တွခားအိမ်တွေတော့မပွောတတ်ဘူး ပေါ့နော်။
ကျွန်တော့်အိမ်တော့ အထပ်မြင့်ဆိုပေမယ့်ွခင်အရမ်းလာပါတယ် အပင်တွေကလည်းစိုက်တော့ခြင်ကအောင်းနေတယ်လေ ။
ခြင်ဆေးဖျန်းဖို့ထွန်းဖို့ ဆိုရင်လည်း အသက်ရှုကျပ်တတ်လို့ တခါတခါခြင်ရိုက်ဘတ် တံနဲ့ပဲနှစ်ပါးသွားရပါတယ်
ခုတော့တော်တော်ကို အဆင်ပြေသွားပါပြီ
“စပါးလင်” မုန့်ဟင်းခါးထဲထည့်ချက်, ဟင်းထဲထည့်ချက်ဖို့ပဲ သိခဲ့တာ ခြင်တကယ်ပြေးမှန်းခုမှသိတာ
စပါးလင် ငါးရာဖိုးလောက်ဝယ်ပြီး အရိုးခြောက်အခွံခြောက်တဲ့ အပိုင်းတွေဖယ်ထုတ်ဖြတ်ပြီး ရေတစ်ဖန်ခွက်လေးငါးဆယ်ချောင်းလောက်ထည့်ပြီးရေစိမ်
အခန်းဒေါင့်လေးတွေမှာချထားလိုက်တာ သိသိသာသာ ခြင်တွေမတွေ့ရတော့တာပါပဲ
ကျွန်တော့်လိုခြင်ဆေးနံ့မခံနိုင်တဲ့သူအတွက် တော်တော်ကိုအဆင်ပြေပါတယ် ထပ်ခါထပ်ခါလည်းဝယ်နေစရာမလို ရေလေးပဲမကြာမကြာလဲပေးလိုက်ရင်
သူကအွမစ်တွေထွက်လာတဲ့ အထိ ဆက်ရှင်နေမှာပါ ကလေးငယ်ရှိတဲ့အိမ်တွေပိုအဆင်ပြေမယ်ထင်ပါတယ်
ခြင်တွေတကယ်ပြေးလို့ ခုတော့ကျွန်တော်ပျော်နေပြီ အားလုံးကိုလည်းဝေမျှချင်တဲ့စေတနာနဲ့ ပို့စ်တင်ရေးပေးတာပါနော် အရမ်းကိုတတ်သိနားလည်နေလို့မဟုတ်ပါဘူးရှင့်
(ခြင်ဆေးကြော်ငြာတစ်ခုမှာ စပါးလင်ဖြင့်ထုတ်လုပ်ထားခြင်းကိုတွေ့လို့စမ်းကြည့် လိုက်တာ)
Mirror
Unicode
စပါးလင် ရှိရုံနဲ့ခြင်ပြေးစေသောနည်း