Health

လွန်ခဲ့တဲ့ ၁၀ နှစ်အကြာကအတိတ်ကို ဝမ်းချုပ်လို့ အီးအညှစ်လွန်ပြီး မေ့လျော့သွားခဲ့တဲ့ အမျိုးသမီး

ကျွန်တော်တို့ အသက်တာဟာ လျစ်လျူရှုထားနိုင်သော အရာများစွာရှိတာပါ။ဒါပေမယ့် ခန္ဓာကိုယ်ကတော့ ၎င်းအရာတွေထဲမှ တစ်ခုမဟုတ်နေပါဘူးနော်။ထို ဝမ်းချုပ်ခြင်းကို လူတိုင်းတော့ ဘဝမှာတစ်ကြိမ်မက ကြုံဖူးကြမှာပါနော်။

ထို အရာက သင့်ကိုစိတ်ရှုပ်ထွေးစေပြီး မသက်မသာဖြစ်စေတာကြောင့်ဘဲ ကောင်းတဲ့ခံစားချက်တစ်ခုမဟုတ်နေပါဘူးနော်။ဝမ်းချုပ်ခြင်းကို ကိုင်တွယ်ဖို့အတွက် နည်းလမ်းများစွာရှိပါတယ်နော်။သို့ပေမဲ့

ဟောင်ကောင်နိုင်ငံရှိ အမျိုးသမီးတစ်ဦးကတော့ ဝမ်းချုပ်ခြင်းကြောင့်ဘဲ ဆယ်စုနှစ်တစ်စုရဲ့မှတ်ဉာဏ်ဆုံးရှုံးသွားမှုကို ခံစားခဲ့ရပါတယ်တဲ့။သားဖြစ်သူရဲ့အဆိုအရတော့ သူ့မိခင်ဟာ နှစ်ပတ်အကြာ ဝမ်းချုပ်နေခဲ့ပြီး တော့ နောက်ဆုံး အိမ်သာထဲမှာ

ကိစ္စကို ဖြေရှင်းနိုင်ခဲ့ပေမဲ့လည်း မိခင်ဖြစ်သူဟာ အတိတ်မေ့တဲ့ရောဂါကို ရုတ် တရက် ခံစားခဲ့ရကြောင်းဆိုခဲ့ပါတယ်နော်။မိသားစုဝင်တွေက သူမဟာ လွန်ခဲ့တဲ့ ၁၀နှစ်တာကာလအတွင်း ဖြစ်ပျက်ခဲ့သမျှကို မေ့သွားကြောင်းကို တွေ့ရှိခဲ့ရပြီးတော့

သူမဟာ ပုံမှန်အသိစိတ် တိုင်းပြန်ဖြစ်ဖို့အတွက် အချိန် ၈နာရီကြာသွားရခဲ့ပါတယ်တဲ့။ စိတ်ပူနေတဲ့မိသားစုဟာ သူမဦးနှောက်မှာ တစ်ခုခုဖြစ်သွားမှာကို စိုးရိမ်ပြီး ဆေးရုံပို့ခဲ့ပေမဲ့လည်း ဆရာဝန်တွေက သူမအားစစ်ဆေးကြည့်တဲ့အခါမှာ

သူမရဲ့ဦးနှောက်ဟာပုံမှန်လည်ပတ်နေတာကို တွေ့ရှိခဲ့ရပါတယ်တဲ့။သူမက ၈နာရီအကြာမှာ ဘာကြောင့်အိမ်သာထဲသွားခဲ့ရတဲ့အကြောင်းကိုမမှတ်မိခဲ့ပါဘူးတဲ့။ထို့နောက် ဆရာဝန်တွေကလည်း သူမမှာပြဿနာအထွေထွေအထူးထူးမရှိတာကြောင့်

ဆေးရုံဆင်းခွင့်ပြုခဲ့ကြပါတယ်နော်။သူမရဲ့အဖြစ်ကို အာရုံကြောပါရဂူတစ်ဦးက ဝမ်းချုပ်ခြင်းပြဿနာများကြောင့်ဘဲ ဖြစ်ရကြောင်းဆိုခဲ့ပါတယ်နော်။တစ်ကယ်လည်းဘဲ ဝမ်းချုပ်နေစဉ်အတွင်း အလွန်အကျွံအားထုတ် သု့ုးခင်းဟာ

ဦးနှောက်သို့ အောက်စီဂျင်မလိုလောက်ခြင်းကို ဖြစ်ပေါ်စေပါတယ်နော်။ဝမ်းချုပ်လို့အီးညှစ်လွန်းလို့ သူမဟာ အတိတ်မေ့ရောဂါခံစားရမလို ဖြစ်ခဲ့ရပါတယ်တဲ့။ဒါကြောင့် ဝမ်းချုပ်တိုင်းလည်း မကောင်းတာမို့ ပရိတ် သတ်ကြီး အထူးသတိထားကြပါနော်။

ခရက်ဒစ်