Local News

Covid စဖြစ်ကတည်းက အလှူရေစက်လက်နဲ့မကွာသေးတဲ့ မင်းသားမြင့်မြတ်

Covid စဖြစ်ကတည်းက အလှူရေစက်လက်နဲ့မကွာသေးတဲ့ မင်းသားမြင့်မြတ်တစ်ယောက် ကိုယ်တိုင်ကိုယ်ကျလှူဒါန်းတာမျိုးတွေလည်း ရှိသလို အဖွဲ့အစည်းတွေကိုလှူဒါန်းပေးတာ လည်း အနည်းနဲ့အများရှိခဲ့ပါတယ်။

အခြေခံလူတန်းစားတွေအတွက် စားသောက်ကုန်တွေကို လှူဒါန်းပေးတတ်တဲ့ မင်းသားဟာ ဒီတစ်ခေါက်မှာလည်း ဒိန်းဒေါင်ရဲ့ချွန်တွန်းပရဟိတအတွက် အလှူငွေ (၃) သိန်း လှူဒါန်းပေးခဲ့ပါတယ်။

ဒိန်းဒေါင်ဟာလည်း ကိုယ်ကျိုးမငဲ့ဘဲ ပရဟိတအလုပ်တွေနဲ့ ခက်ခဲနေသူတွေရဲ့ဘဝကို စွမ်းစွမ်းတမံ ကူညီနေသူတစ်ယောက်ဖြစ်ပြီး နေ့စဉ်အကူအညီတောင်းခံလာတာတွေကိုလည်း စိတ်မောလူမောနဲ့ လိုက်လံကူညီပေးနေသူတစ်ယောက်ပါ။ ဘဝတူလူရွှင်တော်တွေရဲ့ ဘဝကို လည်းတတ်နိုင်သလောက်ကူညီပေးတတ်သူတစ်ယောက်လည်းဖြစ်ပါတယ်။

သူ့ရဲ့အလှူလေးကို ” သရုပ်ဆောင်အကယ်ဒမီ ကိုမြင့်မြတ်+မခင်သူအောင် သားမောင်မြတ်သူ မိသားစုမှ ကိုဒိန်းဒေါင်ပရဟိတ အသင်းအတွက် ငွေကျပ် (၃) သိန်းလှူဒါန်းခဲ့ပါတယ်။ နတ်လူသာဓုခေါ်စေသော် ” ဆိုပြီး မြင့်မြတ်က လူမှုကွန်ရက်မှာဝေမျှခဲ့ပါတယ်။ နောက်လည်းဒီထက်မက လှူနိုင်တန်းနိုင်ပါစေ မင်းသားရေ။

ခရက်ဒစ်

Unicode