Love

အချစ်ကို ကစားတတ် သူများ၏ နိဂုံး

အချစ်ကို ကစားတယ်ဆိုတာ ခံစားချက်တွေကို ကစားတာပါ။ ကိုယ်တကယ်မချစ်ဘဲ ချစ်ဟန်ဆောင်တာ ၊ ကိုယ်တကယ်ခံစားလို့မရဘဲ သူတပါးအချစ်နဲ့ ပျော်မွေ့ဖို့ကြိုးစားတာတွေဟာ အချစ်နဲ့ကစားနေတာပါ။ အချစ်နဲ့ကစားနေသူတွေဟာ မာန်တက်နေသူတွေများပါတယ်။ အလှမာန်တက်သူတွေ ၊ ပစ္စည်းမာန်တက်သူတွေစသဖြင့်ပေါ့။ သူတို့တွေဟာ မမြဲတဲ့အရာတွေကို အဟုတ်လုပ် မြဲတယ်ဆိုပြီး တလွဲဂုဏ်မောက်နေသူတွေပါ။

အချစ်နဲ့ကစားတတ်သူတွေဟာ စွံတယ်ဆိုတဲ့စကားနဲ့မြာပွေတယ်စကား အဓိပ္ပါယ်နှစ်ခုကို ကွဲကွဲပြားပြား မသိသူတွေဖြစ်ပါတယ်။ စွံတယ်ဆိုတာ ကိုယ်မကြိုက်လည်း ကိုယ့်ကိုကြိုက်သူတွေများနေတာဖြစ်ပြီး မြာပွေတယ်ဆိုတာကတော့ လူတွေအမြင်မှာ ကိုယ်နဲ့ရည်းစားလိုလို ဘာလိုလို (တကယ်လည်းရည်းစားတွေဖြစ်ကောင်းဖြစ်မယ်) တွဲတဲ့သူအရေအတွက်များနေတာပါ။ သူတို့နှစ်ဦးရဲ့ တန်ဖိုးချင်းက လုံးဝမတူပါဘူး။ ပိုမြင်အောင် ပြောရမယ်ဆို တကယ်စားကောင်းတဲ့ဆိုင်မို့ စားခွင့်ရအောင် စိတ်ရှည်လက်ရှည် တန်းစီစောင့်နေသူတွေရှိတဲ့ဆိုင်နဲ့ အလကားကျွေးတဲ့နေရာမို့ လူတွေ လူးလားခတ်နေတဲ့နေရာ တန်ဖိုးချင်း တူနိုင်ပါဦးမလား။ လာတဲ့သူတွေရဲ့ ရည်ရွယ်ချက်ချင်းလည်း မတူနိုင်ပါဘူး။

အလကားစားရသူတွေက အလကားစားရတာမို့ အရှုံးမရှိဘူး မြည်းကြည့်မယ်ဆိုတဲ့ စမ်းသပ်လိုစိတ်နဲ့ လာစားကြတာဖြစ်ပြီး စိတ်ရှည်လက်ရှည် တန်းစီစောင့်နေတဲ့သူတွေကတော့ သူများတွေရဲ့ အပြောကြောင့်ပဲဖြစ်ဖြစ် ၊ ကိုယ်တိုင်အရသာခံစားသိလို့ပဲဖြစ်ဖြစ် လာစားခွင့်ရဖို့ ကြိုးစားကြသူတွေဖြစ်ပါတယ်။ မိန်းကလေးတစ်ယောက်ရဲ့ဘဝဟာ စားသောက်ဆိုင်တစ်ခုမဟုတ်ပါဘူး။ အရှက်တရား ၊ အကြောက်တရားဆိုတဲ့ လူ့ကျင့်ဝတ်တွေဝန်းရံထားတဲ့ လူ့သိက္ခာရပ်ဝန်းတစ်ခုဖြစ်ပါတယ်။ ကိုယ်ထည်လဲတွဲနေသူတွေဟာ ကိုယ့်ကို မြည်းစမ်းချင်တဲ့စိတ် ၊ အလကားရလို့ လာမြည်းတာဆိုတဲ့စိတ်ကလေးနဲ့ ခံစားကြည့်လိုက်စမ်းပါ။

ဘယ်လောက် အောက်ကျနောက်ကျနိုင်ပြီး သိက္ခာမဲ့လိုက်သလဲလို့ …. ကိုယ့်ရဲ့မိန်းမသိက္ခာဟာ ကိုယ်ထည်လဲတွဲသူတွေနဲ့ လဲလိုက်ရတယ်ဆိုတာ အစကကြိုသိခဲ့မယ်ဆိုရင် ကိုယ့်ဘဝကို သူတို့တွေလက် ပေးမြည်းချင်ပါရဲ့လား။

ယောက်ျားများစွာနဲ့ ဆက်ဆံနေတယ်ဆိုတဲ့ အမျိုးသမီးဟာ ငွေပေးရင်အအိပ်ခံတဲ့ အမျိုးသမီးတွေပါ။ သူတို့ဟာ ဒီလိုလုပ်ရင်း သူတို့ဝမ်းစာကိုဖြေရှင်းကြတာပါ။ သူတို့ပညာဟာ ယောကျာ်းများများနဲ့ ဆက်ဆံရဖို့နဲ့ နေ့တွက်ဝင်ငွေ ပိုကိုက်ဖို့အရေးဖြစ်ပါတယ်။ နောင်ခါမှ ကျန်းမာရေးထိချင်ထိ ဒီနေ့အတွက်တော့ ယောကျာ်းများများဝင်မှဖြစ်မယ်ဆိုတာ သူတို့ရဲ့ခံယူချက်လေ။

ကိုယ်ဟာလည်း ငွေလိုချင်လို့ ခန္ဓာပေးတယ်ဆိုတဲ့ အမျိုးအစားထဲဝင်သွားပြီဆိုရင် မိန်းမကောင်းတစ်ယောက်လို့ ခေါ်နိုင်ပါသေးရဲ့လား။ ကိုယ်နဲ့တွဲနေသူတိုင်းနဲ့ အိပ်တယ်ဆိုရင်လည်း ငွေမရဘဲအအိပ်ခံတဲ့ဘဝမို့ မိန်းမပျက်တွေထက်တောင် ဈေးပေါနေပါသေးတယ်။

ခန္ဓာပေးမှအခဈြ စစ်လို့ အချစ် စမ်းနေတဲ့ ဒီလိုယောကျာ်းတွေနဲ့ပဲ ပတ်သက်နေရတယ်ဆို ကိုယ့်တန်ဖိုး ကိုယ်ပြန်မြှင့်ဖို့ ဒီလိုယောက်ျားတွေနဲ့ မပတ်သက်မိအောင် နေလိုက်ပါ။

ကိုယ့်အရည်အချင်းကို အချစ်ဝတ္ထုတွေမဟုတ်တဲ့ ကိုယ်စိတ်ပါဝင်စားရာ ပညာရေးရသ စာအုပ်တွေကို ဖတ်ရှုလေ့လာပြီး ကိုယ့်တန်ဖိုးကို ကိုယ်မြှင့်တင်လိုက်ပါ။ ငယ်ရွယ်လေ ပညာရှာသင့်လေ ၊ လေ့လာမှုအားကောင်းလေ ဘဝအဆင့်မြင့်နိုင်လေဖြစ်ပါတယ်။

ယောက်ျားတွေနဲ့အိပ်မှ ခေတ်မီတယ်လို့ ဖြစ်နေတဲ့ မိန်းမဈေးကျကျခေတ်ကြီးထဲမှာ ယောကျာ်းတွေနဲ့ လုံးဝမအိပ် ဖူးတဲ့ အပျိုစင်စစ် စစ် ကိုယ့်တန်ဖိုးဟာ ဘယ်လောက်များ တန်ဖိုးကြီးလိုက်သလဲနော်။ ဒီလို ကိုယ့်တန်ဖိုးကိုယ်ထိန်းထားနိုင်တဲ့ အပျိုစင်မိန်းကလေးကို ရတဲ့သူ ကံကောင်းလိုက်လေခြင်း။ ဒါ့အပြင် ဒီမိန်းကလေးဟာ အချစ်စမ်းတဲ့ယောကျာ်းတွေနဲ့ ပတ်သက်မယ့်အစား ပညာရပ်ဆိုင်ရာတွေ လေ့လာလိုက်စားနေသူမို့ ဥာဏ်ပညာမြင့်တဲ့ မိန်းကလေးအဖြစ်နဲ့လည်း ရပ်တည်နေဦးမှာလေ။

ဒီခေတ်ကြီးထဲမှာ ဒီလိုမိန်းကလေးတွေကမှ တန်ဖိုးအမြင့်ဆုံး မိန်းမကောင်းလေးတွေဖြစ်ပါတယ်။

ရုပ်အလှဟာ အလွန်ဆုံးခံလှ နောင်နှစ်သုံးဆယ်ပေါ့။ ဒီခေတ်ကြီးထဲမှာ ထက်မြက်တော်မော်တဲ့ အမျိုးသမီးတွေဟာ ကြိုးစားရင်ကြိုးစားသလောက် နေရာကောင်းရနိုင်တဲ့ခေတ် ဖြစ်နေပါပြီ။ အဲဒီအချိန်မှာ ကိုယ့်ကို တကယ်တန်ဖိုးထားချစ်တဲ့သူနဲ့ ကိုယ့်ခန္ဓာကို မြည်းစမ်းချင်သူတွေဆိုတာကို လူကဲခတ်အတွေ့အကြုံ ၊ စာအုပ်ထဲက ဗဟုသုတတွေအရ ကွဲကွဲပြားပြား သိနိုင်ပြီလေ။ အစွန်းအထင်းမရှိတဲ့ ထက်မြက်တဲ့မိန်းကလေးဟာ တွေးခေါ်မှုအဆင့်အတန်း ၊ သိက္ခာအဆင့်အတန်း မြင့်မားတဲ့မိန်းကလေးဖြစ်တာမို့ သူနဲ့ထိုက်တန်တဲ့ တွေးခေါ်မှုအဆင့်အတန်းမြင့်မြင့် ယောကျာ်းကောင်း ၊ ယောကျာ်းမြတ်တွေကိုပဲ အိမ်ထောင်ဖက်အချစ် ရည်ရွယ်ချစ်ကြိုက်တော့တယ်။ ကျွန်မအကြိုက်ဆုံး စကားစုတစ်ခုရှိတယ်။ ကျွန်မအသက်(၁၉)နှစ်လောက်က ဆရာတော် ဦးဇောတိကရေးသားထားခဲ့တဲ့ ဘဝဆိုတဲ့ကျောင်း စာအုပ်ထဲကနေ ဖတ်မှတ် သားထားခဲ့တာ။ “On the long run, you will get what you deserve.” တဲ့။ ရေရှည်မှာ ကိုယ်နဲ့ထိုက်တန်ရာကိုပဲ ကိုယ်ရမှာလို့ ဆိုလိုတာ ဖြစ်ပါတယ်။

အဲဒီစကားဟာ တကယ်မှန်ကန် တယ်။ လူဆိုတာ ရေရှည်မှာ ကိုယ်နဲ့ထိုက်တန် တာကိုပဲ ကိုယ်ရရှိကြမှာဖြစ်ပါတယ်။ မိမိရဲ့အတွေးအခေါ် ၊ ခံယူချက် ၊ ယုံကြည်မှု ၊ ကြိုးစားအားထုတ်မှု ၊ ရည်မှန်းချက် စတာတွေနဲ့ ထိုက်တန်တဲ့အရာကိုပဲ ရေရှည်ကာလမှာ ရရှိတာဖြစ်ပါတယ်။ ရေတိုကာလကို ကျွန်မ မဆိုလိုဘူးနော်။ အခုလုပ် ၊ အခုဖြစ် ၊ အခုရလဒ်ထွက်နေတာကို မကြည့်ဘဲ နောင် ဆယ်နှစ်ကျော် ၊ နှစ်နှစ် ဆယ် ၊ နှစ်သုံး ၊ လေးဆယ်ကျော်ဆိုတဲ့ ရေရှည်ကာလမှာ ထွက်လာမယ့် ရလဒ်ကို ကျွန်မဆိုလိုတာဖြစ်ပါတယ်။ ရေရှည်မကြည့်ဘဲဆုံးဖြတ်လုပ်ကိုင်ခဲ့ရင် အခုပျော်ကောင်းပျော်မယ်။ ရေရှည်ကာလ ရောက်လာခဲ့ချိန်မှာ စိတ်ဆင်းရဲ ၊ ကိုယ်ဆင်းရဲဆိုတဲ့ အပူအထွေထွေကို ပိုက်နေရတာကို ဆိုလိုတာ။ အခုမျက်မှောက် ခက်ခဲကောင်းခက်ခဲနိုင်ပေမယ့် မလျှော့သောဇွဲနဲ့ ကိုယ့်ရည်မှန်းချက်အတိုင်း ကြိုးစားအားထုတ်လို့ ရေရှည်မှာ ခံစားရမယ့် အသီးအပွင့်ရလဒ်ကို ဆိုလိုတာဖြစ်ပါတယ်။

လူတိုင်း (၁၀၀)ရာခိုင်နှုန်း အကောင်းချည်း မရှိနိုင်ဘူးပေါ့။ ဒါပေမယ့် အဆိုးနည်းနိုင်သမျှ နည်းအောင်နေထိုင်ရမှာပဲလေ။ ဒီအသိုင်းအဝန်းမှာပဲကျင်လည်ပြီး ဒါလူတွေနဲ့ပဲ ပျော်နေရင် ဒီအသိုင်းအဝန်းမှာပဲ ရှေ့ဆက်ဘဝရပ်တည်ရဖို့များနေပါတယ်။ ဒါကြောင့် မိမိပညာအစွမ်းနဲ့ တဆင့်ထက်တဆင့် မြင့်အောင်ကြိုးစားသွားသင့်တယ်။ သူများကိုနင်းပြီးတက်ဖို့ထက် ကိုယ့်ကိုယ်ကို သိက္ခာရှိရှိ တဆင့်ပြီးတဆင့် မြင့်သထက်မြင့်အောင် တက်သွားနိုင်ဖို့ ကြိုးစားပါ။

ခရက်ဒစ်

Unicode

အခ်စ္ကို ကစားတတ္သူမ်ား၏ နိဂံုး

အချစ်ကို ကစားတယ်ဆိုတာ ခံစားချက်တွေကို ကစားတာပါ။ ကိုယ်တကယ်မချစ်ဘဲ ချစ်ဟန်ဆောင်တာ ၊ ကိုယ်တကယ်ခံစားလို့မရဘဲ သူတပါးအချစ်နဲ့ ပျော်မွေ့ဖို့ကြိုးစားတာတွေဟာ အချစ်နဲ့ကစားနေတာပါ။ အချစ်နဲ့ကစားနေသူတွေဟာ မာန်တက်နေသူတွေများပါတယ်။ အလှမာန်တက်သူတွေ ၊ ပစ္စည်းမာန်တက်သူတွေစသဖြင့်ပေါ့။ သူတို့တွေဟာ မမြဲတဲ့အရာတွေကို အဟုတ်လုပ် မြဲတယ်ဆိုပြီး တလွဲဂုဏ်မောက်နေသူတွေပါ။

အချစ်နဲ့ကစားတတ်သူတွေဟာ စွံတယ်ဆိုတဲ့စကားနဲ့မြာပွေတယ်စကား အဓိပ္ပါယ်နှစ်ခုကို ကွဲကွဲပြားပြား မသိသူတွေဖြစ်ပါတယ်။ စွံတယ်ဆိုတာ ကိုယ်မကြိုက်လည်း ကိုယ့်ကိုကြိုက်သူတွေများနေတာဖြစ်ပြီး မြာပွေတယ်ဆိုတာကတော့ လူတွေအမြင်မှာ ကိုယ်နဲ့ရည်းစားလိုလို ဘာလိုလို (တကယ်လည်းရည်းစားတွေဖြစ်ကောင်းဖြစ်မယ်) တွဲတဲ့သူအရေအတွက်များနေတာပါ။ သူတို့နှစ်ဦးရဲ့ တန်ဖိုးချင်းက လုံးဝမတူပါဘူး။

ပိုမြင်အောင် ပြောရမယ်ဆို တကယ်စားကောင်းတဲ့ဆိုင်မို့ စားခွင့်ရအောင် စိတ်ရှည်လက်ရှည် တန်းစီစောင့်နေသူတွေရှိတဲ့ဆိုင်နဲ့ အလကားကျွေးတဲ့နေရာမို့ လူတွေ လူးလားခတ်နေတဲ့နေရာ တန်ဖိုးချင်း တူနိုင်ပါဦးမလား။ လာတဲ့သူတွေရဲ့ ရည်ရွယ်ချက်ချင်းလည်း မတူနိုင်ပါဘူး။

အလကားစားရသူတွေက အလကားစားရတာမို့ အရှုံးမရှိဘူး မြည်းကြည့်မယ်ဆိုတဲ့ စမ်းသပ်လိုစိတ်နဲ့ လာစားကြတာဖြစ်ပြီး စိတ်ရှည်လက်ရှည် တန်းစီစောင့်နေတဲ့သူတွေကတော့ သူများတွေရဲ့ အပြောကြောင့်ပဲဖြစ်ဖြစ် ၊ ကိုယ်တိုင်အရသာခံစားသိလို့ပဲဖြစ်ဖြစ် လာစားခွင့်ရဖို့ ကြိုးစားကြသူတွေဖြစ်ပါတယ်။ မိန်းကလေးတစ်ယောက်ရဲ့ဘဝဟာ စားသောက်ဆိုင်တစ်ခုမဟုတ်ပါဘူး။ အရှက်တရား ၊ အကြောက်တရားဆိုတဲ့ လူ့ကျင့်ဝတ်တွေဝန်းရံထားတဲ့ လူ့သိက္ခာရပ်ဝန်းတစ်ခုဖြစ်ပါတယ်။

ကိုယ်ထည်လဲတွဲနေသူတွေဟာ ကိုယ့်ကို မြည်းစမ်းချင်တဲ့စိတ် ၊ အလကားရလို့ လာမြည်းတာဆိုတဲ့စိတ်ကလေးနဲ့ ခံစားကြည့်လိုက်စမ်းပါ။ ဘယ်လောက် အောက်ကျနောက်ကျနိုင်ပြီး သိက္ခာမဲ့လိုက်သလဲလို့ …. ကိုယ့်ရဲ့မိန်းမသိက္ခာဟာ ကိုယ်ထည်လဲတွဲသူတွေနဲ့ လဲလိုက်ရတယ်ဆိုတာ အစကကြိုသိခဲ့မယ်ဆိုရင် ကိုယ့်ဘဝကို သူတို့တွေလက် ပေးမြည်းချင်ပါရဲ့လား။

ယောက်ျားများစွာနဲ့ ဆက်ဆံနေတယ်ဆိုတဲ့ အမျိုးသမီးဟာ ငွေပေးရင်အအိပ်ခံတဲ့ အမျိုးသမီးတွေပါ။ သူတို့ဟာ ဒီလိုလုပ်ရင်း သူတို့ဝမ်းစာကိုဖြေရှင်းကြတာပါ။ သူတို့ပညာဟာ ယောကျာ်းများများနဲ့ ဆက်ဆံရဖို့နဲ့ နေ့တွက်ဝင်ငွေ ပိုကိုက်ဖို့အရေးဖြစ်ပါတယ်။ နောင်ခါမှ ကျန်းမာရေးထိချင်ထိ ဒီနေ့အတွက်တော့ ယောကျာ်းများများဝင်မှဖြစ်မယ်ဆိုတာ သူတို့ရဲ့ခံယူချက်လေ။

ကိုယ်ဟာလည်း ငွေလိုချင်လို့ ခန္ဓာပေးတယ်ဆိုတဲ့ အမျိုးအစားထဲဝင်သွားပြီဆိုရင် မိန်းမကောင်းတစ်ယောက်လို့ ခေါ်နိုင်ပါသေးရဲ့လား။ ကိုယ်နဲ့တွဲနေသူတိုင်းနဲ့ အိပ်တယ်ဆိုရင်လည်း ငွေမရဘဲအအိပ်ခံတဲ့ဘဝမို့ မိန်းမပျက်တွေထက်တောင် ဈေးပေါနေပါသေးတယ်။

ခန္ဓာပေးမှအခဈြ စစ်လို့ အချစ် စမ်းနေတဲ့ ဒီလိုယောကျာ်းတွေနဲ့ပဲ ပတ်သက်နေရတယ်ဆို ကိုယ့်တန်ဖိုး ကိုယ်ပြန်မြှင့်ဖို့ ဒီလိုယောက်ျားတွေနဲ့ မပတ်သက်မိအောင် နေလိုက်ပါ။ ကိုယ့်အရည်အချင်းကို အချစ်ဝတ္ထုတွေမဟုတ်တဲ့ ကိုယ်စိတ်ပါဝင်စားရာ ပညာရေးရသ စာအုပ်တွေကို ဖတ်ရှုလေ့လာပြီး ကိုယ့်တန်ဖိုးကို ကိုယ်မြှင့်တင်လိုက်ပါ။ ငယ်ရွယ်လေ ပညာရှာသင့်လေ ၊ လေ့လာမှုအားကောင်းလေ ဘဝအဆင့်မြင့်နိုင်လေဖြစ်ပါတယ်။

ယောက်ျားတွေနဲ့အိပ်မှ ခေတ်မီတယ်လို့ ဖြစ်နေတဲ့ မိန်းမဈေးကျကျခေတ်ကြီးထဲမှာ ယောကျာ်းတွေနဲ့ လုံးဝမအိပ် ဖူးတဲ့ အပျိုစင်စစ် စစ် ကိုယ့်တန်ဖိုးဟာ ဘယ်လောက်များ တန်ဖိုးကြီးလိုက်သလဲနော်။ ဒီလို ကိုယ့်တန်ဖိုးကိုယ်ထိန်းထားနိုင်တဲ့ အပျိုစင်မိန်းကလေးကို ရတဲ့သူ ကံကောင်းလိုက်လေခြင်း။ ဒါ့အပြင် ဒီမိန်းကလေးဟာ အချစ်စမ်းတဲ့ယောကျာ်းတွေနဲ့ ပတ်သက်မယ့်အစား ပညာရပ်ဆိုင်ရာတွေ လေ့လာလိုက်စားနေသူမို့ ဥာဏ်ပညာမြင့်တဲ့ မိန်းကလေးအဖြစ်နဲ့လည်း ရပ်တည်နေဦးမှာလေ။ ဒီခေတ်ကြီးထဲမှာ ဒီလိုမိန်းကလေးတွေကမှ တန်ဖိုးအမြင့်ဆုံး မိန်းမကောင်းလေးတွေဖြစ်ပါတယ်။