အဲဒီခေတ်ကမပျက်သေးဘဲလူနေတုန်းဆိုရင်ဒီလောက်ကြီးတဲ့မြို့ကြီးဟာ ပုဂံခေတ်မှတ်တမ်းတွေမှာကျိန်းသေပါရမယ်။အခုကရာဇဝင်တွေမှာကိုရှာမတွေ့တော့တာဟုဦးဘုန်းတင့်ကျော်ကပြောသည်။နေပြည်တော်ရှိရှေးဟောင်းသုတေသနဌာန၏အဆိုအရမူ မြေပေါ် အထောက်အထားများအရပျူမြို့ဖြစ်သည့်အထောက်အထားမတွေ့ရဘဲနှစ်ပေါင်းရာနှင့်ချီ တည်ရှိခဲ့သည့်
ရှေးမြို့ဟောင်းတခုအဖြစ်သာယာယီသတ်မှတ်ထားကြောင်း သိရသည်။ကျနော်တို့ ဌာနက ၂၀၁၃ ခုနှစ်မှာပညာရှင်တွေစေလွှတ်ပြီးအင်္ဂပူမြို့ဟောင်းကိုလေ့လာသုတေသနပြုထားပါတယ်။မြေပေါ် အထောက်အထားတွေအရတော့ ပျူမြို့ဖြစ်ကြောင်းမတွေ့ရဘူး။ဥပဒေအရ နှစ်ပေါင်း၁၀၀ ကျော်သက်တမ်းရှိရင်
ရှေးဟောင်းအဖြစ်သတ်မှတ်တဲ့အတွက်ရှေးမြို့ဟောင်းတခုခုတော့ ဖြစ်နိုင်ပါတယ်ဟုရှေးဟောင်းသုတေသနဌာနမှတာဝန်ရှိသူတဦးကပြောသည်။ပျူသမိုင်းနှင့် ပတ်သက်၍ လေ့လာနေသည့်သုတေသီဦးဘုန်းတင့်ကျော်ကမူ မြန်မာနိုင်ငံတွင်တကောင်းခေတ်မတိုင်မီဘီစီ ၃ ရာစုမှ ၆ ရာစုအတွင်းထွန်းကားခဲ့သည့်
ပျူမြို့ပေါင်း ၂၂ မြို့ ရှိပြီးယင်းမြို့များထဲတွင်ပင်လယ်ပျူအမည်ရှိမြို့တမြို့ပါဝင်ကြောင်း၊ဧရာဝတီတိုင်းတွင်တွေ့ရသည့်အင်္ဂပူမြို့ဟောင်းမှာပင်လယ်ပျူမြို့ ဖြစ်နိုင်ကြောင်းယူဆနေသည်။ပျူရာဇဝင်မှတ်တမ်းတွေမှာ
ပင်လယ်ပျူမြို့ဆိုပြီး ဖော်ပြထားတဲ့မြို့တမြို့ပါတယ်။ပင်လယ်ကမ်းနားအနီးမှာတည်တဲ့အတွက် ပင်လယ်ပျူမြို့လို့ ခေါ်တယ်။ကျနော်ကတော့အင်္ဂပူမြို့ဟောင်းဟာပင်လယ်ပျူမြို့လို့ထင်မိတယ်။ပင်လယ်ကမ်းနားမှာတည်တဲ့မင်းနေပြည်တော်အရွယ်ရှိတဲ့မြို့ကြီးဆိုလို့ဒီတမြို့ပဲရှိတယ် ဟုသမိုင်းပညာရှင်ဦးဘုန်းတင့်ကျော်ကပြောသည်။
ပျူခေတ် အုပ်ချုပ်ပုံ၌ရှင်ဘုရင်များသာလျှင် ကြီးမားသည့် မြို့ကြီးများတည်ဆောက်ခွင့်ရှိကြရာမြို့စား၊နယ်စားများမှာ ဘုရင်နန်းစံသည့် မင်းနေပြည်တော်၏ထက်ဝက်ခန့် (သို့မဟုတ်) သုံးပုံတပုံခန့် အရွယ်အစားရှိသည့်မြို့များသာ တည်ဆောက်ခွင့်ရကြသည်ဟုသိရသည်။အကျယ်အဝန်း ၈ မိုင် ပတ်လည်ခန့် ရှိသည့်အင်္ဂပူမြို့ဟောင်းမှာ
မြန်မာပြည်အောက်ပိုင်းရှိ ပဲခူး၊မုတ္တမ၊သထုံ ဒေသရှိ မြို့ဟောင်းများထက်အရွယ်အစားပိုမိုကြီးမားနေသည့်အတွက် ပျူဘုရင်တပါးပါးထီးနန်းစိုးစံအုပ်ချုပ်ခဲ့လိမ့်မည်ဟု အင်္ဂပူမြို့ဟောင်းကိုသုတေသနပြုခဲ့သည့်သမိုင်းပညာရှင်အဖွဲ့ကယူဆထားသည်။အင်္ဂပူမြို့ဟောင်းမှာရခိုင်ရိုးမကိုနောက်ခံထား၍ ပေ ၁၀၀ ကျော်မြင့်သည့်တောင်ကြောပေါ်တွင်
တည်ဆောက်ထားခြင်းဖြစ်ပြီး၊စေတီပုထိုးများ၊စိမ့်စမ်းရေတွင်းများတည်ရှိရာနေရာကို အလယ်ဗဟိုထားကာဘယ်ဘက် နှင့် ညာဘက်တောင်ကြောများပေါ်တွင် ဂဝံကျောက်တုံးကြီးများဖြင့် မြို့ရိုးများတည်ဆောက်ထားသည်။မြို့အရှေ့ဘက်မျက်နှာစာတွင်ကျယ်ပြန့်သည့် မြေပြန့်လွင်ပြင်နှင့် ကျေးရွာများတည်ရှိသည်ကိုတွေ့ရသည်။
အဲဒီကာလမှာမြို့တည်တဲ့လူတွေဟာစနစ်ကျတယ်။ဘယ်ဘက်နဲ့ညာဘက်ကတောင်ကြောတွေပေါ်မှာကင်းစခန်းတွေတည်ထားပြီး အလယ်မှာအဝင်လမ်းလုပ်ထားပေးတယ်။သူတို့ဆီကိုလာတဲ့ကုန်သည်တွေ၊သံတမန်တွေ၊ရန်သူတွေဝင်လာမယ်ဆိုဝင်ပေါက်ကမြေပြန့်လွင်ပြင်ကလာရမယ့်အလယ်ပေါက်တခုပဲ ရှိတာတွေ့ရတယ်ဟုအင်္ဂပူမြို့ဟောင်းကို
ကွင်းဆင်းလေ့လာခဲ့သူဦးဘုန်းတင့်ကျော်ကပြောသည်။အကယ်၍ ပျူမြို့သာမှန်ပါကအကျယ်အဝန်း ၈ မိုင်ကျော်ရှိသည့်အင်္ဂပူမြို့ဟောင်းသည်သရေခေတ္တရာ ပျူမြို့ဟောင်းပြီးလျှင်ဒုတိယအကြီးဆုံး ပျူမြို့ ဖြစ်လာနိုင်ကြောင်းသူကဆိုသည်။
ဧရာဝတီတိုင်း၌ တူးဖော်တွေ့ရှိရသည့်သမိုင်းအထောက်အထားများအရ အေဒီ ၁၄ ရာစုတွင်ထွန်းကားခဲ့သည့်အင်းဝခေတ်မှာအစောဆုံးဖြစ်ပြီးယခုတွေ့ရှိသည့်အထောက်အထားများသည် ပျူခေတ်ကတည်းကဖြစ်သည်ဆိုပါက အင်းဝထက်နှစ် ၁၀၀၀ ကျော်ပို၍ရှေးကျနိုင်သည့် သဘောဖြစ်သည်။လက်ရှိမှာ ပျူခေတ်အထောက်အထားတွေတွေ့ရှိနေရပြီ။
သေချာစနစ်တကျတူးကြည့်မယ်ဆိုရင်သမိုင်းအတွက်တန်ဖိုးမဖြတ်နိုင်တဲ့အထောက်အထားတွေရလာနိုင်တယ်ဟု ဦးဘုန်းတင့်ကျော်ကပြောသည်။ဧရာဝတီတိုင်းတွင်ရှေးဟောင်းမြို့ဟူ၍ မြောင်းမြ တမြို့သာရှိပြီး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအဖြစ်သတ်မှတ်၍ယဉ်ကျေးမှုဝန်ကြီးဌာနကထိမ်းသိမ်း စောင့်ရှောက်ထားကြောင်းသိရသည်။
သမိုင်းတန်ဖိုးနားမလည်ကြသည့် လူတချို့ကမြို့ဟောင်းမှ ဂဝံကျောက်တုံးများ၊အုတ်ချပ်များကိုထုချေ၍လမ်းခင်းခြင်း၊ဘုရားခြေတော်ရာရွှေချထားသည်များကိုခွာယူခြင်း၊ဆေးကုလားမပင် စိုက်ပျိုးရန်ဟုဆိုကာမြို့ဟောင်းဧရိယာအတွင်းရှိ ရှေးဟောင်းအဆောက်အဦးများကိုဖျက်ဆီးခြင်းများရှိနေသည့်အတွက် အင်္ဂပူမြို့ဟောင်းကိုလည်းရှေးဟောင်းယဉ်ကျေးမှုနယ်မြေအဖြစ်
သတ်မှတ်ပြီးအစိုးရကစနစ်တကျထိမ်းသိမ်း စောင့်ရှောက်စေလိုကြောင်းကြပ်ပြင်တောရဆရာတော်ဦးပညာသီရိကမိန့်ကြားသည်။မြို့ဟောင်းကိုရှေးဟောင်းယဉ်ကျေးမှု နယ်မြေအဖြစ်သတ်မှတ်ပြီးအစိုးရက အမြန်ဆုံးစောင့်ရှောက်မှသာ
အဆင်ပြေမယ်။အခုတောင် မြို့ဟောင်းအနောက်ဘက် ဆင်ကျုံးရှိတဲ့နေရာမှာဆေးကုလားမ စိုက်ဖို့ဆိုပြီး စီးပွားရေးသမားတွေကလာတူးလိုက်တော့ ဆင်ကျုံးပျက်စီးသွားပြီ။ဦးပဇ္ဈင်းလည်းတတ်နိုင်သလောက်စောင့်ရှောက်ပေမယ့် အစိုးရမလုပ်ရင်မရတဲ့အခြေအနေဖြစ်နေပြီဟု ဆရာတော်ကမိန့်သည်။အင်္ဂပူမြို့ဟောင်းအား ၂၀၁၃ ခုနှစ်တွင် နေပြည်တော်ရှိရှေးဟောင်း သုတေသနဌာနမှတာဝန်ရှိသူများလာရောက်စစ်ဆေး၍
မှတ်တမ်းတင်ခြင်းများပြုလုပ်ခဲ့သော်လည်း ယနေ့အချိန်အထိမြို့ဟောင်းအဖြစ်ထိမ်းသိမ်းစောင့်ရှောက်ခြင်းမရှိသေးကြောင်း သိရသည်။နေပြည်တော်ရှိရှေးဟောင်းသုတေသနဌာနမှအဆင့်မြင့်အရာရှိတဦးကမူ ဘတ်ဂျတ် (အသုံးစရိတ်)အရ ဒီမြို့ဟောင်းကိုကျနော်တို့ကတူးဖော်ဖို့ အလှည့်မပေးနိုင်သေးဘူး။ရှေ့မှာက သရေခေတ္တရာ၊
ဗိဿနိုး၊ ဟန်လင်း စသဖြင့်ပေါ့၊ သေချာနေတဲ့မြို့ဟောင်းတွေတူးဖော်နေရတော့ အလှည့်မပေးနိုင်သေးတာပါ။ထိန်းသိမ်းစောင့်ရှောက်ဖို့ ကတော့ရှေးဟောင်းအမွေအနှစ် ထိမ်းသိမ်းရေးဥပဒေအရ ကျနော်တို့လုပ်ဆောင်သွားမှာပါဟုဆိုသည်။ဆရာတော်ဦးပညာသီရိက
မြို့ဟောင်းအဖြစ်သတ်မှတ်ရာအတွင်အထောက်အကူပြုနိုင်ရေးအတွက်ဒေသခံများတွေ့ရှိထားသည့်ရှေးဟောင်းပစ္စည်းများကိုအလှူခံပြီးစုဆောင်းနေသည်။ဒေသခံတွေကလယ်ထွန်ရင်း၊ တူးဆွရင်း ဆေးတံတွေ၊ပယင်းနားတောင်းတွေ၊စာတွေရေးထားတဲ့ အိုးခြမ်းကွဲတွေတွေ့ကြတာ ရှိတယ်။အဲဒါတွေတွေ့ရင် ဦးပဇ္ဈင်းကိုလှူပေးကြပါလို့ပြောထားတယ်။လက်ရှိတော့အုတ်ချပ် ၂၀ လောက်နဲ့ ဆေးတံဟောင်းတွေလာလှူထားလို့
သေချာသိမ်းထားတယ်ဟုဆရာတော်က မိန့်ကြားသည်။မြန်မာနိုင်ငံ၌ ရှေးမြို့ဟောင်းပေါင်း ၃၅၀ ကျော်တွေ့ရှိ မှတ်တမ်းတင်ထားသော်လည်းရှေးဟောင်းသုတေသနဌာနကမြို့ ၁၀ မြို့ခန့်သာတူးဖော်ထားနိုင်ကြောင်း၊မြို့ဟောင်းများကိုစနစ်တကျတူးဖော်မှတ်တမ်းတင်နိုင်မှသာမြန်မာနိုင်ငံထွန်းကားပေါ်ပေါက်လာပုံ သမိုင်းပြုစုရေးသားနိုင်မည်ဖြစ်ကြောင်း
သမိုင်းပညာရှင်ဦးဘုန်းတင့်ကျော်ကပြောသည်။နိုင်ငံတခုအတွက်သမိုင်းဆိုတာအရေးကြီးပါတယ်။အိမ်နီးချင်းဖြစ်တဲ့ထိုင်းနိုင်ငံတောင် Standard History ရေးပြီးပြီ။ကျနော်တို့နိုင်ငံကမရေးရသေးဘူး။ဒါရေးမယ်ဆိုရင်မြို့ဟောင်းတွေကို စနစ်တကျတူးဖော်မှတ်တမ်းတင်ဖို့လိုတယ်။
အင်္ဂပူမြို့ဟောင်းကလည်းမြန်မာ့သမိုင်းအတွက် တထောင့်တနေရာကအထောက်အကူ ပြုနိုင်မယ်လို့ယုံကြည်တယ်ဟုသူကပြောသည်။
ခရစ်ဒစ်
Unicode