Health

က်န္းမာေရးအတြက္ လူတိုင္းအထူးသတိျပဳရမယ့္ ခႏၶာကိုယ္ေပၚက အေျပာင္းအလဲ (၆)မ်ိဳး

က်န္းမာေရးကို ထိခိုက္ေစႏိုင္တဲ့အေၾကာင္းရင္းေတြအမ်ားႀကီးရွိတဲ့ေခတ္ႀကီးမို႔ လူတိုင္းက ကိုယ့္က်န္းမာေရးအေျခေအေနကို အၿမဲတမ္းသတိထားဆန္းစစ္ေနဖို႔လိုပါတယ္။ ခႏၶာကိုယ္မွာ ျဖစ္ေနက်မဟုတ္တဲ့ လကၡဏာေတြျဖစ္လာရင္၊ အရင္ကမရွိခဲ့ဖူးတဲ့အေျပာင္းအလဲေတြျဖစ္ေနရင္ က်န္းမာေရးစစ္ေဆးမႈေတြ မျဖစ္မေနလုပ္ဖို႔၊ လိုအပ္ရင္ကုသမႈေတြ ခံယူဖို႔ လိုပါတယ္။ ဒါေၾကာင့္ လူတိုင္းသတိထားရမယ့္ ေရာဂါတစ္ခုခုေၾကာင့္ ခႏၶာကိုယ္မွာ ျဖစ္လာတတ္တဲ့ေျပာင္းလဲမႈ လကၡဏာတခ်ိဳ႕ကိုေဖာ္ျပေပးခ်င္ပါတယ္။

(၁) မ်က္ခုံးေမြးကြၽတ္ျခင္း

အေၾကာင္းရင္းမရွိဘဲ မ်က္ခုံးေမြးေတြ ကြၽတ္ထြက္ေနမယ္၊ အရမ္းပါးလာတဲ့အေနအထားမ်ိဳးေတာင္ျဖစ္လာတယ္ဆိုရင္ေတာ့ ဒါဟာ သိုင္း႐ြိဳက္ဂလင္း ပုံမွန္အလုပ္မလုပ္ျခင္း၊ သိုင္း႐ြိဳက္ေဟာ္မုန္းအတက္အက်ျဖစ္ေနျခင္းေၾကာင့္ ျဖစ္ႏိုင္ပါတယ္။ ေဆးစစ္ဖို႔လိုပါတယ္။

(၂) ႏႈတ္ခမ္းေျခာက္ျခင္း၊ ႏႈတ္ခမ္းေထာင့္စြန္းေတြေရာင္ရမ္းျခင္း

အရင္က တခါတေလ ႏႈတ္ခမ္းေျခာက္တာမ်ိဳးရွိဖူးေပမယ့္ ခဏတျဖဳတ္ျဖစ္တာမ်ိဳးပဲျဖစ္ၿပီး vaseline ဒါမွမဟုတ္ အလွဆီေလးလိမ္းလိုက္ရင္၊ ႏႈတ္ခမ္းနီအဆီေလးဆိုးလိုက္ရင္ ျပန္အဆင္ေျပသြားေပမယ့္ အခုျဖစ္တာက ႏႈတ္ခမ္းေျခာက္ေနတာ ရက္ေတာ္ေတာ္ၾကာေနၿပီ၊ ႏႈတ္ခမ္းနီအဆီဆိုးလည္းမေပ်ာက္ဘူး၊ ကြဲပါကြဲလာတယ္ဆိုရင္ေတာ့ ဒါဟာ ခႏၶာကိုယ္ထဲမွာ ဗီတာမင္ ေအ၊ ဘီ နဲ႔ အီး တို႔ေတာ္ေတာ္ေလးခ်ိဳ႕တဲ့ေနလို႔ျဖစ္ပါတယ္။ ဒါေၾကာင့္ ဗီတာမင္ ေအ၊ဘီ၊ အီး ႂကြယ္ဝတဲ့အစားအစာေတြ စားေပးလိုက္ရင္ အဆင္ေျပႏိုင္ပါတယ္။

ႏႈတ္ခမ္းေထာင့္စြန္းေနရာေတြ မၾကာခဏေရာင္ေနတတ္တယ္၊ အဖုေလးေတြေပါက္တတ္တယ္ဆိုရင္ေတာ့ UV rays sensitive ျဖစ္လြန္းေနတာျဖစ္ႏိုင္ပါတယ္။ ဒီလိုျဖစ္တတ္တဲ့သူေတြက တျခားသူေတြထက္ အေရျပားကင္ဆာျဖစ္ႏိုင္ေခ်ပိုမ်ားတာေၾကာင့္ အေရျပားအထူးကုနဲ႔ျပဖို႔ လိုပါတယ္။

(၃) လက္သည္းပုံမွန္မဟုတ္ျခင္း

ခႏၶာကိုယ္မွာ တစ္ခုခုခ်ိဳ႕ယြင္းလာရင္ လက္သည္းမွာ သိသာတဲ့အေျပာင္းအလဲေတြျဖစ္လာပါတယ္။ လက္သည္းေတြဝါလာတာ၊ အစင္းေၾကာင္းေတြျဖစ္တာ စသျဖင့္ လကၡဏာေတြအမ်ိဳးမ်ိဳး ျပတတ္ပါတယ္။ အေရာင္အရမ္းေဖ်ာ့လာၿပီး လက္သည္းပါးၿပီးေပ်ာ့လာတာက ေသြးအားနည္းျခင္းေၾကာင့္ျဖစ္ၿပီး ခႏၶာကိုယ္က သံဓာတ္အရမ္းလိုအပ္ေနတဲ့ လကၡဏာျဖစ္ပါတယ္။ ဒါမွမဟုတ္ မႈိစြဲတာနဲ႔ အသည္းေရာဂါတစ္ခုခုေၾကာင့္လည္းျဖစ္ႏိုင္ပါတယ္။ ဒါေၾကာင့္ လက္သည္းမွာ ပုံမွန္မဟုတ္တဲ့အေျပာင္းအလဲေတြေတြ႕ရရင္ ဆရာဝန္နဲ႔ျပသစစ္ေဆးဖို႔ လိုပါတယ္။

(၄) မ်က္ႏွာနီျမန္းျခင္း

ရာသီဥတုပူေနတဲ့အခါ၊ အရက္ေသာက္ထားတဲ့အခါေတြမွာ မ်က္ႏွာနီျမန္းတာက ပုံမွန္ပါပဲ။ ဒါေပမယ့္ တစ္ေယာက္ေယာက္က မ်က္ႏွာနီျမန္းေနၿပီး ခရမ္းေရာင္၊ အျပာေရာင္ဘက္သန္းလာတယ္ဆိုရင္ demodicosis ေရာဂါပိုး ကူးစက္ခံရတာေၾကာင့္ျဖစ္ႏိုင္ပါတယ္။ ေဆး႐ုံသြားဖို႔လိုပါတယ္။

(၅) ေျခဖေနာင့္ကြဲျခင္း

ေျခဖေနာင့္ကြဲတာကလည္း ဗီတာမင္ ေအ၊ဘီ၊အီး နဲ႔ ေရဓာတ္ခ်ိဳ႕တဲ့ျခင္းေၾကာင့္ျဖစ္ပါတယ္။ ဗီတာမင္ ေအ၊ဘီ၊အီးႂကြယ္ဝတဲ့အစားအစာေတြစားဖို႔၊ ေရပုံမွန္ေသာက္ေပးဖို႔၊ ေျခေထာက္ကို သန႔္ေအာင္ထားၿပီး အစိုဓာတ္ျဖည့္ခရင္မ္ လိမ္းေပးဖို႔လိုပါတယ္။ ေျခာက္လၾကာတဲ့အထိ မသက္သာဘဲ ဆက္ျဖစ္ေနရင္ေတာ့ ဆရာဝန္နဲ႔ျပပါ။

(၆) အေရျပားေျခာက္ေသြ႕ၿပီးအဖတ္လွန္ျခင္း

ခႏၶာကိုယ္မွာေရဓာတ္နည္းလာတဲ့အခါ အသားအေရေျခာက္ေသြ႕တာက ပုံမွန္ျဖစ္ေနၾကျဖစ္ၿပီး မထူးဆန္းပါဘူး။ ေရလုံလုံေလာက္ေလာက္ေသာက္ၿပီး ေရဓာတ္ျဖည့္ lotion တစ္မ်ိဳးမ်ိဳးလိမ္းေပးလိုက္ရင္ အသားအေရျပန္ၿပီးစိုေျပလာပါလိမ့္မယ္။ ဒါေပမယ့္ အဲ့ဒီလိုလုပ္တာလည္း မသက္သာတဲ့အျပင္ အေရျပားကေျခာက္ေသြ႕ၿပီးအဖတ္လွန္တာေတြပါျဖစ္ေနရင္ေတာ့ ဆီးခ်ိဳ ဒါမွမဟုတ္ သိုင္း႐ြိဳက္ေဟာ္မုန္းနည္းျခင္း လကၡဏာျဖစ္ပါတယ္။ ဆရာဝန္ျပဖို႔ လိုပါတယ္။

Credit : Aunty may

Unicode

ကျန်းမာရေးအတွက် လူတိုင်းအထူးသတိပြုရမယ့် ခန္ဓာကိုယ်ပေါ်က အပြောင်းအလဲ (၆)မျိုး

ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့အကြောင်းရင်းတွေအများကြီးရှိတဲ့ခေတ်ကြီးမို့ လူတိုင်းက ကိုယ့်ကျန်းမာရေးအခြေအေနေကို အမြဲတမ်းသတိထားဆန်းစစ်နေဖို့လိုပါတယ်။ ခန္ဓာကိုယ်မှာ ဖြစ်နေကျမဟုတ်တဲ့ လက္ခဏာတွေဖြစ်လာရင်၊ အရင်ကမရှိခဲ့ဖူးတဲ့အပြောင်းအလဲတွေဖြစ်နေရင် ကျန်းမာရေးစစ်ဆေးမှုတွေ မဖြစ်မနေလုပ်ဖို့၊ လိုအပ်ရင်ကုသမှုတွေ ခံယူဖို့ လိုပါတယ်။ ဒါကြောင့် လူတိုင်းသတိထားရမယ့် ရောဂါတစ်ခုခုကြောင့် ခန္ဓာကိုယ်မှာ ဖြစ်လာတတ်တဲ့ပြောင်းလဲမှု လက္ခဏာတချို့ကိုဖော်ပြပေးချင်ပါတယ်။

(၁) မျက်ခုံးမွေးကျွတ်ခြင်း

အကြောင်းရင်းမရှိဘဲ မျက်ခုံးမွေးတွေ ကျွတ်ထွက်နေမယ်၊ အရမ်းပါးလာတဲ့အနေအထားမျိုးတောင်ဖြစ်လာတယ်ဆိုရင်တော့ ဒါဟာ သိုင်းရွိုက်ဂလင်း ပုံမှန်အလုပ်မလုပ်ခြင်း၊ သိုင်းရွိုက်ဟော်မုန်းအတက်အကျဖြစ်နေခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ ဆေးစစ်ဖို့လိုပါတယ်။

(၂) နှုတ်ခမ်းခြောက်ခြင်း၊ နှုတ်ခမ်းထောင့်စွန်းတွေရောင်ရမ်းခြင်း

အရင်က တခါတလေ နှုတ်ခမ်းခြောက်တာမျိုးရှိဖူးပေမယ့် ခဏတဖြုတ်ဖြစ်တာမျိုးပဲဖြစ်ပြီး vaseline ဒါမှမဟုတ် အလှဆီလေးလိမ်းလိုက်ရင်၊ နှုတ်ခမ်းနီအဆီလေးဆိုးလိုက်ရင် ပြန်အဆင်ပြေသွားပေမယ့် အခုဖြစ်တာက နှုတ်ခမ်းခြောက်နေတာ ရက်တော်တော်ကြာနေပြီ၊ နှုတ်ခမ်းနီအဆီဆိုးလည်းမပျောက်ဘူး၊ ကွဲပါကွဲလာတယ်ဆိုရင်တော့ ဒါဟာ ခန္ဓာကိုယ်ထဲမှာ ဗီတာမင် အေ၊ ဘီ နဲ့ အီး တို့တော်တော်လေးချို့တဲ့နေလို့ဖြစ်ပါတယ်။ ဒါကြောင့် ဗီတာမင် အေ၊ဘီ၊ အီး ကြွယ်ဝတဲ့အစားအစာတွေ စားပေးလိုက်ရင် အဆင်ပြေနိုင်ပါတယ်။

နှုတ်ခမ်းထောင့်စွန်းနေရာတွေ မကြာခဏရောင်နေတတ်တယ်၊ အဖုလေးတွေပေါက်တတ်တယ်ဆိုရင်တော့ UV rays sensitive ဖြစ်လွန်းနေတာဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်တတ်တဲ့သူတွေက တခြားသူတွေထက် အရေပြားကင်ဆာဖြစ်နိုင်ချေပိုများတာကြောင့် အရေပြားအထူးကုနဲ့ပြဖို့ လိုပါတယ်။

(၃) လက်သည်းပုံမှန်မဟုတ်ခြင်း

ခန္ဓာကိုယ်မှာ တစ်ခုခုချို့ယွင်းလာရင် လက်သည်းမှာ သိသာတဲ့အပြောင်းအလဲတွေဖြစ်လာပါတယ်။ လက်သည်းတွေဝါလာတာ၊ အစင်းကြောင်းတွေဖြစ်တာ စသဖြင့် လက္ခဏာတွေအမျိုးမျိုး ပြတတ်ပါတယ်။ အရောင်အရမ်းဖျော့လာပြီး လက်သည်းပါးပြီးပျော့လာတာက သွေးအားနည်းခြင်းကြောင့်ဖြစ်ပြီး ခန္ဓာကိုယ်က သံဓာတ်အရမ်းလိုအပ်နေတဲ့ လက္ခဏာဖြစ်ပါတယ်။ ဒါမှမဟုတ် မှိုစွဲတာနဲ့ အသည်းရောဂါတစ်ခုခုကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဒါကြောင့် လက်သည်းမှာ ပုံမှန်မဟုတ်တဲ့အပြောင်းအလဲတွေတွေ့ရရင် ဆရာဝန်နဲ့ပြသစစ်ဆေးဖို့ လိုပါတယ်။

(၄) မျက်နှာနီမြန်းခြင်း

ရာသီဥတုပူနေတဲ့အခါ၊ အရက်သောက်ထားတဲ့အခါတွေမှာ မျက်နှာနီမြန်းတာက ပုံမှန်ပါပဲ။ ဒါပေမယ့် တစ်ယောက်ယောက်က မျက်နှာနီမြန်းနေပြီး ခရမ်းရောင်၊ အပြာရောင်ဘက်သန်းလာတယ်ဆိုရင် demodicosis ရောဂါပိုး ကူးစက်ခံရတာကြောင့်ဖြစ်နိုင်ပါတယ်။ ဆေးရုံသွားဖို့လိုပါတယ်။

(၅) ခြေဖနောင့်ကွဲခြင်း

ခြေဖနောင့်ကွဲတာကလည်း ဗီတာမင် အေ၊ဘီ၊အီး နဲ့ ရေဓာတ်ချို့တဲ့ခြင်းကြောင့်ဖြစ်ပါတယ်။ ဗီတာမင် အေ၊ဘီ၊အီးကြွယ်ဝတဲ့အစားအစာတွေစားဖို့၊ ရေပုံမှန်သောက်ပေးဖို့၊ ခြေထောက်ကို သန့်အောင်ထားပြီး အစိုဓာတ်ဖြည့်ခရင်မ် လိမ်းပေးဖို့လိုပါတယ်။ ခြောက်လကြာတဲ့အထိ မသက်သာဘဲ ဆက်ဖြစ်နေရင်တော့ ဆရာဝန်နဲ့ပြပါ။

(၆) အရေပြားခြောက်သွေ့ပြီးအဖတ်လှန်ခြင်း

ခန္ဓာကိုယ်မှာရေဓာတ်နည်းလာတဲ့အခါ အသားအရေခြောက်သွေ့တာက ပုံမှန်ဖြစ်နေကြဖြစ်ပြီး မထူးဆန်းပါဘူး။ ရေလုံလုံလောက်လောက်သောက်ပြီး ရေဓာတ်ဖြည့် lotion တစ်မျိုးမျိုးလိမ်းပေးလိုက်ရင် အသားအရေပြန်ပြီးစိုပြေလာပါလိမ့်မယ်။ ဒါပေမယ့် အဲ့ဒီလိုလုပ်တာလည်း မသက်သာတဲ့အပြင် အရေပြားကခြောက်သွေ့ပြီးအဖတ်လှန်တာတွေပါဖြစ်နေရင်တော့ ဆီးချို ဒါမှမဟုတ် သိုင်းရွိုက်ဟော်မုန်းနည်းခြင်း လက္ခဏာဖြစ်ပါတယ်။ ဆရာဝန်ပြဖို့ လိုပါတယ်။

Credit : Aunty may