နှစ်စဉ် ဆောင်းရာသီရောက်လို့ ချမ်းအေးလာပြီဆိုလျှင် အအေးလှိုင်းဖြတ်တယ် ဆိုတဲ့ သတင်းတွေက တက်လာစမြဲပါ။ အအေးလှိုင်းလို့ပြောလိုက်လျှင် တော်တော် များများက ရုပ်ရှင်တွေထဲကလို အအေးလှိုင်းဖြတ်တဲ့ လမ်းကြောင်းတလျှောက် ရေခဲသွားကြမယ်လို့ ထင်ကြပါတယ်။ရာသီဥတုဆိုတာ အဲ့ဒီ့လောက် မရိုးရှင်းပါ။ ဒီ နှစ် (၂၀၂၀-၂၀၂၁) မှာတော့ အအေးလှိုင်းတကယ်ဖြတ်ပါတယ်။ အဲ့ဒါကိုတော့.. လာနီညာ (La Niña) ရာသီဥတုလို့ သတ်မှတ်ပါတယ်။
ကမ္ဘာကြီးဟာ ၂၃.၅ ဒီဂရီ တိမ်းစောင်းပြီး လည်ပတ်နေပါတယ်။ အဲ့ဒါကြောင့် ကမ္ဘာပေါ်က အရာဝထ္ထုတွေဟာ ရွေ့လျားကြပါတယ်။ အစိုင်အခဲ၊ အရည်၊ အငွေ့ တို့ မှာ ပေါ့ပါးတဲ့ အရာတွေဖြစ်တဲ့ ရေ နဲ့ လေ ဟာ သိသာပြောင်းလဲတဲ့ ရွေ့လျားမှုတွေ ဖြစ်ကြပါတယ်။တဖန် ရေ နဲ့ လေဟာ အပူချိန်ပေါ်မူတည်ပြီး စီးဆင်းကြပါသေး တယ်။ အထူး သဖြင့် ရေမျက်နှာ ပြင်ဟာ ကမ္ဘာကြီးရဲ့ ၃ ပုံ ၂ ပုံခန့်ရှိပြီး အပူချိန် ကွာခြားမှုကြောင့် ရေအေးစီးကြောင်း၊ ရေနွေးစီးကြောင်း စသည်ဖြင့် ပြောင်းလဲ စီး ဆင်း ကြပါတယ်။
အီကွေတာလမ်းကြောင်းတလျှောက်မှာရှိတဲ့ ပစိဖိတ်သမုဒ္ဒရာအတွင်းက ရေပူတွေ အင်ဒိုနီးရှားဘက်မှ တောင်အမေရိကဘက်ကို စီးဆင်းတဲ့အခါ အယ်လ်နီညို ဆို တဲ့ ရာသီဥတု ဖြစ်ပေါ်ပြီး..၊ တောင်အမေရိကမှ အင်ဒိုနီးရှားဘက်ကို ပြန်စီးဆင်းလျှင်တော့ လာနီညာ ရာသီဥတု ဖြစ်ပေါ်ပါတယ်။အကြမ်းဖျဉ်းပြောရလျှင်တော့.. လာနီညာဖြစ်လျှင် ပစိဖိတ်ဘက်က အေးပြီး ကျနော်တို့နဲ့ နီးစပ်တဲ့ ပင်လယ်တွေ ဘက်ကို ရေပူတွေ ဝင်လာပါ တယ်။ ရေတွေဟာ အပူကြောင့် ရေငွေ့ပြန်မှု များပြီး မိုး ရေကို ဖြစ်ပေါ်စေပါတယ်။
လာနီညာရဲ့သဘာဝဟာ အေးပြီး စိုစွတ်တဲ့သဘော ရှိပါတယ်။ လာနီညာအစပြုခဲ့တဲ့ ၂၀၂၀ အောက်တိုဘာလောက်ကစပြီး မိုးဆက်လက်ရွာသွန်းနေခဲ့တာ နိုဝင်ဘာ လ လောက် ရောက်တဲ့ အထိပါပဲ။ဆောင်းတွင်းကာလမှာတော့ မြောက်လေအေးတွေ တိုက်ခတ်ပါတယ်။ ဒီအတိုင်း လာနီညာ ဆက်ဖြစ်မယ်ဆိုလျှင်တော့ လေပွေ လှိုင်း တွေ နဲ့ နွေဦးကာလ (မတ်၊ ဧပြီ၊ မေ) လောက်မှာ အားကောင်းတဲ့ မုန်တိုင်းတွေ ဖြစ်လာနိုင်ပါတယ်။ (ခန့်မှန်းချက်မျှသာ)
လာနီညာ အအေးလှိုင်းဟာ ၂၀၂၀ ခုနှစ်ကို ကမ္ဘာ့အပူဆုံးနှစ်အဖြစ် မှတ်တမ်းဝင်သွားခြင်းကိုတော့ မတား ဆီးနိုင်ခဲ့ပါဘူး။ ၂၀၁၆ – ၂၀၂၀ ဟာ ကမ္ဘာပေါ်မှာ အပူဆုံး ငါးနှစ် ဖြစ်ခဲ့ပါတယ်။ ၂၀၂၁ ဟာလည်း ဆက်လက်ပူပြင်းနေဦးမှာပါ။ အပူ၊ အအေးတွေ ပြင်းထန်နေတာဟာ ရာသီဥတုဖောက်ပြန်ခြင်းဖြစ်ပါတယ်။(ဖန်လုံအိမ်ဓါတ် ငွေ့ များကြောင့် ပူနွေးရခြင်း ဖြစ်ပါတယ်။)
၂၀၂၁ အတွက် မြစ်ဝကျွန်းပေါ် နဲ့ ကမ်းရိုးတန်း ဒေသများ မှာအပူပိုင်းမုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ခြင်း၊ အလယ်ပိုင်းဒေသများမှာ မိုးခေါင်ရေရှားမှုကြောင့် ရေခန်းခြောက်မှု မရှိအောင် ကြိုတင်ပြင်ဆင်ထားခြင်း နဲ့ ရုတ်တရက် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှု မဖြစ်အောင်ကာကွယ်ခြင်း လုပ်ငန်းများကို အသိ ပညာပေးပြီး ကြိုတင်ပြင်ဆင် ကာကွယ်ထားသင့်ပါတယ်။
ခရက်ဒစ်
Unicode
မြန်မာပြည်ကို အအေးလှိုင်း ဖြတ်မယ့် ၂၀၂၁ ခုနှစ်နဲ့ ကြိုတင်ပြင်ဆင်ရမယ့် အနေအထား