ချစ်သူဆရာဝန်ကြောင့် ကံကောင်းခြင်းဆိုတဲ့အရာအားလုံးကို ပိုင်ဆိုင်ခဲ့တယ်ဆိုတဲ့ မေမီကိုကို
MRTV-4 မင်းသမီးချောလေး မေမီကိုကိုကတော့ ဇာတ်လမ်း တွဲတွေများစွာနဲ့ အားလုံးရဲ့ရင်ထဲအခိုင်အမာရောက်ရှိထားသူလေးမို့ ပရိသတ်တွေနဲ့ အထူးတလည်မိတ်ဆက်ပေးစရာမလိုတော့ပါဘူးနော်..။သရုပ်ဆောင်ကောင်းတဲ့ သူမရဲ့ဟန်ပန်လေးတွေနဲ့ ခဈြ စရာကောင်းလွန်းတဲ့ပုံရိပ်လေးတွေက ပရိသတ်တွေကို အချစ်ပိုသဘောကျစေပြီး ပွင့်လင်းတဲ့ စိတ် ထားလေးတွေကလည်း သူမရဲ့ဆွဲဆောင်မှုလေးတွေထဲက တစ်ခုပါပဲနော်..။
မေမီလေးကတော့ ပရိသတ်အခိုင်အမာနဲ့အောင်မြင်တဲ့ အနုပညာရှင်မင်းသမီးအဖွဈ ရပ်တည်နေသလို သူမရဲ့အချစ်ရေးနဲ့ ပတ်သက်ပြီးတော့လည်း ပရိသတ်တွေကို အသိပေးပြောပြထားကာ ဝေဖန်မှုတွေကိုလည်း အကောင်းဆုံးရင်ဆိုင်ကျော်ဖြတ်နေသူလေးလည်း ဖြစ်ပါတယ်နော်..။
အခုတစ်ခါမှာတော့ မေမီလေးတစ်ယောက် သူမရဲ့ဓာတ်ပုံလှလှလေးတွေကို ဝေမျှရင်း ချစ်ရသူဆရာဝန်ချောချာလေးနဲ့ ဆုံဆည်းရတဲ့အတွက် ကံကောင်းတဲ့အကြောင်းလေးကို ကြွေလောက်တဲ့စကားချိုချိုလေးတွေနဲ့
“စိတ် ထားကောင်းရင် ကံကောင်းတယ်ဆိုတာကို…မင်းနဲ့တွေ့မှ ယုံကြည်သွားတာ…
..” ဆိုပြီး မေမီလေးက ရေးသားပြောထားတာဖြစ်ပြီး ပရိသတ်တွေကလည်း သူမရဲ့အပြောချိုချိုလေးတွေကို သဘောကျနေကြပါ တယ်နော်..။ချစ်စရာကောင်းပြီး အေးချမ်းတဲ့ အလှတရားတွေနဲ့ ကျော့ရှင်းတည်ငြိမ်စွာ လှသွေးကြွယ်နေတဲ့ မင်းသမီးချောလေး မေမီကိုကိုရဲ့ လှရက်လွန်းနေတဲ့ ပုံရိပ်လေးတွေကိုလည်း ချစ်ပရိသတ်တွေ အားလုံးအတွက် တင်ဆက်ပေးလိုက်ပါတယ်နော်..။
ခရက်ဒစ်
Unicode