Local News

မင်းရာဇာရဲ့မိန်းမက ထောင်ထဲမှာ သားယောကျာ်းလေး မွေးဖွားခဲ့

မင်းရာဇာရဲ့မိန်းမက ထောင်ထဲမှာ သားယောကျာ်းလေး မွေးဖွားခဲ့တဲ့အကြောင်းပြောပြလာတဲ့ သရုပ်ဆောင် မင်းဇေရဲ့အကြောင်းလေးကို 360 Media ပရိတ်သတ်ကြီးအတွက် ပြန်လည်မျှဝေလိုက်ပါတယ်။ာ်ရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင်မင်းရာဇာကို မုဒိမ်းမှု၊ လူခိုးမှုစတဲ့ ပုဒ်မတွေနဲ့ ရန်ကုန် အရှေ့ပိုင်းခရိုင်တရားရုံးက မေလ ၈ ရက်နေ့ကစတင်ကာ တရားစွဲခံထားရတာပဲဖြစ်ပါတယ်။

သရုပ်ဆောင်မင်းရာဇာဟာ အိမ်အကူ အမျိုးသမီးငယ်လေးကို အပြင်းအထန်နာကျင်စေမှုနဲ့ပတ်သက်ပြီး တရားစွဲခံထားရတာပဲဖြစ်ပါတယ် ။ ကိုဗစ်ကာလဖြစ်တာကြောင့် မင်းရာဇာတို့ ဇနီးမောင်နှံရဲ့ အမှုဟာ မပြီးသေးပဲ ထောင်ထဲမှာနေရတာပဲဖြစ်ပါတယ်။

ကိုယ်ဝန်ကြီးနဲ့ မင်းရာဇာရဲ့ မိန်းမကတော့ ထောင်ထဲမှာကလေးမွေးဖြစ်ခဲ့ပြီပဲဖြစ်ပါတယ်။ မင်းရာဇာ မိန်းမ ထောင်ထဲမှာ သားယောကျာ်းလေးမွေးတာကို သရုပ်ဆောင် မင်းဇော်က ပြောပြလာခဲ့ပါတယ်။ မင်းဇော်က “မင်းရာဇာ ရဲ့ မိန်းမ ကထောင်ထဲမှာ ကလေး မွေးသွားပြီ ကြားတယ်။ ကြာသပတေး သား ယောက်ျားလေး ပါ။ အရှေ့ပိုင်း တရားရုံးမှာတုန်းက မင်းရာဇာ နဲ့ သွားတွေ့ဖြစ်တယ်။

သူ့ကို သူငယ်ချင်း တစ်ယောက် အနေ နဲ့ရော၊ လုပ်ဖော်ကိုင်ဖက် တစ်ယောက် အနေနဲ့ပါ တတ်နိုင်သမျှ ကူညီပေးသွားမယ်”လိုပြောလာခဲ့ပါတယ်။အားလုံး ပြီးသွားရင်တော့ အနုပညာ အတူတူ ပြန်လုပ်ကြဖို့ အားပေး ချင်တယ် လို့လဲပြောခဲ့ပါသေးတယ်။

ခရက်ဒစ်