Health

က်ီးေပါင္းေရာဂါကို သက္သာေပ်ာက္ကင္းေစတဲ့ သဘာ၀ေဆးနည္း

က်ီးေပါင္းေရာဂါအတြက္ ေဆးနည္းတင္ေပးပါရန္ ေစာႏြဲ ့ေနဆိုင္-ပူတာအိုသို့ မၾကာခဏ ေဆးနည္းမ်ားေတာင္းဆိုလာၾကေသာ ေ၀ဒနာရွင္မ်ားအတြက္ လက္ေတြ့ေပ်ာက္ကင္းခဲ့သည့္ ေဆးနည္းကို အမ်ားဖတ္ရွဳႏိုင္ရန္ ေရးသားမွ်ေ၀ေပးလိုက္ပါသည္။ ဘယ္ဘက္လက္ မလွဳပ္ႏုိင္ေအင္ ခံစားလာရသျဖင့္ ကိုယ္တစ္ျခမ္း ေလျဖတ္သလိုျဖစ္လာသည့္ ကိုအဏၰ၀ါလိုင္းသည္ ဆရာ၀န္ႏွင့္ကုသေသာ္လည္း မေပ်ာက္သျဖင့္ ျမန္မာတိုင္းရင္းေဆးနည္းျဖင့္ အႏွိပ္ခံၾကည့္ရာ က်ီးေပါင္းေရာဂါျဖစ္ႏိုင္ေၾကာင္း၊ ဓါတ္မွန္ရိုက္ၾကည့္ရန္ အၾကံေပးသျဖင့္ ရိုက္ၾကည့္ရာ လည္ဆစ္ရိုးတြင္ က်ီးေပါင္းတက္ေနေၾကာင္း ေတြ့ရွိရသျဖင့္ မိတၳီလာေဆးရံုသို့ တက္ေရာက္ကုသခဲ့သည္။

အရိုးအဆစ္တို့တြင္ က်ီးေပါင္းတက္လာသျဖင့္ အာရံုေၾကာမ်ားကို ဖိထားကာ အာရံုေၾကာမ်ား မလွဳပ္ရွားႏိုင္ပါက ေလျဖတ္ႏိုင္သည့္အျပင္ အခ်ိန္မေရြး ေသသြားႏုိင္ေၾကာင္း သိရွိရသျဖင့္ ေဆးရံုမွ ကုသနည္းအတိုင္း ကုသခဲ့သည္။ သက္သာ၍ ေဆးရံုကဆင္းျပီး မၾကာခင္မွာပဲ ျပန္ျဖစ္လာ၍ မႏၱေလးေဆးရံုၾကီးသို့ ကုသခဲ့ျပန္သည္။ အနည္းငယ္ သက္သာလာေသာ္လည္း မေပ်ာက္ခဲ့ပါ။

သၾကၤန္အတြင္း ျပင္ဦးလြင္ ေရႊဟသၤာေက်ာင္းတြင္ မိတ္ေဆြမ်ားႏွင့္အတူ သကၤန္း၀တ္ၾကရာ ေက်ာင္းထိုင္ဆရာေတာ္မွ က်ီးေပါင္းေဆးနည္းကို ညြန္ေပးသျဖင့္ ကုသခဲ့ရာ အံ့ၾသေလာက္ေအာင္ပင္ က်ီးေပါင္းေရာဂါသည္ လွ်င္ျမန္စြာ သက္သာခဲ့ျပီး ဆက္တိုက္ျပဳလုပ္ၾကည့္ရာ လံုး၀ေေပ်ာက္ကင္းခဲ့ပါသည္။

ေဆးနည္း –

(၁) ေဆးဆိုင္မ်ားမွ ဆားခါး (Epsom Salt) ကို (၂၅) က်ပ္သားခန့္ ၀ယ္ယူပါ။

(၂) ဆားခါးကို အ၀တ္သန့္သန့္ျဖင့္ ၾကပ္ထုပ္ ထုပ္ထားပါ။

(၃) ေရေႏြးပူပူတည္ထား၍ ဆားခါးအထုပ္ကို ေရေႏြးအိုးအဖံုးေပၚကို တင္ထား၍ အပူေပးကာ က်ီးေပါင္းတက္ေနသည့္ေနရာကို မိမိခံႏိုင္သေလာက္ ၾကပ္ထုပ္ထိုးေပးပါ။

(၄) အထုပ္ ၂ ထုပ္ ျပဳလုပ္ထားျပီး တစ္ထုတ္ထိုးေနခ်ိန္ က်န္တစ္ထုပ္ကို အပူေပးထားျပီး တစ္လွည့္စီ အသံုးျပဳႏိုင္ပါသည္။

(၅) ၾကပ္ထုပ္တစ္ခါထိုးလွ်င္ အနည္းဆံုး မိနစ္(၄၀)ခန့္ၾကာေအာင္ ထိုးေပးပါ။

(၆) ၾကပ္ထုပ္ထိုးေနစဥ္ အတက္စာမ်ားကိုမစားပဲ ေရွာင္ႏိုင္လွ်င္ ပိုေကာင္းမည္။ ၄င္းေဆးနည္းအတိုင္း စိတ္ရွည္ရွည္ျဖင့္ မၾကာခဏ ျပဳလုပ္ေပးပါက က်ီးေပါင္းေရာဂါသည္ လွ်င္ျမန္စြာ ေပ်ာက္ကင္းသြားပါမည္။ လူသားတိုင္း က်န္းမာေပ်ာ္ရႊင္စြာျဖင့္ အသက္ရွည္ႏိုင္ၾကပါေစ။

Credit – ေစာႏြဲ ့ေနဆိုင္(ပူတာအို)

Unicode

ကျီးပေါင်းရောဂါကို သက်သာပျောက်ကင်းစေတဲ့ သဘာဝဆေးနည်း

ကျီးပေါင်းရောဂါအတွက် ဆေးနည်းတင်ပေးပါရန် စောနွဲ့နေဆိုင်-ပူတာအိုသို့ မကြာခဏ ဆေးနည်းများတောင်းဆိုလာကြသော ဝေဒနာရှင်များအတွက် လက်တွေ့ပျောက်ကင်းခဲ့သည့် ဆေးနည်းကို အများဖတ်ရှုနိုင်ရန် ရေးသားမျှဝေပေးလိုက်ပါသည်။ ဘယ်ဘက်လက် မလှုပ်နိုင်အေင် ခံစားလာရသဖြင့် ကိုယ်တစ်ခြမ်း လေဖြတ်သလိုဖြစ်လာသည့် ကိုအဏ္ဏဝါလိုင်းသည် ဆရာဝန်နှင့်ကုသသော်လည်း မပျောက်သဖြင့် မြန်မာတိုင်းရင်းဆေးနည်းဖြင့် အနှိပ်ခံကြည့်ရာ ကျီးပေါင်းရောဂါဖြစ်နိုင်ကြောင်း၊ ဓါတ်မှန်ရိုက်ကြည့်ရန် အကြံပေးသဖြင့် ရိုက်ကြည့်ရာ လည်ဆစ်ရိုးတွင် ကျီးပေါင်းတက်နေကြောင်း တွေ့ရှိရသဖြင့် မိတ္ထီလာဆေးရုံသို့ တက်ရောက်ကုသခဲ့သည်။

အရိုးအဆစ်တို့တွင် ကျီးပေါင်းတက်လာသဖြင့် အာရုံကြောများကို ဖိထားကာ အာရုံကြောများ မလှုပ်ရှားနိုင်ပါက လေဖြတ်နိုင်သည့်အပြင် အချိန်မရွေး သေသွားနိုင်ကြောင်း သိရှိရသဖြင့် ဆေးရုံမှ ကုသနည်းအတိုင်း ကုသခဲ့သည်။ သက်သာ၍ ဆေးရုံကဆင်းပြီး မကြာခင်မှာပဲ ပြန်ဖြစ်လာ၍ မန္တလေးဆေးရုံကြီးသို့ ကုသခဲ့ပြန်သည်။ အနည်းငယ် သက်သာလာသော်လည်း မပျောက်ခဲ့ပါ။

သြင်္ကန်အတွင်း ပြင်ဦးလွင် ရွှေဟင်္သာကျောင်းတွင် မိတ်ဆွေများနှင့်အတူ သင်္ကန်းဝတ်ကြရာ ကျောင်းထိုင်ဆရာတော်မှ ကျီးပေါင်းဆေးနည်းကို ညွန်ပေးသဖြင့် ကုသခဲ့ရာ အံ့သြလောက်အောင်ပင် ကျီးပေါင်းရောဂါသည် လျှင်မြန်စွာ သက်သာခဲ့ပြီး ဆက်တိုက်ပြုလုပ်ကြည့်ရာ လုံးဝေပျောက်ကင်းခဲ့ပါသည်။

ဆေးနည်း –

(၁) ဆေးဆိုင်များမှ ဆားခါး (Epsom Salt) ကို (၂၅) ကျပ်သားခန့် ဝယ်ယူပါ။

(၂) ဆားခါးကို အဝတ်သန့်သန့်ဖြင့် ကြပ်ထုပ် ထုပ်ထားပါ။

(၃) ရေနွေးပူပူတည်ထား၍ ဆားခါးအထုပ်ကို ရေနွေးအိုးအဖုံးပေါ်ကို တင်ထား၍ အပူပေးကာ ကျီးပေါင်းတက်နေသည့်နေရာကို မိမိခံနိုင်သလောက် ကြပ်ထုပ်ထိုးပေးပါ။

(၄) အထုပ် ၂ ထုပ် ပြုလုပ်ထားပြီး တစ်ထုတ်ထိုးနေချိန် ကျန်တစ်ထုပ်ကို အပူပေးထားပြီး တစ်လှည့်စီ အသုံးပြုနိုင်ပါသည်။

(၅) ကြပ်ထုပ်တစ်ခါထိုးလျှင် အနည်းဆုံး မိနစ်(၄၀)ခန့်ကြာအောင် ထိုးပေးပါ။

(၆) ကြပ်ထုပ်ထိုးနေစဉ် အတက်စာများကိုမစားပဲ ရှောင်နိုင်လျှင် ပိုကောင်းမည်။ ၎င်းဆေးနည်းအတိုင်း စိတ်ရှည်ရှည်ဖြင့် မကြာခဏ ပြုလုပ်ပေးပါက ကျီးပေါင်းရောဂါသည် လျှင်မြန်စွာ ပျောက်ကင်းသွားပါမည်။ လူသားတိုင်း ကျန်းမာပျော်ရွှင်စွာဖြင့် အသက်ရှည်နိုင်ကြပါစေ။

Credit – စောနွဲ့နေဆိုင်(ပူတာအို)