ကိုဗစ် ကာကွယ်ဆေးတွေ မြန်မာပြည်အနှံ့ ပို့ဖို့ လေကြောင်းလိုင်းတွေ ပြင်ဆင်နေပြီဆိုတဲ့ လေယာဉ်မှူးကြီး ဦးအောင်ပို
ကိုဗစ်ဆေးတွေ ရောက်တော့မယ်ဆိုတော့ မြန်မာပြည် တစ်နံတစ်လျားကွိုဖန့်ဖြူးပေးနိုင်ဖို့ လေယာဉ်တွေကို အသုံးပြုရမှာမို့လေကြောင်းလိုင်းတွေ စတင် ပြင်ဆင်ရပါပြီ။
Vaccine တွေဟာ အပူချိန် (- ၈)ဒီကရီမှ (-၇၀)ဒီကရီအတွင်းမှာ ထိန်းသိမ်းထားရတာကြောင့် ရေခဲခြောက်တွေကိုသုံးရပါတယ်။ ရေခဲခြောက်တွေဟာ အခဲတွေဆိုပေမယ့် အပူချိန် (-၇၈)ဒီကရီ ထက်များတာနဲ့ အငွေ့ပျံပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်အဖြစ် အသွင်ပြောင်းသွားပါတယ်။
အဲဒီမှာ စတွေ့ တော့တာပါပဲ ကာဗွန်ဒိုင်အောက်ဆိုဒ်ဟာ လေယာဉ်ပေါ်ပါလာတဲ့ သူတွေကို အဆိပ်ဖြစ်စေပါတယ်။ ဒီစိန်ခေါ်မူကို ကျော်လွှားနိုင်ဖို့ ဒါတွေကို လေ့လာရပါတယ်။
၁။ ကာကွယ်ဆေးရဲ့ သဘာဝ၊ ထုတ်ပိုးပုံ၊ ထိန်းသိမ်းကိုင်တွယ်နည်း။
၂။ လေယာဉ်ပေါ် အလေးချိန်မျှတအောင် ဖြန့်ကျက်တင်ဆောင်မည့်စနစ်၊ ရေခဲခြောက် အငွေ့ပျံနှုန်း။
၃။ တပ်ဆင်ရမယ့် ကာဗွန်ဒိုင်အောက်ဆိုဒ် အချက်ပေးကိရိယာများ။
၎။ လေယာဉ် လေဝင်လေထွက်စနစ် အလုပ်လုပ်ပုံ၊ ထားရမယ့် ဆက်တင်များ၊ အရေးပေါ်လုပ်ဆောင်ရမယ့် လုပ်ထုံးလုပ်နည်းများ
၅။ လေယာဉ်ရဲ့ အွခားဆက်စပ်စနစ်များ
၆။ လေယာဉ်ပေါ် ထားသိုမည့်နေရာ၊ အတူထားမယ့်အခြားပစ္စည်းများအပေါ် သက်ရောက်မှု
၇။ ခရီးသည်တင်ဆောင်ရန် အန္တရာယ်ရှိမရှိ
၈။ သယ်ဆောင်ရာတွင် ပါဝင်ပတ်သက်မည့် ဝန်ထမ်းများအားလုံးကို ကြိုတင်လေ့ကျင့်ပေးခြင်း
၉။ ရေခဲခြောက် အငွေ့ပျံနှုန်းကို သက်ရောက်စေမည့် လေယဉ်ထွက်ခွာနှင့် ဆိုက်ရောက် လေဆိပ်တို့၏ မြေပြင်အပူချိန်များ
၁၀။ လေထဲမှာ ထွက်လာမယ့် ကာဗွန်ဒိုင်အောက်ဆိုဒ်တွေကြောင့် လေယာဉ် လေဖိအားထိန်းစနစ် ထိခိုက်နိုင်မှု
၁၁။ မြေပြင် စောင့်ဆိုင်းချိန်များကြောင့် ရေခဲခြောက် အငွေ့ပျံချိန် မြန်ဆန်နိုင်မှု
၁၂။ ဆိုက်ရောက် လေဆိပ်ကို မဆင်းသက်နိုင်ဘဲ အခြားအရန်လေဆိပ်မှာ ဆင်းသက်ပါက ၎င်းလေဆိပ်များတွင် (ကာကွယ် ဆေးထိန်းသိမ်းရန်)ကျွမ်းကျင်သည့် မြေပြင်ဝန်ဆောင်မှုဝန်ထမ်းများရှိမရှိ
၁၃။ ၎င်း အရန်လေဆိပ်သို့ အရေးပေါ်ပျံသန်းရမည့် ကြာချိန်နှင့် လေယာဉ်လမ်းကြောင်းများ
၁၄။ ခရီးသည်တင်သွားပါက တင်၍ ပိုကြာနေချိန်အတွင်းရေခဲ ခြောက်အငွေ့ပျံနှုန်း စတာတွေကို အသေးစိတ် ဆွေးနွေးရပါတယ်။
ဒါမှလည်း ချစ်တဲ့ ရွှေမြန်မာတွေဆီ အရေးကြီးလှတဲ့ ကိုဗစ်ကာကွယ်ဆေးတွေ အချိန်မှီ အန္တရာယ်ကင်းကင်း ရောက်ရှိနိုင်မှာပါ။
ခရက်ဒစ်