Health

မပိန်ချင်ပဲ ဗိုက်ခေါက်အဆီပဲ ကျချင်ရင် စမ်းကြည့်ပါ

လူပိန်ချင် တာမျိုး မဟုတ်ပဲ ဗိုက်ခေါက်အဆီ၊ ခါးဆီ၊ ကျောဆီလို အဆီပိုတွေပဲ ကျချင်တယ် ဆိုသူများ အတွက် ဆေးနည်းကောင်းလေးပါ …

‌ ။အချိန်မကုန် လွယ်ကူသက်သာတဲ့ နည်းလမ်း ဖြစ်ပေမယ့် နည်းလမ်း မှန်မှန်နဲ့တော့ ဇွဲရှိရှိ လုပ်ရ ပါမယ် … ။

‌ပါဝင်ပစ္စည်းများ

‌(1) သံပုရာသီး တစ်လုံး

‌(2) ဂျင်း လက် တစ်ဆစ်ခန့် နဲ့ပျားရည် ၂ ဇွန်းခန့်

‌– ပထမဆုံး သံပုရာသီး နဲ့ဂျင်းလက် တစ်ဆစ်ကိုအခွံမခွါပဲ ရေစင်စင်ဆေးပါပြီးလျှင် နှစ်မျိုးလုံးကို အကွင်းလိုက်ပါးပါးလေး လှီးပေးပါ ။

‌– ကော်ဖီ တစ်ခွက်စာ အဖုံးပါသော ကြွေ သို့ဖန်ခွက် တစ်ခွက်ထဲသို့ ထည့်ပြီး ပျားရည် ထမင်းစားဇွန်း ၂ ဇွန်းထည့် ပါပြီးရင် ရေနွေးဆူဆူ (လက်ဖက်ခြောက် မပါ ရိုးရိုးရေနွေး) လောင်းထည့်ပြီး အဖုံးအုပ် ထားပေးပါ။

‌– နာရီဝက် ခန့်နေလျှင် ရေနွေးနွေးလေး အနေအထားမှာ ဇွန်းဖြင့် မွှေပေးပြီး တစ်ခွက် လုံးသောက်ပါ အဖတ်တွေ ကို လွှင့်ပစ် ရပါမယ် ။
‌– သတိထားရမှာကတော့ ညမအိပ်ခင် အစားအသောက် အကုန်စားပြီးချိန်နဲ့နာရီဝက် ခန့်ခွါ ပြီး သောက် ရပါမယ်။ ဒီရေနွေးသောက် ပြီးအစာမစားတော့ လျှင်အကောင်းဆုံး ပါပဲ။

‌– အနှစ်နှစ် အလအလ အဆီပိုတွေဖြစ်တဲ့ အတွက်အနည်းဆုံး ဆယ်ရက်ခန့်တော့ ပုံမှန်သောက် ကြည့်ပေးပါ။


‌သိသာတယ်ဆို ဆက်သောက် ချင်လာ ပါလိမ့်မယ် ။ သောက်တာ ရက်၂၀ လောက်ရှိပါပြီ သိသာပါတယ်။ ညီမလေးတစ်ယောက်ဆီက ရတဲ့ နည်းကို ပြန်ပြီး မျှဝေပေး တာပါ။ သိသာလို့ လက်တို့ လိုက်ပါ တယ်နော် … ။ နို့့တိုက် မိခင်များ နဲ့ ကိုယ်ဝန်ရှိ အမျိုးသမီးများ မသောက်သင့်ပါဘူးနော် …

‌လူနည်းစု အနေနဲ့ သောက်နေတုန်း အခန့်မသင့် ဗိုက်အောင့် ဗိုက်နာ ဖြစ်လာ တာမျိုး Pressure ကျလာတယ် ဆိုတဲ့ လူမျိုးတွေ တာ့ ဆက်မသောက်သင့် ပါဘူးရှင် … ။ ပျားရည်နဲ့ဂျင်း ပါဝင်တာကြောင့် သုံးမျိုးပေါင်းပြ်ီး ထိန်းပေးသွား တယ်လို့ထင်ပါတယ် သောက်တာ ကလည်း ညအချိန် ဖြစ်တော့ အစာတွေ ရှိနေပြီလေ အစာအိမ်ကို မထိခိုက် နိုင်ပါဘူး … ။


‌အလွန်အကျွံ ဘေးထွက် ဆိုးကျိုးတော့ ဖြူ မကြုံဖူး သေးပါဘူး။ ကိုယ်လိုချင် သလောက် အတိုင်းအတာ ရပြီဆိုရင် နေ့တိုင်းမသောက်ပဲ ။ တစ်ပတ် မှာ ၃ ရက်လောက်ပဲ သောက်ပါ ရှင် … ။ စရိတ်နည်းတဲ့ နည်းမို့လို့ ထိန်းညှိ ပြီးလိုသလို သုံးကြည့် ကြပေါ့။ ပိုပြီးထိ ရောက်ချင်ရင်တော့ ဒါလည်းသောက်မယ် … ။

းလေ့ကျင့်ခန်းလည်း လုပ်မယ် အစားလည်း အနည်းငယ် (အဆီများတဲ့ အစားအစာ) ရှောင်မယ် ဆို သိပ်ကို ထိရောက်မှာပဲဖြစ်ပါတယ် …. ။ ဒါသောက်တာက အဆီပြင်တွေကို ပျော့ပျောင်း လာစေပြီး လေ့ကျင့်ခန်း ကြောင့် ကျစ်လစ်လာမှာ အမှန်ပါ … ။

ခရက်ဒစ်