ဖိလစ်ပိုင်နိုင်ငံက မော်ဒယ်လ် တစ်ယောက်ဖြစ်တဲ့ ပရိသတ်တွေရဲ့အချစ်တော် Sinon ကတော့ ပရဟိတ စိတ်အွပည့်ရှိတဲ့ အနုပညာရှင်တစ်ယောက်ပါ။ မကြာခဏ ဆိုသလို
အလှူအတန်းတွေ ပြုလုပ်တတ်ပြီး ကြင်နာမှုအပြည့်ရှိတဲ့ Sinon ကို ပရိသတ်တွေကလည်း လေးစားချစ်ခင်ကြပါတယ်။ လတ် တလောမှာတော့ Sinon တစ်ယောက်
လမ်းမပေါ်က ပန်းရောင်းတဲ့သူတွေအဖြစ် ခဏတာ သရုပ်ဆောင်ခဲ့ပါတယ်။ သူတို့ မိသားစုကိုကျွေးမှေးဖို့ သူတို့ဘယ်လောက် အလုပ်ကြိုးစားလည်း ဆိုတာပီးတော့
ဘယ်လောက်ရိုးသားလည်းဆိုတာကျွန်တော် နားလည်နိုင်ပါပြီ ဆိုတဲ့ စာသားလေးနဲ့အတူ ကိုယ်တိုင် ကားလမ်းမပေါ်မှာ ပန်းရောင်းခဲ့တဲ့ ပုံရိပ်လေးတွေနဲ့အတူ
ပရိသတ်တွေကို မျှဝေပေးခဲ့တာဖြစ်ပါတယ်။ ကျွန်တော်သူတို့အပေါ်မှာ လုံးဝလေးစားပါတယ်။ ရိုးရိုးသားသားကြိုးကြိုးစားစားနဲ့ဘဝကို ရှင် သန်နေလို့ ကျေးဇူးတင်ပါတယ်
လို့လည်း ရေးသားဖော်ပြ ထားပါသေးတယ်။ ပရိသတ်တွေကတော့ Sinon ရဲ့ ကိုယ်ချင်းစာ တရားလေးအတွက် လေးစားဂုဏ်ယူကြောင်း မှတ်ချက်လေးတွေ ရေးသားခဲ့ကြပါတယ်။
ခရက်ဒစ်
Unicode
လမ်းမပေါ်က ပန်းရောင်းတဲ့သူတွေဘဝကို စာနာတဲ့အနေနဲ့ ကိုယ်တိုင်ခဏတာ ဝင်ရောင်းခဲ့တဲ့ Sinon