆေးရုံကို ဟဲ့ဘေးပြည်နယ် နန်ကုံးမှာ (၅) ရက်နဲ့တည်ဆောက်ပြီးစီးခဲ့ပါတယ်။ စုစုပေါင်း ကိုဗစ်အတွက်အရေးပေါ် ဆေးရုံ (၆) ရုံကို တည်ဆောက်မှာဖြစ်ပြီး နောက်အပတ်ထဲမှာ ပြီးစီးကြမှာဖြစ်ပါတယ်။အခုလိုဆေးရုံကြီးတွေကို အမြန်တည်ဆောက်နေပုံရရင် တွေ့ရတဲ့ကိုဗစ် Positive လူနာများလိမ့်မယ်လို့ ခန့်မှန်းထားပုံရပါတယ်။ မနေ့က သောကြာနေ့ထုတ်ပြန်ချက်အရ လူနာအသစ် (၁၃၀) ထပ်တွေ့ခဲ့ပါတယ်။ တရုတ်ပြည်မှာ လူနာအသစ်စာရင်းထုတ်ပြန်ရင် ရောဂါပိုးတွေ့ပြီး ရောဂါလက္ခဏာပါပြတဲ့လူနာကို ဆိုလိုလေ့ရှိပါတယ်။ ရောဂါ Positive ဖြစ်သော်လည်း ရောဂါလက္ခဏာမပြသေးတဲ့သူ ဘယ်နှစ်ယောက်တွေ့သလဲ မသိရသေးပါ။ ကိုဗစ်ရောဂါမှာ ရောဂါပိုးရှိပြီးရောဂါလက္ခဏာမပြသူက ရောဂါလက္ခဏာပြသူထက် ပိုများလေ့ရှိပါတယ်။ ဒါ့ကြောင့် လူမသိသူမသိ ကူးစက်မြန်လွယ်တာလည်း ဖြစ်ပါတယ်။ (တရုတ်ပြည်မှာ ကိုဗစ် Positive ဖြစ်ပြီး ရောဂါလက္ခဏာ မပြရင် ကိုဗစ်လူနာအဖြစ် စာရင်းမသွင်းပါ)

အခုလောလောဆယ် နန်ကုန်းနဲ့ ရှီကျားကျွမ်းမြို့တွေမှာ ကိုဗစ်ရောဂါကုသနေရသူ (၆၄၅) ယောက်ရှိတယ်လို့ ဆိုပါတယ်။ ရှီကျားကျွမ်းမြို့ဟာ ပေကျင်းမြို့တောင်ဘက် မှာရှိပြီး ဟဲ့ဘေးပြည်နယ်ရဲ့မြို့တော်ဖြစ်ပါတယ်။ ဒုတိယမြို့တော်ဝန်ရဲ့အဆိုအရ လူ (၁၀) သန်းကျော် ကိုဗစ် Positive ဖြစ် မဖြစ် စစ်ပြီးပြီလို့ဆိုပါတယ်။

အခုထိ ရှီကျားကျွမ်းမြို့မှာ ဒေသတွင်းကူးစက်မှု (၂၄၇) မှုရှိထားတယ်လို့လည်းပြောပါတယ်။ရှီကျားကျွမ်းမြို့မှာ ခုတင် ၃၀၀၀ ဆန့် ကိုဗစ်ဆေးရုံဆောက်နေပြီး ၃ ပုံ ၁ ပုံပြီးနေပြီလို့ ဆိုပါတယ်။ အခုအချိန်ဟာ ရာသီဥတုကလည်း အေးချိန်ဖြစ်ပြီး လူတွေခရီးအသွားဆုံးဖြစ်တဲ့ တရုတ်နှစ်ကူးမတိုင်ခင် ခရီးသွားရာသီစနေချိန်မို့ တရုတ်အာဏာပိုင်တွေက ရောဂါကူးစက် မှု ပိုမိုပြန့်နှံ့သွားမှာကို စိုးရိမ်နေကြပါတယ်။ အခုလိုဆေးရုံကြီးတွေတည်ဆောက်နေမှုဟာ အခြေအနေကိုလက်ဦးမှုယူဖို့ အလုပ်သင့်ဆုံးဆုံးဖြတိချက်ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ ကိုဗစ်အစရှာဖွေဆန်းစစ်ရေးအဖွဲ့ဟာလည်း စင်ကာပူကတဆင့် ကြာသပတေးနေ့မှာ တရုတ်ပြည် ဝူဟန့်မြို့ကိုရောက်ရှိနေပြီဖြစ်ပါတယ်။ စင်ကာပူကို ဖြတ်သန်းဝင်ရောက်ချိန်မှာ WHO ရဲ့အဖွဲ့ဝင်နှစ်ယောက် မှာ ကိုဗစ်ရောဂါ Positive ဖြစ်ဖူးကြောင်း စစ်ဆေးတွေ့ရှိခဲ့တာမို့ ဒီအဖွဲ့မှာ နှစ်ယောက်လောလောဆယ်ပါမသွားခဲ့ပါဘူး။ အဲ့ဒီအဖွဲ့ဟာ ဝူဟန့်မှာလောလောဆယ် ၁၄ ရက် Quarantine ကွာရန်တင်းဝင်နေပါတယ်။ ကွာရန်တင်းဝင်နေစဉ်ကာလမှာ တရုတ်ကျွမ်းကျင်သူတွေနဲ့ online ဗီဒီယိုနဲ့ ဆွေးနွေးပြောဆိုမယ်လို့ ဆိုပါတယ်။WHO က အဖွဲ့စေလွှတ်ဖို့စီစဉ်နေတာ နှစ်ပေါက်အောင်ကြာပြီဖြစ်ပြီး အခုမှပြည်ဝင်ခွင့်ရတာဖြစ်ပါတယ်။ အခုရက်ပိုင်းမှာ တရုတ်ပြည်မှာ ကူးစက်မှုတွေပြန်တွေ့နေပြီး တရုတ်အစိုးရအနေနဲ့ အချိန်မီပြန်လည်ထိန်းနိုင်မှာ သေချာပါကြောင်း။

ခရက်ဒစ်

UNICODE