Health

ခဏအတွင်း ပိန်သွယ်ချပ်ရပ်သွားစေမယ့် လူသိနည်းတဲ့ ဆီးဖြူသီးကြိတ်ရည်

ဆီးဖြူသီးဟာ ချဉ်ပြီးဖန်တဲ့ အရသာလေးနဲ့ စားလို့ကောင်းပြီး ပေါပေါလင်လင် ရနိုင်တဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။ ဆီးဖြူသီးဟာ ခန္ဓာကိုယ်အတွက် အံ့မခန်း အကျိုးကျေးဇူးတွေ အများကြီးေ ပးနိုင်တယ်ဆိုတာ သင်သိပါသလား …။ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး အစာခြေစနစ်ကို အထူးကောင်းမွန်စေတဲ့အပြင် ဗီတာမင်စီ ကြွယ်ဝလွန်းတဲ့ သစ်သီးတစ်မျိုးဖြစ်တာကြောင့် ငယ်ရွယ်နုပျိုမှုကို လည်း ပေးစွမ်းနိုင်ပါတယ် …။

ဒါတင်မကပဲ ဆီးဖြူသီးဟာ အဆီတွေကိုေ ခဖြက်ြပြီး ပိန်သွယ်စေနိုင်တဲ့ အာနိသင် အရှိဆုံးအသီး တစ်မျိုးလည်း ဖြစ်ပါတယ်။ တကယ်လို့သင်ဟာ ဘယ်လောက်ပဲ အဆီကျေ ဆးတွေစားစား၊ ဘယ်လောက်ပဲ အစားတွေလျှော့လျှော့ အဖတ်မတင်ပဲ ဝိတ်မကျနိုင်ဖြစ်နေတယ် ဆိုရင် ဒီနည်းလမ်းလေးကို စမ်းကြည့်လိုက်ပါ …။

လွယ်ကူလွန်းတဲ့အပြင် အချိန်ကုန်၊ ငွေကုန် သက်သာပြီး အရမ်းထိေ ရာက်တဲ့နည်းလမ်းလေးမို့ ပျိုမေတိုင်း လက်တွေ့လုပ်ဖို့ တိုက်တွန်းလိုက်ပါတယ်နော် …။“ဆီးဖြူသီးကြိတ်ရည် ပြုလုပ်နည်း”ဆီးဖြူသီး တစ်ဆယ်သားခန့်ဝယ်ပြီး သန့်စင်စွာ ဆေးကြောလိုက်ပါ …။

ပြီးရင်တော့ ဆီးဖြူသီးကို စိပ်ပြီး ဖျော်စက် သို့ ကြိတ်စက်ထဲထည့်ကာ ကြေညက်သွားတဲ့အထိ ကြိတ်လိုက်ပါ …။ပြီးရင်တော့ အဖတ်တွေကိုရေစစ်နဲ့ခံပြီး ညှစ်ကာ အရည်ကိုပဲ ယူပါ …။ရလာတဲ့ အရည်ကို ရေခဲသေတ္တာထဲမှာ သိုလှောင် သိမ်းဆည်းထားပါ …။ရလာတဲ့ ဆီးဖြူသီးကြိတ်ရည်ကို ရေသုံးဆနဲ့ရောပြီး မနက်တိုင်း ဘာမှမစားခင် အရင် သောက်သုံးပေးပါ …။

သကြားတွေ၊ ဆားတွေလုံးဝမရောပဲ သောက်ပေးပါနော် …။ဒါဆိုရင်တော့ နှစ်ပတ် အတွင်းမှာတောင် သိသိသာသာ ဝိတ်ကျသွားမှာ ပဲဖြစ်ပါတယ် …။ပျိုမေတိုင်း အဆီပိုကင်းပြီး ကျန်းမာလှပတဲ့ ခန္ဓာကိုယ် လှလှလေးကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်နော် …။ ။

ခရက်ဒစ်

Unicode.