Health

`ဒန့်သလွန်လက်တစ်ဆုပ်

ကျွန်တော်ကတစ်ပတ်ကိုဒန့်သလွန်ရွက်လက်တစ်ဆုပ်စီကို၂ခါလောက်စားဖြစ်ပါတယ်။ ဒီနေ့ဒန့်သလွန်ရွက်လက်တစ်ဆုပ်ကြော်စားရင်းနဲ့အမျိုးတွေကိုလည်းသတိရပြီး မျှဝေချင်တဲ့စိတ်ဖြစ်လာတဲ့အတွက်ဒန့့်သလွန်ရွက်ရဲ့အံ့သြဘွယ်ရာကောင်းကျိုးတွေတန်းစီပြီးပြောပြပါမယ်။

ကျွန်တော်ငယ်ငယ်တုန်းက နို့ကောင်းကောင်းမထွက်တဲ့ကလေးမိခင်တစ်ယောက်ကိုတွေ့ဖူးပါတယ်။ အဲဒီကလေးအမေဟာဒန့်သလွန်ရွက် ဟင်းချိုသောက်ပြီးနောက်မှာအဖြူရောင်နို့ရည်တွေ ပန်းပြီးထွက်လာတာကို အံ့သြစွာတွေ့ခဲ့ရပါတယ်။

ရန်ကုန်မြို့၊ရွှေဘုံသာလမ်းက သူဌေးကြီးတစ်ယောက်ဆိုရင် သွေးတိုးဆီးချိုအကြီးအကျယ်ဖြစ်တာ။ သွေးက၁၈၀လောက်တက်တယ်၊ ဆီးချိုက ၄၀၀လောက်တက်တယ်။ ဘယ်လိုလုပ်သက်ဆိုးရှည်နိုင်ပါ့မလဲ။ သို့သော်ဒန့်သလွန်ရွက်ကိုထောင်းပြီး သောက်လိုက်တော့ သွေးတိုးရောဆီးချိုပါပုံမှန်ပြန်ဖြစ်သွားတာကို အံ့သြစွာတွေ့ခဲ့ရပါတယ်။ အခုဆိုရင်အသက်၉၀နီးပါးရှိနေပါပြီ၊ ကျန်းမာဆဲပါပဲ။

တောရွာတွေမှာ ဆောင်းတွင်းမိုးတွင်းဆိုရင်ကလေးလူကြီးအများစု နှာစေးနှာမွှန်အအေးမိကြလေ့ရှိတယ်။ ဟတ်ချိုးဆိုတဲ့အသံဟာ ရွာလုံးကျွတ်ပဲ။ ဒန့်သလွန်ဟင်းခါးပူပူလေးတွေ ပေးသောက်လိုက်တော့အချိန်တိအတွင်းမှာ ပျောက်ကင်းသွားကြတယ်။

ရေရှားတဲ့တောရွာလေးတစ်ခုကို ရောက်စဉ်ကလည်းအဲဒီရွာကရေတွေကနောက်လွန်းတဲ့အတွက် သောက်လို့မရပါဘူး။ ဒါပေမဲ့ဒန့်သလွန်စေ့ကို အမှုန့်ထောင်းပြီးခပ်လိုက်တဲ့အခါမှာတော့ ရေကြည်ရေသန့်ကိုရပါတယ်။ အံ့သြစရာကြီးပါ။

အဲဒီတောရွာကလူတွေပြောပြချက်အရ ဒန့်သလွန်ပင်ဟာ ဘယ်လောက်အံ့သြစရာကောင်းလဲဆိုရင် အပင်ကို ဘယ်လိုသတ်သတ်မသေပါဘူးတဲ့။ သူ့အစေးနဲ့သူပြန်လည်ပတ်ဖွဲ့ပြီး အပင်ပြန်လည်ရှင်သန်အောင်သူ့ဟာသူ ပြန်လုပ်တယ်ဆိုတာကိုလည်း အံ့သြဘွယ်ရာကြားသိခဲ့ရပါတယ်။

ကမ္ဘာပေါ်မှာ ဒန့်သလွန်နဲ့ပတ်သက်လို့ကင်ဆာရောဂါကို ပျောက်ကင်းအောင်လုပ်ပေးနိုင်တယ်ဆိုတာ အနောက်နိုင်ငံကပညာရှင်တွေသိရှိလာကြပြီဖြစ်ပါတယ်။ ကင်ဆာကိုတောင် နိုင်တယ်ဆိုတဲ့အတွက် ဒန့်သလွန်ကို သေချာသုတေသနပြုကြပါတယ်။ သူတို့ရဲ့လေ့လာချက်တွေအရဒန့်သလွန်မှာ လူ့အကျိုးပြု ဗီတာမင်တွေသတ္တုဓာတ်တွေ အများကြီး ပါဝင်ပြီး အောက်ပါအကျိုးကျေးဇူးတွေကို ပေးစွမ်းပါတယ်-

၁)စိတ်ကြည်လင်လန်းဆန်းစေခြင်း
၂)သွေးတိုးကိုချပေးနိုင်ခြင်း
၃)ကင်ဆာအဖုအကျိတ်များကိုဖယ်ရှားပေးခြင်း
၄)အနုဇီဝပိုးများကိုဆန့်ကျင်ခြင်း
၅)နှလုံးသွေးလည်ပတ်မှုကောင်းခြင်း
၆)သွေးအားကောင်းခြင်း
၇)အင်စူလင်ကဲ့သို့အာနိသင်ရှိခြင်း
၈)အဆီချပေးခြင်း
၉)ရောင်ကိုင်းခြင်းကိုလျှော့ချပေးခြင်း
၁၀)အင်နာဂျီတိုးတက်စေခြင်း
၁၁)ကော်လက်စတြောချပေးခြင်း
၁၂)ကိုယ်တွင်းကိုယ်ပဒဏ်ရာများကိုပျောက်စေခြင်း
၁၃)ကိုယ်တွင်းအဆိပ်များကိုထုတ်ပေးခြင်း
၁၄)နှာစေးနှာမွှန်ခြင်းကိုပျောက်စေခြင်း
၁၅)ဂေါက်ရောဂါကိုသက်သာစေခြင်း
၁၆)ကလီစာလုပ်ငန်းများကိုကူညီခြင်း
၁၇)အဆိပ်အတောက်ပြေခြင်း
၁၈)ဆီးချိုချပေးခြင်း
၁၉)ဆံပင်သန်စေခြင်း
၂၀)ဖက်ခွက်နာပြည်တည်နာကိုပျောက်စေခြင်း
၂၁)အသားပိုမထွက်အောင်တားဆီးခြင်း
၂၂)ကာမအားတိုးပွားစေခြင်း
၂၃)ကိုယ်ခံအားတက်ခြင်း
၂၄)မျက်စိအမြင်ကြည်လင်စေခြင်း
၂၅)စိတ်ကျရောဂါကာကွယ်ပေးခြင်း
၂၆)အသားရေလှပခြင်း
၂၇)ခံနိုင်ရည်အားကောင်းခြင်း
၂၈)အဆစ်အမျက်နာကျင်မှုကိုသက်သာစေခြင်း
၂၉)မှိုရောဂါကိုဖယ်ရှားပေးခြင်း
၃၀)အင်တီအောက်ဆီ့ဒင့်ကြွယ်ဝခြင်းစသည်ဖြင့် ကောင်းကျိုးတွေ အများကြီးဖြစ်ပါတယ်။

အဲလောက်ဆိုရင်တော့ ဒန့်သလွန်ရွက်ကိုစားဖို့သင့်ပြီပေါ့။ နိုင်ငံတကာမှာဒန့်သလွန်ဆေးတွေကစျေးသိပ်ကြီးပါတယ်။ကျွန်တော်တို့မြန်မာပြည်မှာတော့ နေရာအနှံ့တွေ့ရပါတယ်။ မြေရှိသူများအပင်စိုက်ထားဖို့ကောင်းပါတယ်။ ပေါများစွာရနေတဲ့အတွက်တစ်ပတ်ကို တစ်ကြိမ်နှစ်ကြိမ်လောက်စားပေးကြပါ။ အများကြီးစားစရာမလိုပါဘူး။ တစ်ခါစားရင်လက်တစ်ဆုပ်လောက်ပါပဲ။ စားတာကတော့လက်တစ်ဆုပ်ဆိုပေမဲ့ရရှိမယ်အကျိုးကျေးဇူးတွေကတော့ မရေတွက်နိုင်အောင်ပဲဖြစ်ပါလိမ့်မယ်လို့…………

ချစ်ခင်လေးစားလျှက်………..

Via Sein Wai Thwin
#htzn

Unicode

`ဒန့်သလွန်လက်တစ်ဆုပ်´