Knowledge

ကြမ်းပြင်ပေါ်မှာ နေမကောင်းဖြစ်ွပီးအိပ်နေတဲ့အစ်ကိုဖြစ်သူေ ခှး‌လေးအတွက် သူ့အိပ်ယာခင်းကို ဒရွတ် တို က်ဆွဲလာပေးခဲ့တဲ့ ခဈြစရာခှေးလေး

ကြမ်းပြင်ပေါ်မှာ နေမကောင်းဖြစ်ပြီးအိပ်နေတဲ့အစ်ကိုဖြစ်သူ‌ခွေး‌လေးအတွက် သူ့အိပ်ယာခင်းကို ဒရွတ်တိုက်ဆွဲလာပေးခဲ့တဲ့ ချစ်စရာခွေးလေး

မင်္ဂလာပါ ပရိတ် သတ်ကြီးတို့ရေ ခှေးလိမ္မာလေးတွေအများကြီးကိုမြင်ဖူးကြမှာပါ။အခုပြောပြမှာက အရမ်းကကိုမှ ချစ်ဖို့ကောင်းတဲ့ ခွေးလေးSpanky အကြောင်းပွဖစ်ပါတယ်။Spanky လို့အမည်ရတဲ့ခွေးလေး နဲ့ Roman လို့အမည်ရတဲ့ခွေးလေး‌တွေနှစ်ကောင်ဟာညီအစ်ကိုတွေဖြစ်လာတဲ့အခါ Spankyလို့‌အမည်ရတဲ့‌ခွေးလေးကအစ်ကိုဖြစ်တဲ့ Romanကိုအမြဲတမ်းအရိပ်တကြည်ကြည်နဲ့ဂရုစိုက်နေခဲ့ပါတယ်။သူ့အစ်ကိုRomanသွားတဲ့နေရာတိုင်းကိုညီဖြစ်သူ Spanky လေးကအမြဲတမ်းတစ်ကောက်ကောက်နဲ့ လိုက်နေတတ်ပါသေးတယ်။” Romanက ကျိန်းသေ Spankyရဲ့အလုံခြုံဆုံးစောင်တစ်ထည်လိုဘဲ”လို့သူတို့ရဲ့သခင်ဖြစ်သူ Jackie Rogers ကလဲပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ ၂ပတ်လောကျ ကအစ်ကိုဖြစ်သူ Roman ရဲ့ နားကအနည်းငယ် ရောင်ရမ်းနေပြီးတော့မှ ရောဂါကူးစက် ခံရတာကြောင့် Rogers က တိရိစ္ဆာန်ဆေးကုဆရာဝန်ဆီသို့‌ခေါ်သွားခဲ့ပြီး ခှဲစိတ်ကုသဖို့စီစဉ်ထားပေမဲ့ ခွဲစိတ်ဖို့စောင့်နေတုန်းမှာပဲ Romanရဲ့နားကပိုမိုဆိုးးလာကာ သူ့အားပိုပိုပြီးတော့မှ မသက်မသာဖြစ်လာစေခဲ့ပါတယ်။ပထမတော့ ညီဖြစ်သူSpanky‌လေးက အဲ့အွဖစ်အပျက် ကို သတိမထားမိပေမဲ့ Roman ရဲ့နားကပိုဆိုးလာတော့Spankyလေးက သတိထားမိသွားခဲ့ပြီး‌တော့မှ Roman အတွက် စိုးရိမ်လာခဲ့ပါတယ်။

“ Romanလေး ခွဲစိတ်ကုသနိုင်ဖို့ ဆေးရုံခေါ်သွားခဲ့ပေမဲ့ COVID ကြောင့် Roman နဲ့အတူ အထဲကိုလိုက် မဝင်နိုင်ခဲ့ဘူး ၊ ကျွန်မ နဲ့ Spankyက ကားထဲမှာထိုင်စောင့်နေခဲ့တာ မိနစ် ၂၀ လောက်ကြာလာတော့ SpankyကRoman ပြန်ရောက်တဲ့အထိ ညည်းနေခဲ့တယ်” လို့ သခင်ဖြစ်သူRogersက ပြောပြခဲ့ပါတယ်။ခွဲစိတ်ကုသမှုခံယူပြီးတဲ့နောက်ပိုင်းမှာ‌တော့ Roman အတွက် မိသားစုအားလုံးကသူတို့လုပ်‌ပေးနိုင်တဲ့အရာကသူ့ကိုကောင်းကောင်းအနားယူစေဖို့ဘွဲဖစ်ပါတယ်။ အဲ့တာကြောင့် Rogers က Romanလေး အဆင်ပြေ မပြေသိရဖို့ အိမ်ထဲ CCTV Camera တပ်ဆင်ထားခဲ့ပါတယ်။

Rogers က Camera ကို ပြန်စစ်ဆေးကြည့်တော့ ကြမ်းပြင်‌ပေါ်မှာအိပ်နေတဲ့ အစ်ကိုဖြစ်သူကို ကြည့်ပြီး စိုးရိမ်‌နေပုံရတဲ့ ညီဖြစ်သူSpanky ရဲ့ခဈြစရာကောင်းတဲ့အမူအရာ‌လေးကို သတိထားမိသွားခဲ့ပါတယ်။ Spanky ဟာ အစ်ကိုဖြစ်သူRoman ကိုကြည့်ပြီးနောက် သူ့အိပ်ရာခင်း‌‌လေးကို အစ်ကိုဖြစ်သူRoman ဆီ ဒရွတ်တိုက်ဆွဲလာပေးခဲ့ပါတယ်။Spanky လေးကသူ့ရဲ့အစ်ကိုဖြစ်သူRoman အတွက် အရမ်းကိုစိတ်ပူနေခဲ့ပြီး သူ့အစ်ကိုကိုတတ်နိုင်သလောက်အဆင်ပြေစေချင်ခဲ့တာပါ။အဲ့ဒါကြောင့်သူ့ရဲ့အိပ်ရာခင်း‌လေးကို Roman ဆီဆွဲလာပြီး Roman ကိုနေရာပြောင်းစရာမလိုအောင် အိပ်စက်စေခဲ့ပါတယ်။Spanky လေးဟာအစ်ကိုဖြစ်သူ Roman ပိုကောင်းလာတဲ့အချိနျအထိသူ့ဘေးမှာနေဖို့ဆုံးဖြတ် ထားပုံပါဘဲ။ချစ်တတ်လွန်းတဲ့ ချစ်စရာSpanky‌လေးဟာ လက်ရှိ social media ပေါ်မှာ လူအများရဲ့ချစ်ခြင်းကို ခံနေရပြီး သူ့အကြောင်းလည်း လူပြောများနေလျက်ရှိပါတယ်။

ကဲ…ပရိသတ်ကြီးတို့ရေ ခွေးလေး Spankyက အရမ်းကိုမှ လိမ္မာတဲ့ခွေးလေးပါ။ Spankyလေး အကြောင်းကိုဖတ်ရှုပြီး စိတ်ချမ်းသာကြစေဖို့မျှော်လင့်ပါတယ်။အစကနေအဆုံးဖတ်ရှုပေးကြတဲ့ ပရိတ်သတ်တစ်ယောက်ချင်းစီကို ကျေးဇူးအများကြီးတင်ရှိပါတယ်ခင်ဗျာ။ ပရိတ်သတ်ကြီး အားလုံးလဲ သာယာတဲ့နေ့ရက်များစွာကိုပိုင်ဆိုင်ပြီး စိတ်ချမ်းမြေ့မှုတွေနဲ့အတူ နှစ်သစ်မှာ ကပ်ရောဂါဆိုးကြီးကို ကျော်လွှားနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်ခင်ဗျာ။ Source :thedodo

Unicode

ကြမ်းပြင်ပေါ်မှာ နေမကောင်းဖြစ်ပြီးအိပ်နေတဲ့အစ်ကိုဖြစ်သူ‌ခွေး‌လေးအတွက် သူ့အိပ်ယာခင်းကို ဒရွတ်တိုက်ဆွဲလာပေးခဲ့တဲ့ ခဈြစရာခွေးလေး