မြန်မာ နိုင်ငံတွင် သာမက ကမ္ဘာမှာ တောင် ပထမဆုံး ဖြစ်နိုင် သည့် ထန်းလျှော်ွဖင့် ဗုဒ္ဓရုပ် ပှား တော်ကို ရက်လုပ် နေကာ ပြီးစီးလု အခြေအနေကို ရောက်နေ ပြီဖြစ် ကြောင်း အဆိုပါရုပ်ပွား တော်ကို ရက်လုပ် ပူဇော်နေသူများထံက ဒီဇင်ဘာလ ၅ ရက်တွင် သိရ ပါတယ် ။
အဆိုပါ ရုပ် ပှားတော်ကို မန္တလေး တိုင်းဒေသကြီး၊ ကျောက်ပန်းတောင်း မြို့ နယ်၊ ရွာတန်းရှည်ကျေးရွာ၊ တိုက်သစ် ဘုန်းတော်ကြီး ကျောင်းဝန်းအတွင်း ထား ရှိ ရက် လုပ်နေ ခြင်း ဖြစ်ကာ လောကမာရ ဇိန်ထန်း ဘုရားကြီးဟု ဘွဲ့တော် သတ်မှတ် ထားပြီး
ဘုရား ၏ ဉာဏ်တော်မှာ ၂၇ ပေ ရှိကာ ပလ္လင်တော်အပါ ၃၄ ပေ အမြင့် ရှိပြီး ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ ကို လျှောက်ထား သြဝါဒခံယူကာ တည် ထားခြင်းဖြစ် ကြောင်း တော်ဝင်ထန်းအဖွဲ့၏ ဥက္ကဋ္ဌ ဒေါ်ပိုးဖြူက ဒီဇင်ဘာလ ၅ ရက်တွင် ပြောကြား ပါတယ် ။
“ရုပ် ပှားတော်မှာ ဆံတော်က သုံးလိုင်းမြောက်ပဲကျန်ပါတော့တယ်။ အလှူ က ထန်းတောင်သူတွေပါတယ်။ နန်းတွေ ထိုးရတာကိုး။ ရွာသူရွာသားတွေပါတယ်။ ထန်းပင် အလှူရှင်တွေလည်းပါတယ်။ ထိန်းသိမ်းထားတဲ့ထန်းပင်တွေက ထန်း လက်တွေကို အန်တီတို့က ခုတ်တယ်။
ထန်းလက်တွေကို ယူပြီးတော့ အန်တီတို့ က ထိုးတာပေါ့နော်။ ထန်းတောင် သူတွေ အကုန်လုံး လည်းပါတယ်။ ဒီထန်းပင်တွေ ကို အုပ်စုလိုက် ခုတ်နေတဲ့အချိန် ကြိုး စည်းထားတဲ့အပင်တွေကို အန်တီတို့က ဝယ်ပြီး သိမ်းလိုက်တာကို။
အဲဒီအပင်က ထန်းလက်တွေကယူပြီးတော့ ဘုရားကို ထိုးတာပေါ့” ဟု အဆိုပါဘုရားတွင် ကိုယ်တိုင် နန်းထိုး၍ လည်း ကုသိုလ်ယူခဲ့သူ ကဆိုပါတယ်။
ရုပ်ပွားတော်သည် အဆိုပါ အရပ်ဒေသတွင် ရှိသော ထန်းတောင်သူများကို ကိုယ်စား ပြုထားသကဲ့သို့ သဘာဝပတ် ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးအ တွက် ဝယ်ထားလိုက်သော ထန်းပင်များ က ထွက်ကုန်ပစ္စည်းများကို သုံးထားခြင်း ဖြစ်ကြောင်း ၎င်းက ဆိုခဲ့ပါသည် ။
“ဒီဆင်းတုတော်သည် အဓိပ္ပာယ် တွေအများကြီးရှိပါတယ် ။ သဘာဝထိန်းသိမ်းတယ်။ နောက်တစ်ခါ ထန်းတောင်သူတွေအားလုံးရဲ့အလှူတွေ ပါသလို သင်တန်းလုပ်ပေးတယ်။ သင်တန်းသူတွေ ရက်တတ်လာတယ်။ အန်တီ ထင်ပါတယ်။
နောက်ထပ် ဘုရားတစ်ဆူကို ထပ်ပြီး ရက်လုပ်ဖို့ဆိုတာ အင်မတန်ခက်ခဲ ပါတယ်။ ဘာလို့လဲဆိုရင် အားလုံးကို လက်ချည်းပဲလေ။ ထန်းလျှော်ကို ခုတ်ရ တာလည်း လက်နဲ့ခုတ်ရသလို လျှော် သပ်ရတာလည်း ထန်းတောင်သူတွေက အရမ်းထက်တဲ့ ဓားနဲ့သပ်ပေးရတယ်” ဟု ဒေါ်ပိုးဖြူက ပြောခဲ့ပါတယ် ။
တိုက်သစ် ဘုန်းတော်ကြီး ကျောင်းတွင် ရှေး ဟောင်း ဆင်းတုတော် ၂၅ ဆူ လည်း တည်ရှိနေကာ အဆိုပါ ဘုရားသည် ခရီးသွားများအတွက် စိတ်ဝင်စားဖွယ် နေရာ တစ်ခုလည်း ဖြစ်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြား ခဲ့ပါတယ်။
စာဖတ် သူ မိတ်ဆွေ အပေါင်း ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာ ကျ ပါစေ လို့ ဆုမွန်ကောင်း တောင်း ပေး လိုက်ပါတယ် ။
Credit dailyposts
Unicode
မြန်မာ တွင်သာမက ကမ္ဘာ မှာပါ ပထမဆုံး ဖြစ်လာမယ့် ထန်းလျှော်ဖြင့် ရက်လုပ်သည့် ဗုဒ္ဓရုပ် ပှားတော်ကြီး