အာလူးနဲ႔ေရာၿပီးေၾကာ္စားစား၊ အရြက္တစ္ခုခုနဲ႔ေရာေၾကာ္ေၾကာ္၊ ဘယာေၾကာ္ထဲမွာပဲထည့္ေၾကာ္ေၾကာ္စားလို႔ေကာင္းတဲ့ အေလ့က်ေပါက္ပင္ေလးတစ္ခုရွိတယ္ေလ။ အဲ့ဒါက အခုလိုမိုးေလးက်ရင္ လယ္ကန္သင္းရိုး၊ ကန္ေဘာင္ရိုးတို႔မွာ အေလ့က်ေပါက္တတ္တဲ့ ပုစြန္စာရြက္ေလးပါ။
ဒီအရြက္ေလးက စားေကာင္း႐ုံတင္မကပါဘူး။ အခုလိုက်န္းမာေရးအက်ိဳးေက်းဇူးေတြကိုပါရရွိေစနိုင္ပါေသးတယ္။ပုစြန္စာရြက္ – ပုစြန္စာရြက္ကေျမျပင္မွာကပ္ေပါက္တဲ့အပင္ငယ္တစ္မ်ိဳးပါ။ အရြက္ခၽြန္ခၽြန၊ အရိုးပြပြေလးနဲ႔ အပြင့္ျဖဴျဖဴေလးေတြပြင့္ၾကပါတယ္။ အာရွေဒသေတာ္ေတာ္မ်ားမ်ားမွာေပါက္ေရာက္ၾကပါတယ္။ အရိုးက အနီေရာင္ေလးရွိတတ္ပါတယ္။
စားလိုက္ရင္ ႂကြပ္ႂကြပ္ေလးနဲ႔ စားေကာင္းတဲ့အရြက္ေလးတစ္မ်ိဳးေပါ့။ ဓါတ္တိုးဆန႔္က်င္အာနိသင္ႂကြယ္ဝတာေၾကာင့္ ဘက္တီးရီးယားေတြကို တိုက္ထုတ္ေပးနိုင္ပါတယ္။ဒီလိုေလးေဆးဖက္ဝင္ပါတယ္။အသက္ရႈလမ္းေၾကာင္းကို က်န္းမာေစနိုင္တယ္ – အေအးမိတာေၾကာင့္ ႏွာေစးႏွာပိတ္ျဖစ္ေနသူေတြနဲ႔ အထူးသင့္ေတာ္ပါတယ္။
ပုစြန္စာရြက္က နာက်င္ေရာင္ရမ္းမႈကိုေလ်ာ့ပါးသက္သာေစနိုင္ၿပီး ခၽြဲေတြကို ကင္းစင္ေစနိုင္တာေၾကာင့္ အသက္ရႈရတာကို လြယ္ကူေစနိုင္ပါတယ္။ အေအးမိတာေၾကာင့္ျဖစ္တဲ့ လည္ေခ်ာင္းနာတာ၊ေလႁပြန္ေရာင္ရမ္းတာေတြအတြက္လည္း ပုစြန္စာရြက္ကိုေရေႏြးဆူဆူထဲထည့္ျပဳတ္ၿပီးေသာက္ေပးလို႔ရပါတယ္။
ဓါတ္တိုးဆန႔္က်င္ အာနိသင္ႂကြယ္ဝတယ္ – ဓါတ္တိုးဆန႔္က်င္အာနိသင္ႂကြယ္ဝတာေၾကာင့္ ခႏၶါကိုယ္ကို က်န္းမာေစနိုင္ပါတယ္။free radicalsေတြေၾကာင့္ ဆဲလ္ေတြမပ်က္စီးေအာင္ကာကြယ္ေပးနိုင္ပါတယ္။ ကိုယ္တြင္းအဂၤါေတြကိုက်န္းမာေစနိုင္ၿပီး အရြယ္မတိုင္ခင္ အိုမင္းရင့္ေရာ္မႈကို တားဆီးေပးပါတယ္။
ပင္ပန္းတာကို သက္သာေစနိုင္တယ္ – ပုစြန္စာရြက္က စိတ္ဓါတ္က်တာ၊ ပင္ပန္းႏြမ္းနယ္တာ၊ေျခကုန္လက္ပမ္းက်တာေတြကို သက္သာေစနိုင္ၿပီး ခႏၶါကိုယ္မွာ ကာလရွည္ၾကာခံစားေနရတဲ့ နာက်င္မႈေတြကိုလည္းေလ်ာ့ပါးသက္သာေစနိုင္ပါတယ္။သြားဖုံးက်န္းမာေစတယ္ – သြားဖုံးေရာင္တာ၊ သြားဖုံးေသြးယိုတာေတြအတြက္လည္း ပုစြန္စာရြက္ကအသုံးဝင္ပါတယ္။ ဘက္တီးရီးယားေတြကို တိုက္ဖ်က္ေပးတာေၾကာင့္ ခံတြင္းေရာဂါကိုျဖစ္ေစတဲ့ ဘက္တီးရီးယာေတြကို အေကာင္းဆုံးဖယ္ရွားေပးနိုင္မွာပါ။
သြားနဲ႔ခံတြင္းျပႆနာေတြကင္းေစဖို႔ ပုစြန္စာရြက္ကိုေရေႏြးနဲပ က်ိဳၿပီး ပလုပ္က်င္းေပးလို႔ရပါတယ္။ သတၱဳရည္ကို သြားဖုံးေရာင္တဲ့ေနရာမွာ စြတ္ေပးလို႔ရပါတယ္။ေက်ာက္ကပ္ေက်ာက္တည္တာကို သက္သာေစနိုင္တယ္ – ဆီးသြားတိုင္းနာက်င္ေနရတဲ့ ေက်ာက္ကပ္ေက်ာက္တည္တဲ့ျပႆနာနဲ႔ ဆီးလမ္းေၾကာင္းျပႆနာေတြ ကင္းေစဖို႔လည္း ပုစြန္စာရြက္ကို အားကိုးလို႔ရပါတယ္။ ပုစြန္စာရြက္မွာပါတဲ့ သဘာဝ ျဒပ္ေပါင္းကေက်ာက္ကပ္ကေက်ာက္ေတြကိုေၾကေစနိုင္ပါတယ္။
ကာကြယ္ဖို႔အတြက္ေရာ ကုသဖို႔အတြက္ပါ အသုံးျပဳလို႔ရပါတယ္။အေရျပားက်န္းမာေစနိုင္တယ္ – အေရျပားအတြက္လည္း အက်ဳးေက်းဇူးေတြရရွိေစနိုင္ပါတယ္။ ဖေလဗာႏြိဳက္ပါဝင္တာေၾကာင့္ အသားအေရကို တင္းရင္းေစၿပီး အရြယ္တင္ႏုပ်ိဳေစသလို အေရျပားျပႆနာေတြကင္းေဝးေစပါတယ္။
ဘယ္သူေတြမစားသင့္ဘူးလဲ – ပုစြန္စာရြက္ကေဆးဖက္ဝင္တယ္ဆိုေပမယ့္ ကိုယ္ဝန္ေဆာင္မိခင္ေတြ၊ နို႔တိုက္မိခင္ေတြနဲ႔ေရာဂါအခံတစ္ခုခုရွိသူေတြအေနနဲ႔ ဆရာဝန္နဲ႔ တိုင္ပင္ၿပီးမွ စားသင့္ပါတယ္။
credit – hellwsayarwon
Unicode
ကျောက်ကပ်ကျောက်တည်ခြင်း၊ အရေပြားရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတွေအတွက် ပုဇွန်စာရွက်
အာလူးနဲ့ရောပြီးကြော်စားစား၊ အရွက်တစ်ခုခုနဲ့ရောကြော်ကြော်၊ ဘယာကြော်ထဲမှာပဲထည့်ကြော်ကြော်စားလို့ကောင်းတဲ့ အလေ့ကျပေါက်ပင်လေးတစ်ခုရှိတယ်လေ။ အဲ့ဒါက အခုလိုမိုးလေးကျရင် လယ်ကန်သင်းရိုး၊ ကန်ဘောင်ရိုးတို့မှာ အလေ့ကျပေါက်တတ်တဲ့ ပုစွန်စာရွက်လေးပါ။
ဒီအရွက်လေးက စားကောင်းရုံတင်မကပါဘူး။ အခုလိုကျန်းမာရေးအကျိုးကျေးဇူးတွေကိုပါရရှိစေနိုင်ပါသေးတယ်။ပုစွန်စာရွက် – ပုစွန်စာရွက်ကမြေပြင်မှာကပ်ပေါက်တဲ့အပင်ငယ်တစ်မျိုးပါ။ အရွက်ချွန်ချွန၊ အရိုးပွပွလေးနဲ့ အပွင့်ဖြူဖြူလေးတွေပွင့်ကြပါတယ်။ အာရှဒေသတော်တော်များများမှာပေါက်ရောက်ကြပါတယ်။ အရိုးက အနီရောင်လေးရှိတတ်ပါတယ်။
စားလိုက်ရင် ကြွပ်ကြွပ်လေးနဲ့ စားကောင်းတဲ့အရွက်လေးတစ်မျိုးပေါ့။ ဓါတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝတာကြောင့် ဘက်တီးရီးယားတွေကို တိုက်ထုတ်ပေးနိုင်ပါတယ်။ဒီလိုလေးဆေးဖက်ဝင်ပါတယ်။အသက်ရှုလမ်းကြောင်းကို ကျန်းမာစေနိုင်တယ် – အအေးမိတာကြောင့် နှာစေးနှာပိတ်ဖြစ်နေသူတွေနဲ့ အထူးသင့်တော်ပါတယ်။
ပုစွန်စာရွက်က နာကျင်ရောင်ရမ်းမှုကိုလျော့ပါးသက်သာစေနိုင်ပြီး ချွဲတွေကို ကင်းစင်စေနိုင်တာကြောင့် အသက်ရှုရတာကို လွယ်ကူစေနိုင်ပါတယ်။ အအေးမိတာကြောင့်ဖြစ်တဲ့ လည်ချောင်းနာတာ၊လေပြွန်ရောင်ရမ်းတာတွေအတွက်လည်း ပုစွန်စာရွက်ကိုရေနွေးဆူဆူထဲထည့်ပြုတ်ပြီးသောက်ပေးလို့ရပါတယ်။
ဓါတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝတယ် – ဓါတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝတာကြောင့် ခန္ဓါကိုယ်ကို ကျန်းမာစေနိုင်ပါတယ်။free radicalsတွေကြောင့် ဆဲလ်တွေမပျက်စီးအောင်ကာကွယ်ပေးနိုင်ပါတယ်။ ကိုယ်တွင်းအင်္ဂါတွေကိုကျန်းမာစေနိုင်ပြီး အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကို တားဆီးပေးပါတယ်။
ပင်ပန်းတာကို သက်သာစေနိုင်တယ် – ပုစွန်စာရွက်က စိတ်ဓါတ်ကျတာ၊ ပင်ပန်းနွမ်းနယ်တာ၊ခြေကုန်လက်ပမ်းကျတာတွေကို သက်သာစေနိုင်ပြီး ခန္ဓါကိုယ်မှာ ကာလရှည်ကြာခံစားနေရတဲ့ နာကျင်မှုတွေကိုလည်းလျော့ပါးသက်သာစေနိုင်ပါတယ်။သွားဖုံးကျန်းမာစေတယ် – သွားဖုံးရောင်တာ၊ သွားဖုံးသွေးယိုတာတွေအတွက်လည်း ပုစွန်စာရွက်ကအသုံးဝင်ပါတယ်။ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးတာကြောင့် ခံတွင်းရောဂါကိုဖြစ်စေတဲ့ ဘက်တီးရီးယာတွေကို အကောင်းဆုံးဖယ်ရှားပေးနိုင်မှာပါ။
သွားနဲ့ခံတွင်းပြဿနာတွေကင်းစေဖို့ ပုစွန်စာရွက်ကိုရေနွေးနဲပ ကျိုပြီး ပလုပ်ကျင်းပေးလို့ရပါတယ်။ သတ္တုရည်ကို သွားဖုံးရောင်တဲ့နေရာမှာ စွတ်ပေးလို့ရပါတယ်။ကျောက်ကပ်ကျောက်တည်တာကို သက်သာစေနိုင်တယ် – ဆီးသွားတိုင်းနာကျင်နေရတဲ့ ကျောက်ကပ်ကျောက်တည်တဲ့ပြဿနာနဲ့ ဆီးလမ်းကြောင်းပြဿနာတွေ ကင်းစေဖို့လည်း ပုစွန်စာရွက်ကို အားကိုးလို့ရပါတယ်။ ပုစွန်စာရွက်မှာပါတဲ့ သဘာဝ ဒြပ်ပေါင်းကကျောက်ကပ်ကကျောက်တွေကိုကြေစေနိုင်ပါတယ်။
ကာကွယ်ဖို့အတွက်ရော ကုသဖို့အတွက်ပါ အသုံးပြုလို့ရပါတယ်။အရေပြားကျန်းမာစေနိုင်တယ် – အရေပြားအတွက်လည်း အကျုးကျေးဇူးတွေရရှိစေနိုင်ပါတယ်။ ဖလေဗာနွိုက်ပါဝင်တာကြောင့် အသားအရေကို တင်းရင်းစေပြီး အရွယ်တင်နုပျိုစေသလို အရေပြားပြဿနာတွေကင်းဝေးစေပါတယ်။
ဘယ်သူတွေမစားသင့်ဘူးလဲ – ပုစွန်စာရွက်ကဆေးဖက်ဝင်တယ်ဆိုပေမယ့် ကိုယ်ဝန်ဆောင်မိခင်တွေ၊ နို့တိုက်မိခင်တွေနဲ့ရောဂါအခံတစ်ခုခုရှိသူတွေအနေနဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားသင့်ပါတယ်။
credit – hellwsayarwon