သိပ္ပံပညာက လိုက်မမီနိုင်သောဗုဒ္ဓမြတ်စွာဘုရားဟောကြားတော်မူခဲ့သမျှ တရားတော်များ
ဗုဒ္ဓတရားတော်များသည် naturally or universally သဘာဝနည်းကျအားဖြင့်လည်းကောင်း၊ logically ကြောင်းကျိုးဆက်စပ်ဗေဒအရလည်းကောင်း၊ scientifically သိပ္ပံနည်းကျအားဖြင့်လည်းကောင်း၊ medically ဆေးပညာဗေဒအရလည်းကောင်း မှန်ကန်လှပေသည်။
မိခင်ဝမ်းတွင်း သားသန္ဓေတည်ပုံကို လွန်ခဲ့သော နှစ်ပေါင်း(၂၆၀ဝ)ကျော်ကတည်းက ဗုဒ္ဓမြတ်စွာဘုရားက မိုက်ခရိုစကုပ်မပါ၊ အာထရာဆောင်းမပါ၊ ဓာတ်မှန်မပါ ဉာဏ်တော်ဖြင့် ထိုးထွင်းသိမြင်တော်မူ၍ ရှင်းပြတော်မူနိုင်ခဲ့ပေသည်။
ထို့ပြင် ယနေ့ခေတ် သိပ္ပံဗေဒ ကျန်းမာရေးသုတေသနများအရ သိရှိလာကြရသော စိတ်သည် ဦးနှောက်တွင် ဖြစ်ပေါ်ခြင်းမဟုတ်ဘဲ၊ နှလုံးသား၏အချိုင့်လေးတွင် ဖြစ်ပေါ်ကြောင်းကို ဗုဒ္ဓက ဟောပြတော်မူသဖြင့် ဝါရင့်ဗုဒ္ဓဘာသာ မြန်မာများ သိရှိခဲ့ကြသည်မှာလည်း ကြာပြီဖြစ်သည်။ ခန္ဓာဗေဒ၏ဖြစ်စဉ်ပျက်စဉ်အကြောင်းကိုလည်း ဗုဒ္ဓဘာသာ မြန်မာတို့ ယနေ့ခေတ် ဆဲလ်များအစားထိုးဖြစ်တည်မှုအကြောင်း သိပ္ပံနည်းကျ မသိရသေးခင်ကပင် သိရှိခဲ့ကြပြီးဖြစ်သည်။
Anatomy အနတ်တိုမီခေါ် ခန္ဓာဗေဒကိုလည်း ဗုဒ္ဓက တရားတော်များ၌ ဟောကြားတော်မူခဲ့ပြီးဖြစ်သည်။ ဗုဒ္ဓက ယနေ့ခေတ် သိပ္ပံပညာရှင်တို့ အဏုမြူ အက်တမ်(Atom)အကြောင်း မလေ့လာမီကပင် ပရမာအဏုမြူစသည်ဖြင့် ဟောပြတော်မူခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ ဗုဒ္ဓ၏တရားတော်များသည် သိပ္ပံနည်းကျ၊ ကြောင်းကျိုးဆက်စပ်ဗေဒ၊ ခန္ဓာဗေဒ၊ ဆေးပညာဗေဒစသည်တို့ဖြင့် ကိုက်ညီမှန်ကန်နေလျက်ရှိပြီး၊ ဗုဒ္ဓမြတ်စွာဘုရားဟောကြားတော်မူခဲ့သမျှ တရားတော်များကို သိပ္ပံပညာက လိုက်မမီနိုင်သေးသော အနေအထားများ ယနေ့ထက်တိုင် ရှိနေသေးသည်မှာလည်း အမှန်ပင်ဖြစ်သည်။Credit:WIKIPEDIA
Unicode
သိပ္ပံပညာက လိုက်မမီ နိုင်သော ဗုဒ္ဓမြတ်စွာဘုရား ဟောကြားတော်မူခဲ့သမျှ တရားတော်များ